အသက်ငင်လာသော စီမံကိန်းအနီးမှ မြေဈေးကွက်များ - Property News in Myanmar from iMyanmarHouse.com
10101 Views

အသက်ငင်လာသော စီမံကိန်းအနီးမှ မြေဈေးကွက်များ

အိမ်ခြံမြေ အရောင်းအဝယ် အေးစက်လာသည်။တစ်နည်းဆိုရသော် အိမ်ခြံမြေဈေးကွက်ပျက်လုနီးအထိ ဖြစ်လာသည်။ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းသည် အိမ် ခြံ မြေဈေးကွက် အဓိက ဖြစ်ထွန်းရာဒေသများဖြစ်သည်။

အိမ် ခြံ မြေ မကြာခဏ ဈေးကွက်အေးစက်ခဲ့ဖူးသည်။သို့သော် ပျက်လုနီးသည်အထိ မဖြစ်ခဲ့။အိမ် ခြံ မြေ ဈေး မည်မျှပင် အေးစက်နေစေကာမူ စီမံကိန်းအသံကြားသည့်နေရာများမှာမူ အမြဲလှုပ်ခတ်လေ့ရှိသည်။သို့သော်ယင်းအခြေအနေသည် ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် နောက်ဆုံးဖြစ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၂၀၁၅ နှစ်လယ်မှ စကာ စီမံကိန်းပရောဂျက်များသည် အိမ် ခြံ မြေ ဈေးကွက်အပေါ် ဆွဲဆောင်နိုင်စွမ်းအားလျော့လာခြင်းကြောင့်ဖြစ်သည်။အဘယ်ကြောင့် ဆွဲဆောင်မှုအားလျော့ကျသွားသနည်း...။ အိမ် ခြံ မြေ လောက အတွင်းလုပ်ကိုင်နေသော အကျိုးဆောင်ကြီးများမှ ဤသို့သုံးသပ်ခဲ့ကြသည်။

"စီမံကိန်းတွေရှိပေမယ့် အိမ်ခြံမြေ က အရင်လိုလှုပ်မလာတော့ဘူး။ဘာကြောင့်လဲဆိုရင် အဓိကကတော့ မယုံလို့။ယုံရင် ဝယ်ကြမှာ။ဒါပေမယ့် ခနခန စီမံကိန်းပျက်ပြယ်မှုတွေ ၊ အမှန်တငယ်မလုပ်ဆောင်ဖြစ်တာတွေကြောင့် စီမံကိန်းတွေက အရင်လိုအလုပ်မဖြစ်တော့တာ"ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ အကျိုးဆောင်အသင်းမှ အဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။

အမှန်တကယ်တွင်လည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း တည်ဆောက်မည်ဟု သတင်းပြေးနေသော် သန်လျင်တံတားစီမံကိန်းမြေနေရာများမှာ ယခင်အခြေအနေနှင့်နှိုင်းယှဉ်ပါက ဈေးကွက်မဖြစ်ထွန်းသည်ကို တွေ့ရသည်။""ခုကတော့ အမြင်အတိုင်းပဲလေ။အဝယ်မှ မလာတာ။နောက်ပြီး ဈေးတွေကလည်း တက်ဖို့ နေနေသာသာ အကျဘက်ကိုဦးတည်နေတယ်။တံတားစီမံကိန်း တကယ်မဖြစ်သေးလို့လားတော့ မပြောတတ်ဘူး။ခုကတော့ ဘာမှကိုမထူးတာ။ဟို အရင်ခေတ်ကတော့ စီမံကိန်းဟေ့ အသံကြားရင် အရမ်းအဝယ်လိုက်တယ်။"ဟု သန်လျင်အခြေစိုက် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူကပြောပြသည်။

