အမေရိကန်နိုင်ငံက အိမ်ရာအဆောက်အအုံ အညွှန်းကိန်း - Property News in Myanmar from iMyanmarHouse.com
1071 Views

အမေရိကန်နိုင်ငံက အိမ်ရာအဆောက်အအုံ အညွှန်းကိန်း

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် အိမ်ရာဆောက်လုပ်ရေး အခန်းကဏ္ဍ သည် အလွန်အရေးပါသည်။ တိုင်းပြည် စီးပွားရေးတိုးတက်နေသလား၊ တန့်ရပ်နေ သလား သို့မဟုတ် စီးပွားရေးကျဆင်း တော့မည်လား သိလိုလျှင် အိမ်ရာအဆောက် အအုံ အညွှန်းကိန်းများကို ကြည့်ပြီး ဆန်း စစ်လေ့လာကြစမြဲဖြစ်ပါ၏။

အမေရိကန်ပြည်ထောင်စုတွင် လစဉ် ထုတ်ဝေသော အိမ်ရာအဆောက်အအုံများ နှင့် နှီးနွယ်ဆက်စပ်သည့် အညွှန်းကိန်း များစွာ ရှိသည်။ ယင်းတို့အနက် အိမ်ရာ ဆောက်လုပ်ရန် ခွင့်ပြုသည့်ပါမစ်များနှင့် အိမ်ရာစတင်ဆောက်လုပ်မှု (Housing Starts and Building Permits) အညွှန်းကိန်း နှင့် အိုးအိမ်သစ်ရောင်းချမှု (New Home Sales) အညွှန်းကိန်းတို့မှာ လူသိအတော် များသည်။ ယင်းအညွှန်းကိန်းနှစ်ခုစလုံး ကို Department od commerce ၏ Census Bureau က လစဉ်စာရင်းပြုစုထုတ်ဝေသည်။

ဟုတ်ပါသည်။ အမေရိကန်နိုင်ငံတွင် အိမ်ရာအဆောက်အအုံနှင့်ပတ်သက်သော အညွှန်းကိန်းများမှာ အလွန်ပင်အရေးပါ သည်။ အဘယ်ကြောင့်ဆိုလျှင် အမေရိကန် နိုင်ငံ၌ အိုးအိမ်သစ်များ ဆောက်လုပ်မှု အပြိုင်းအရိုင်းတိုးတက်လာတိုင်း၊ အမေ ရိကန်စီးပွားရေး ထူးထူးခြားခြား မြင့်မား ပွားစည်တိုးတက်လာသောကြောင့် ဖြစ် ၏။ အိုးသစ်အိမ်သစ် ဆောက်လုပ်မှု ထိုင်းမှိုင်းသွားလျှင် အမေရိကန်စီးပွားရေး ကလည်း ကျဆင်းသွားတတ်သည်။ အမေ ရိကန်စီးပွားရေးသမိုင်းတစ်လျှောက်တွင် အိမ်ရာအဆောက်အအုံများ ဆောက်လုပ်မှု တိုးတက်နေစဉ်၌ စီးပွားရေးကျဆင်းမှု တစ်ကြိမ်သာ ကြုံကြိုက်ခဲ့ဖူးသည်။ ယင်းမှာ ၂၀ဝ၁ ခုနှစ်က ဖြစ်၏။ ယင်းသို့သော ဖြစ်ရပ်များက အိမ်ရာအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စီးပွားရေးတိုးတက်မှု တိုက်ရိုက်ဆက်စပ်လျက်ရှိကြောင်း ဖော်ပြ သည်။

