တန်ဖိုးနည်း တိုက်ခန်း ၂ဝဝဝ ကျော်ကို ယခုလ အတွင်း ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
2280 Views

တန်ဖိုးနည်း တိုက်ခန်း ၂ဝဝဝ ကျော်ကို ယခုလ အတွင်း ရောင်းချပေးမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာအခန်း ၂၂ဝဝကျော်ကို ယခုလအတွင်းရောင်းချမည်ဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ကနောင်တန်ဖိုးနည်းအိမ်ရာနှင့်ယုဇနအပိုင်း(၁)တို့မှ တန်ဖိုးနည်းအိမ်ရာစုစုပေါင်း၂၂ဝ၈ခန်းကို ယခုလအတွင်းရောင်းချနိုင်ရန်စီ စဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာများကိုရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပူး ပေါင်း၍ရောင်းချပေးနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး မင်းအောင်အေးက သြဂုတ်၁ရက်နေ့က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။ ''မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလွှဲပေးဖို့ပဲကျန်တော့တယ်။ ရက်တစ်ရာစီမံချက်အတွင်း ရောင်း ချ ပေးနိုင်ဖို့စီစဉ်ထားပေမယ့် မပြီးပြတ်တဲ့အတွက် အခုလအတွင်းအပြီးရောင်း ချပေးနိုင်ဖို့စီစဉ်သွားမယ်''ဟု ၎င်းက ပြောသည်။


အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လှည့်ပတ်ရန်ပုံငွေဖြင့် ဦးစီးဌာနပိုင်မြေများပေါ်တွင် တည် ဆောက်နေခြင်းဖြစ်ပြီး မြေညီထပ်တစ်ခန်းကို ကျပ်သိန်း ၁၂ဝ ဝန်း ကျင်ဖြင့် ရောင်း ချနိုင်ရန်စီစဉ်ထားကြောင်း ကျန်အထပ်များကို ကျပ်သိန်း၁၂ဝအောက် ဈေးများဖြင့် ရောင်းချပေးသွားမည်ဟုသိရသည်။
ယင်းနှင့်ပတ်သက်ပြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး မင်းအောင် အေးက ''ရက် ၁ဝဝ အတွင်းမှာ ဆောက်လုပ်မယ်ဆိုရင်လည်း မပြီး နိုင်တဲ့အတွက် တည်ဆောက်ပြီးစီး ပြီးရောင်းပေးလို့ရနိုင်မယ့် အခန်း တွေကိုစုစည်းပြီး ရောင်းချပေးဖို့ စီစဉ်တာဖြစ်ပါတယ်။ အခုရောင်းတာမှာအိမ်ရာတွေရှိတဲ့နားမှာ ကလေးကစားကွင်းတို့လိုမျိုးတွေလည်း ထည့်သွင်းပေးထားပါတယ်''ဟုပြောသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတိုင်းဒေသကြီး အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်မှု များ ဆောင်ရွက်ပြီးပါက တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ လျှောက်လွှာများ ဝယ်ယူလျှောက်ထားမှုများကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

''တန်ဖိုးနည်းအိမ်ရာလို့ဆိုပေမယ့် သိန်းတစ်ရာ၊ သိန်းတစ်ရာ ကျော်ဆိုတာ အခြေခံလက်လုပ်လက် စားတွေအတွက်ကတော့ တန်ဖိုးနည်းလို့မခေါ်နိုင်ပါဘူး။ သွားလျှောက် ထားမိလို့မဲပေါက်ရင်တောင် ငွေပေး ချေ ဖို့အဆင်မပြေနိုင်လို့ ဒီထက်တန်ဖိုးနည်းအိမ်ရာမျိုးတွေ ဖော်ဆောင် ပေးစေလိုပါတယ်။ ဒါနဲ့အတူအငှား အိမ်ရာလိုမျိုးတွေကိုလည်း အခြေခံလူတန်းစားတွေ နေထိုင်နိုင်ဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ပို မို ဖော်ဆောင်ပေးစေချင်ပါတယ်''တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ် ကွက်တွင်အိမ်ငှားနေထိုင်သူ ဒေါ် သက်ထားကပြောသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးရာတွင်လက် ငင်းငွေပေးချေသည့်စနစ် ရှိသကဲ့ သို့ လေးလအတွင်း လေးရစ်ခွဲကာ အရစ်ကျစနစ်ဖြင့် ရောင်းချသည့် စနစ်ဖြင့်လည်း ရောင်းချမည်ဖြစ်ပြီး တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝကိုကနဦးပေးချေကာ ကျန်ရာ ခိုင်နှုန်း ၇ဝ ကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှချေး ငွေရယူကာ ယင်းဘဏ်သို့အရစ်ကျ ပြန်လည်ပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service