စီမံကိန်းများ ဈေးကွက်ဖြစ်တန်ချေအားနည်းသွားရခြင်းမှာ ယခင်အစိုးရလက်ထက် ရန်ကုန်မြို့သစ်စီမံကိန်းတွင် အထိနာသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်းအချို့မှ သုံးသပ်သည်။"လူတွေက နပ်သွားပြီ။တစ်နည်းပြေရရင် လည်သွားပြီ။အရင်လိုမဟုတ်ကြတော့ဘူး။ဥပမာ - ဒလ တံတားစီမံကိန်းဆိုလည်းကြည့် ကြည့်လိုက်။
ဆောက်တော့မယ်၊ဆောက်တော့မယ် နဲ့ နောက် MOU ထိုးပြီးသွားတယ်သာဆိုတယ်။အခုထိ မဆောက်ဖြစ်လိုက်ဘူး။အဲဒီလို ဟာတွေဖြစ်နေတော့ ငွေကြေးရင်းနှီးမြုပ်နှံသူတွေကလည်း တက်ဈေးမှာ ပိုက်မိတယ်။ပြန်ရောင်းဖို့ကြတော့လည်း မြတ်ဖို့အသာထား။တော်ရုံ အရှုံးခံပြီးရောင်းရင်တောင် ဝယ်သူမရှိတော့ ဘာမှ လုပ်မရဘူး။ဒီလိုတ်ေဖြစ်လာတာကြာတော့ ဝယ်ယူရင်းနှီးမြုပ်နှံယမယ့်လူတွေက ကြောက်ာတယ်။နပ်လာတယ်။
ရန်ကုန် ကြည့်မြင်တိုင် တစ်ဖက်ကမ်း မြို့သစ်စီမံကိန်းဆိုလည်း ဈေးတွေခေါင်ခိုက်သွားတယ်။ပြီးတော့ ဘာမှမလုပ်ဖြစ်ဘူးဆိုတော့ သွားရောလေ။အဲဒီတော့ မယုံကြတော့ဘူး။မယုံတော့ စီမံကိန်းဆိုတာက အရင်လို အိမ် ခြံ မြေ ဈေးကွက်အတွက် စိတ်ဝင်စားစရာ သိပ်မကောင်းတော့ဘူး"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှုးဖြစ်သူ ဦးသန်းဦးမှပြောပြခဲ့သည်။

အမှန်တကယ်ပင် စီမံကိန်း အခြေပြု ရင်နှီးမြုပ်နှံမှုမှာ အသက်ငင်သည့်အခြေအနေတစ်ရပ်အထိ လက်ရှိရှိလာပြီဖြစ်သည်။"အဓိက က အရှုံးဘဲ။ခု ကျွန်နော်တို့ ဒလမှာ တံတားလာထိုးမယ်ဆိုလို့ လာဝယ်တဲ့သူတွေ ခနခန ပဲ။ ဘာကြောင့်လဲဆိုတော့ သုံးကြိမ်တောင် အသံတွေထွက်ခဲ့တာလေ။ကမာကဆစ် ဘက်က ဈေးတွေဆို အရင်က ငါးသိန်း ဆယ်သိန်း မြေတွေက အဲဒီတုန်းကဆိုရင် သိန်း သုံးထောင် လေးထောင် ဈေးခေါ်ကြတယ်။
ဝယ်ကြတာဘဲ။ဒီ ရာဇာဓိရာဇ် ဘက်တွေတောင် သိန်း တစ်ထောင်ဝန်းကျင်ဈေးခေါ်တယ်။ပြီးတော့ တံတားစီမံကိန်းဧရိယာထဲ ပါလို့ဆိုပြီးရှုံးကြတယ်။နောက်ပြီး အခုတော့ လာမဆောက်တော့ ဈေးကွက်ပါပျင်သွားရော" ဟု ဒလအခြေစိုက် ရွှေဝါမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ MD ဖြစ်သူကပြောပြသည်။

အိမ် ခြံ မြေ ဈေးကွက်အေးစက်လာခဲ့မှုသည် ၂၀၁၅ နှစ်စမှ စတင်ခဲသော်လည်း ယနေ့အချိန်အထိ ပြန်လည် ဦးမော့လာနိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသည်။ထို့ပြင် ရင်းနှီးမြုပ်နှံသူများ မကြာခဏ အရှုံးကြုံတွေ့လာကြခြင်းကြောင့် စီမံကိန်းများနှင့်အနီးတစ်ဝိုက် မြေကွက်များပင်လျှင် အသက်ငင်လာကြောင်းတင်ပြရေးသားလိုက်ရပါသည်။


မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service