အိမ်ရာဆောက်လုပ်သည့်လုပ်ငန်းကို စီးပွားရေးစွမ်းထက်ခြင်း၏ ယုံကြည်စိတ်ချ ရသော ရှေ့တော်ပြေး အညွှန်းကိန်းအဖြစ် ကျွမ်းကျင်သူများက ရှုမြင်ကြသည်။ လူ အများနေထိုင်ရန် အိုးအိမ်ဆောက်လုပ်မှု သည် စီးပွားရေးကျဆင်းစပြုလာချိန်တွင် ကနဦးပိတ်သိမ်းလိုက်ရသည့် ကဏ္ဍများ အနက် တစ်ခုအပါအဝင်ဖြစ်သည်။ စီးပွား ရေးနိုးထဦးမော့လာချိန်၌ စောစီးစွာ အခြေအနေကောင်းလာသည့်လုပ်ငန်းမှာ လည်း ဤအိုးအိမ်ဆောက်လုပ်ရေးကဏ္ဍ ပင်ဖြစ်ပါ၏။
အခြားသော စီးပွားရေးလုပ်ငန်းများ ထက်သာလွန်၍ အိုးအိမ်ဆောက်လုပ်မှုက အဘယ်ကြောင့် ရှေ့တန်းရောက်နေပါသလဲ။ မေးခွန်းထုတ်စရာရှိသည်။ အဖြေမှာ ယင်းလုပ်ငန်းက အတိုးနှုန်းများအပေါ် ထင်ဟပ်တုံ့ပြန်လွယ်သောကြောင့်ဖြစ်၏။ ဆိုးဆိုးရွားရွား ပြဿနာတက်လာသည့် စီးပွားရေးတစ်ခုက အတိုးနှုန်းများကို မြင့်တက်စေသည်။ မြေရာအဆောက်အအုံ ကို အပေါင်ထား၍ ငွေထုတ်ချေးရာ၌ ပေးရသည့် အတိုးနှုန်းများ (mortgage rates) ကလည်း ထောင်တက်လာသည်။ ယင်းသို့ဖြစ်လာလျှင် အိုးအိမ်ဝယ်လိုအား ကျဆင်းသွားသည်။ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များကလည်း အတိုးနှုန်းများ မြင့်တက်နေ သဖြင့် အနာဂတ်အိမ်ရာဆောက်လုပ်ရေး အတွက် ဘဏ်များမှ ငွေချေးယူမှုကို ရပ်ဆိုင်းပစ်လိုက်ကြသည်။

ယင်းဖြစ်ရပ်နှင့် ပြောင်းပြန်ပြောရ လျှင် အပေါင်ထားအတိုးနှုန်းများ ကျွမ်းထိုး မှောက်ခုံ ကျဆင်းသွားသည့်အခါ၊ အိမ် ဈေးနှုန်းများလည်း ကျဆင်းသွားသည်။ ဤသည်မှာ စီးပွားရေးအားပျော့နေသည့် ကာလများတွင် ကြုံတွေ့ရတတ်သည့်ဖြစ်ရပ် ဖြစ်သည်။ အိမ်ဈေးနှုန်းများ ကျဆင်းလာ သဖြင့် လူအများအိမ်ဝယ်ရန် စိတ်ဝင်စား လာကြသည်။
အိမ်အဝယ်လိုက်လာသည်။ ဆောက်လုပ်ရေး သမားများသည် သူ့ထက် ငါ အပြေးအလွှားဘဏ်များသို့ သွားရောက် ပြီး ဆောက်လုပ်ရေးချေးငွေများ (construction loans) ရယူကြသည်။ ဤသည်မှာ ပြန်လည် ပွင့်လန်းလာတော့မည့် စီးပွားရေးအရုဏ် ကျင်းချိန်ဖြစ်ပါ၏။

နောက်အချက်တစ်ချက်မှာ အိုးအိမ် ဆောက်လုပ်ရေးလုပ်ငန်းများသည် အခြား သော စီးပွားရေးလုပ်ငန်းများအပေါ်၌ ဩဇာလွှမ်းမိုးနိုင်ခြင်းဖြစ်သည်။ ယင်းမှာ အခြားသောလုပ်ငန်းတစ်သီတစ်တန်းအပေါ် အဆင့်ဆင့်သက်ရောက်မှုရှိခြင်းဖြစ်သည်။ "Multiplier effects" ဟုခေါ်၏။ လူအများ အတွက် အိမ်ရာဆောက်လုပ်မှုလုပ်ငန်း အလွန်အမင်း တိုးတက်စည်ပင်လာခဲ့လျှင် အခြားသော စီးပွားရေးလုပ်ငန်းများက လည်း အကျိုးအမြတ်ခံစားလာကြရသည်။ ပမာအားဖြင့် သံမဏိ၊ သစ်၊ လျှပ်စစ်ဓာတ် အား၊ ဖန်ထည်မှန်ထည်၊ ပလတ်စတစ်၊ လျှပ်စစ်ကြိုးသွယ်တန်း တပ်ဆင်မှု၊ ပိုက်၊ ကွန်ကရစ် စသည့်လုပ်ငန်းများတွင် ဝယ် လိုအားမြင့်တက်လာသည်။

