စက်မှုဇုန်အင်္ဂါရပ်နှင့်ညီသည့် ဇုန်သစ်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
991 Views

စက်မှုဇုန်အင်္ဂါရပ်နှင့်ညီသည့် ဇုန်သစ်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဖော်ဆောင်မည်

စက်မှုဇုန်အသစ်များကို ယခင်အစိုးရလက်ထက်များကဲ့ သို့ ကိုယ်ထူကိုယ်ထစနစ်မျိုးမ ဟုတ်ဘဲ စက်မှုဇုန်တစ်ခု၏ အင်္ဂါ ရပ်နှင့်အညီ ဆောင်ရွက်ပေးမည့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဖော်ဆောင်မည်ဟု လက်ရှိအစိုးရလက်ထက် အသစ်ပြန် လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သြဂုတ် ၂ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သော ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

‘‘အလုပ်အကိုင်အခွင့်အ လမ်းတွေ ဖန်းတီးနိုင်ဖို့က စဉ်း စားထားတဲ့ ကြားလုပ်ငန်းစဉ်တွေပါ’’ဟု ဦးအောင်နိုင်ဦးက ပြော သည်။

စက်မှုဇုန်အသစ်များကို တိုင်းဒေသကြီး ပြည်နယ်အစိုးရ တို့နှင့် ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ကာ လိုအပ်သည့် လျှပ်စစ်မီး၊ ရေ၊ လမ်းစနစ်တို့အပြင် ရေဆိုးစွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှုတို့ကို စနစ်တကျပြုလုပ်မည့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စက်မှုဇုန်မျိုးကို အကောင်အ ထည်ဖော်မည်ဟု ဆိုသည်။

စက်မှုဇုန်အသစ်များ အ ကောင်အထည် ဖော်ပြီးလျှင် လည်း ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်မည့်အသက်မွေးဝမ်း ကျောင်းသင်တန်းများကိုလည်း သက်ဆိုင်ရာ စက်မှုဇုန်အသစ်များ တွင် ဖွင့်လှစ်သွားမည်ဟု သိရ သည်။

လက်ရှိအစိုးရသည် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်နိုင်ရန်အတွက် ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှု ဇုန်ကိုလည်း သီလ၀ါအထူးစီးပွားရေးဇုန်ကဲ့သို့ အခြေခံအဆောက် အအုံပိုင်း မြှင့်တင်သွားရန် ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီစဉ်နေသည်။

စက်မှုဇုန်များတွင် အဓိက လိုအပ်ချက်သည် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ဇုန်မြေ များ ၀ယ်ယူပြီး လုပ်ငန်းမလုပ်မှု များ၊ ကျူးကျော်တဲဆောက်လုပ် မှုပြဿနာများသည် လက်ရှိရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ ကြုံတွေ့နေရသော ပြဿနာဖြစ်သည်ဟု ရွှေလင်ဗန်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်း က ပြောသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်သည် စတင်တည်ထောင်စဉ် က ယခင်အစိုးရများက လယ် ကွက်များကို အကွက်ရိုက်ပြီး ရောင်းချပေးသဖြင့် ကိုယ့်အား ကိုယ်ကိုး တည်ထောင်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စက်မှုဇုန်အင်္ဂါရပ် နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့် လုပ်ဆောင်ပေးမည်ဆိုပါက ကြိုဆိုပါကြောင်း စက်မှုဇုန်ဥက္ကဋ္ဌ အချို့က ပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service