ထို့ပြင် ပန်းရန်သမားများ၊ လက်သမား များနှင့် လျှပ်စစ်ကျွမ်းကျင်လုပ်သား (မီး သမား)များကဲ့သို့သော ကျွမ်းကျင်ဆောက် လုပ်ရေးလုပ်သားများ လိုအပ်မှုကလည်း မြင့်တက်လာသည်။ အမေရိကန်နိုင်ငံတွင် မိသားစုတစ်စု နေထိုင်နိုင်သည့် အိုးအိမ် ၁၀ဝ၀ ဆောက်လုပ်တိုင်း၊ အချိန်ပြည့်လုပ် သား ၂၅၀ဝ ခန့် အလုပ်အကိုင်ရရှိကြ ပြီး၊ လုပ်ခအဖြစ် အမေရိကန်ဒေါ်လာသန်း ၁၀ဝ နီးပါး လက်ထဲဆုပ်ကိုင်နိုင်ကြသည်။ အိုးအိမ်ဆောက်လုပ်ရေးလုပ်ငန်းသည် ဂျီဒီပီတွင် ၅ ရာခိုင်နှုန်းခန့် ပါဝင်သည်ဟု ဆိုသော်လည်း အမှန်တကယ်၌ တက်ြွက သော အိုးအိမ်ရောင်းချမှု ဈေးကွက်က ပရိဘောဂ၊ ကော်ဇော၊ အိမ်သုံး အီလက်ထရွန် နစ်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဝယ်ယူမှုကိုလည်း မြင့်တက်စေသည်။ သို့ဖြစ်၍ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း ကို "ဖန်တီးနိုင်စွမ်းမြင့်မားသည့် စီးပွား ရေးလုပ်ငန်း" (Swing industry) အဖြစ် အသိအမှတ်ပြုကြသည်။

အိမ်ရာစတင်ဆောက်လုပ်ခြင်း အညွှန်း ကိန်း

ဤအညွှန်းကိန်းတွင် လွန်ခဲ့သောလ အတွင်း လူနေအိမ်များအတွက် စတင် အုတ်မြစ်ချမှုသစ်များကို စုစည်းဖော်ပြ သည်။ အိမ်ရာဆောက်လုပ်မှုကို အမျိုး အစား သုံးမျိုးခွဲကာ ပြုစုသည်။ တစ်မျိုး မှာ မိသားစုတစ်စုနေထိုင်နိုင်သည့် အိမ် များ ဆောက်လုပ်ခြင်းသည် စုစုပေါင်း အိမ်ရာဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းရှိ သည်။ နောက်တစ်မျိုးမှာ အခန်းနှစ်ခန်း မှ လေးခန်းအထိ ပါဝင်သော အိမ်များ ဆောက်လုပ်ခြင်းဖြစ်သည်။ ယင်းမှာ အများအားဖြင့် သီးသန့်လုံးချင်းအိမ်များ သို့မဟုတ် ကွန်ဒိုအိမ်ငယ်များဖြစ်၏။ ဤ ဆောက်လုပ်မှုမှာ ဈေးကွက်၏ ၅ ရာခိုင် နှုန်းကျော်ခန့်ရှိသည်။ နောက်ဆုံးတစ်မျိုး မှာ အခန်းငါးခန်းနှင့် ယင်း၏ အထက် အိမ်ရာဆောက်လုပ်မှုဖြစ်သည်။ ယင်းမှာ အခန်းတွဲ အိမ်ရာများဖြစ်ပြီး၊ စတင်ဆောက် လုပ်သည့် အိမ်ရာများအားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။ အဆင့်မြင့်တိုက် တစ်တိုက်ရှိ အခန်းတစ်ခန်းစီကို စတင် ဆောက် လုပ်မှုတစ်ခုအဖြစ် သတ်မှတ်သည်။ ၅၀ ယူနစ်တိုက်တစ်တိုက် ဆောက်လုပ်မှုကို အစိုးရက စတင်ဆောက်လုပ်သည့်အိမ်ရာ ၅၀ အဖြစ် စာရင်းတွင်ဖော်ပြသည်။

အိမ်ရာဆောက်လုပ်ရန် ခွင့်ပြုပါမစ် အညွှန်းကိန်း

အိုးအိမ်သစ်များ ဆောက်လုပ်ရန် စီမံချက်ရေးဆွဲထားကြသော ဆောက်လုပ် ရေးသမားများသည် ဆောက်လုပ်ခွင့်ပါမစ် အတွက် ကြိုတင်လျှောက်ထားကြရသည်။ အမေရိကန်နိုင်ငံ၏ ဒေသနယ်ပယ် ၉၅ ရာခိုင်နှုန်းတွင် အိမ်ရာဆောက်လုပ်လိုသူ များသည် ကနဦးမြေကို မတူးဆွမီ ပါမစ် ရယူရန်လိုသည်။ ပါမစ်ချပေးမှုများကို ခြေရာကောက်ခြင်းအားဖြင့် အနာဂတ် ဆောက်လုပ်ရေးများ ဘယ်နေရာ ဘယ် ဒေသတွင် အရေအတွက် ဘယ်လောက်ရှိ နိုင်သည်ကို တွက်ချက်ကြည့်နိုင်ပေသည်။

အိုးအိမ်သစ်ရောင်းချမှု အညွှန်းကိန်း

ဤအညွှန်းကိန်းကို အနာဂတ်စီးပွား ရေးအလားအလာဖော်ပြသည့် အကောင်း ဆုံးအညွှန်းကိန်းအဖြစ် ရှုမြင်ကြသည်။ လောလောလတ်လတ် ဆောက်လုပ်ပြီး အိမ်သစ်ရောင်းချမှုကို မှတ်တမ်းပြုရာတွင် ကနဦး အရောင်းအဝယ် စာချုပ်ချုပ်ဆို ပြီးတော့မှသာ စာရင်းရေးသွင်းသည်။ စာချုပ်ချုပ်ဆိုပြီးနောက် အရောင်းအဝယ် ပျက်သွားနိုင်သော်လည်း ယင်းသို့သော ဖြစ်ရပ်မှာ အလွန်နည်းပါးသည်။ မည်သို့ ဆိုစေ၊ စီးပွားရေးအပေါ် ဤအညွှန်းကိန်း ၏ သက်ရောက်မှုမှာ အလွန်ကြီးမားသည်။

အိုးအိမ်သစ်ရောင်းချရမှု မြင့်တက် လာလျှင် အိမ်ရာဆောက်လုပ်ရေးနယ် ပယ်၌ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်၊ ငွေကြေးသုံးစွဲမှုနှင့် ထုတ်လုပ်မှုများ တိုး တက် လာ သည်။
ဆောက်လုပ်ရေးသမားများ သည် ဘဏ်များမှ ဆောက်လုပ်ရေးချေးငွေ များရယူလာကြသည်။ ဆောက်လုပ်ရေးနှင့် ဆက်စပ်သော လုပ်ငန်းများတွင်လည်း ရောင်းအားမြင့်တက်လာသည်။ ဆောက် လုပ်ရေးကျွမ်းကျင်လုပ်သားများ ငှားရမ်း သုံးစွဲမှု မြင့်တက်လာသည်။

အိမ်သစ်များတွင် ခေတ်ပေါ်ပစ္စည်း များ တပ်ဆင်အသုံးပြုကြသဖြင့်၊ အိမ်သစ် များ ရောင်းချရာတွင်၊ အိမ်ဟောင်းများ ထက်ဈေးနှုန်းကြီးမြင့်သည်။ အိမ်တစ်အိမ် ဝယ်ယူခြင်းသည် မိသားစုတစ်စုအနေဖြင့် ကြီးမားသော အသုံးစရိတ်တစ်ရပ်ကို သုံးစွဲလိုက်ခြင်းဖြစ်၏။ အိမ်ဝယ်ယူသူများ အနေဖြင့် ၎င်းတို့၏ ဝင်ငွေ၊ ၎င်းတို့၏ အလုပ်အကိုင် လုံခြုံစိတ်ချရမှုနှင့် ၎င်းးတို့ ၏ စီးပွားရေးအလားအလာ မကောင်းဘူး ဆိုလျှင် အိမ်ဝယ်ယူကြမည် မဟုတ်ပေ။ သို့ဖြစ်၍ အိမ်အဝယ်လိုက်မှုသည် ယေဘု ယျအားဖြင့် တိုင်းပြည်စီးပွားရေးကောင်း မွန်လာမှုကို ဖော်ညွှန်းပေသည်။

အမေရိကန်နိုင်ငံတွင် အိမ်ဝယ်ယူ သူများသည် အများအားဖြင့် မိမိဝယ်ယူမည့် အိမ်ကို ဘဏ်၌ အပေါင်ထားပြီး ဘဏ်ချေး ငွေဖြင့် အိမ်ဝယ်ယူကြသည်။ ချေးငွေ အတွက် ဘဏ်ကို လစဉ် သို့မဟုတ် အပတ်စဉ် ငွေပြန်လည်ပေးဆပ်ကြရသည်။ ဘဏ်ချေးငွေမှာ နှစ်ရှည်ချေးငွေဖြစ်သည်။ လူတစ်ယောက်အနေဖြင့် အိမ်ကိုလက်ငင်း ငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်သော်လည်း အများအားဖြင့် ယင်းသို့ ဝယ်ယူခြင်းမရှိပေ။ အကြောင်းရှိသည်။
အစိုးရအနေဖြင့် အိမ်ရာဝယ်ယူသူများအား တစ်စိတ်တစ် ပိုင်း ထောက်ကူပေးသည့် အစီအစဉ်တစ်ရပ် ရှိသည်။ ယင်းမှာ အခြားမဟုတ်။ ဘဏ် ချေးငွေဖြင့် အိမ်ဝယ်ယူသူအား သူ့အနေ ဖြင့် ပေးခဲ့ရသည့် ဘဏ်အတိုးငွေကို ၎င်း၏ ဝင်ငွေခွန်စာရင်းတွင် နုတ်ခွင့်ပေး ခြင်းဖြစ်သည်။ အကယ်၍ မပေးဘူးဆို လျှင် အိမ်ဝယ်ယူသူများ အတော်ပင် နည်းပါးသွားနိုင်ပေသည်။ အမေရိကန်နိုင်ငံ မှ ဘီလီယံကြွယ်သူဌေးကြီးများပင်လျှင် ဤအစီအစဉ်ဖြင့် အိမ်များ ဝယ်ယူကြပါ၏။

ထိုနည်းအတူပင် တိုက်ခန်းအိမ်ရာ များ (apertment buildings)ဆောက်လုပ်ကြ သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို လည်း အစိုးရက အခွန်သက်သာခွင့် (tax breakု) တော်တော်များများပေးသည်။ အကယ်၍ အစိုးရက ယင်းသို့ အခွန်သက် သာခွင့်မပေးခဲ့လျှင် အဆိုပါလုပ်ငန်းရှင်များ အနေဖြင့် ရပ်တည်နိုင်စွမ်းရှိရန် မလွယ်ကူ လှပေ။

တစ်လအတွင်း ရောင်းချပြီး အိမ်သစ် များနှင့် ရောင်းရန်ရှိ အိမ်သစ်များ၏ အညွှန်းကိန်းများကို အမေရိကန်နိုင်ငံ၏ ပထဝီဝင်အနေအထားအရ ortheast , Midwest , South နှင့် West ဟူ၍ ဒေသလေးခု ခွဲခြားထုတ်ပြန်သည်။ သို့ဖြစ်၍ ယင်းအညွှန်း ကိန်းများကို ကြည့်ပြီး အမေရိကန်ပြည် တွင်း မည်သည့်ဒေသ၌ စီးပွားရေးကောင်း သည် မကောင်းသည်ကို ခွဲခွဲခြားခြား သိမြင်နိုင်ပေသည်။ ရောင်းရန်ရှိ အိမ်ရာ များ စာရင်းကို ဖော်ပြရာတွင်လည်း အိမ် တန်ဖိုးအလိုက် ဒေါ်လာ ၁၀ဝçဝ၀ဝ အောက်မှနေ၍ ဒေါ်လာ ၃၀ဝçဝ၀ဝ နှင့် အထက်အထိ ခွဲခြားဖော်ပြသည်။

အိမ်ရာပါမစ်ခွင့်ပြုမှု၊ စတင်ဆောက် လုပ်မှုနှင့် အိမ်သစ်များ ရောင်းချရမှု အညွှန်းကိန်းများတွင် အတက်အကျသည် အမေရိကန်ပြည်တွင်းမှ ဘွန်း (bond)၊ စတော့နှင့် ဒေါ်လာဈေးကွက်များအထိ ရိုက်ခတ်မှုရှိသည်။ ယင်းနှင့် ဆက်နွယ် လျက် အခြားသော ဂလိုဘယ်ဈေးကွက် များကိုလည်း သက်ရောက်မှု ရှိပေသည်။
အကျယ်တဝင့် ထဲထဲဝင်ဝင် သိရှိလို သူများအနေဖြင့် www.census.gov ဝက်ဘ် ဆိုက်တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင် ပါ၏။

မင်းရွှေမောင် မှ iMyanmarHouse.com အတွက် အထူးရေးဆွဲဖော်ပြသည်။
Credit: iMyanmarHouse.com
အမေရိကန်နိုင်ငံက အိမ်ရာအဆောက်အအုံ အညွှန်းကိန်း - Property News in Myanmar from iMyanmarHouse.com
အမေရိကန်နိုင်ငံက အိမ်ရာအဆောက်အအုံ အညွှန်းကိန်း - Property News in Myanmar from iMyanmarHouse.com
အမေရိကန်နိုင်ငံက အိမ်ရာအဆောက်အအုံ အညွှန်းကိန်း - Property News in Myanmar from iMyanmarHouse.com
အမေရိကန်နိုင်ငံက အိမ်ရာအဆောက်အအုံ အညွှန်းကိန်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service