အထပ်မြင့်များ ဒုတိယအသုတ် စစ်ဆေးမှု ရက်ပိုင်းအတွင်း ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
994 Views

အထပ်မြင့်များ ဒုတိယအသုတ် စစ်ဆေးမှု ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

ဒုတိယအကြိမ်စစ်ဆေး မှုပြုလုပ်ခဲ့သည့် ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံ ၂၇ လုံးနှင့် ပတ်သက်၍ ရက်ပိုင်းအ တွင်း အဖြေသိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ဆောက် လုပ်နေသည့် အဆောက်အအုံ များကို မြို့ပြအင်္ဂါရပ်နှင့်ညီညွတ် မှုရှိ၊ မရှိ စစ်ဆေးနေရာ ပထမ အကြိမ်တွင် အဆောက်အအုံ ၆၄ လုံးအား စစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်သည့်အဆောက်အအုံ ၁၂ လုံးကို ညွှန်ကြားခဲ့ပြီး နောက်ထပ် အဆောက်အအုံများ ဆက်လက် စစ်ဆေးနေခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ကော်မတီက နောက်တစ်ကြိမ်တင်လိုက်တဲ့အ ဆောက်အအုံ ၂၇ လုံးနဲ့ပတ်သက် လို့ ပြီးခဲ့တဲ့တစ်ပတ်က တိုင်းဒေသ ကြီးအစည်းအဝေးမှာ ဆုံးဖြတ်ပြီး သွားပါပြီ။ ဘယ်လိုဆုံးဖြတ်လဲဆို တာ စည်ပင်က ညွှန်ကြားချက် ထွက်လာမှ သိရမယ်။ ကျွန်တော် တို့တောင် မသိရဘူး။ စည်ပင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ် ဦးချင်းစီကို ရက်ပိုင်းအတွင်း ညွှန် ကြားလိမ့်မယ်’’ ဟု ရန်ကုန်မြို့ တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှု စိစစ်ရေးကော်မတီ ကော်မတီဝင် ဦးရဲမင်းဦးက ပြောသည်။

ထပ်မံစစ်ဆေးပြီးသော အ ထပ်မြင့်အဆောက်အအုံစီမံကိန်း အများစုသည် လုပ်ငန်းမစတင်ရ သေးသဖြင့် ပြင်ဆင်မှုပြုလုပ်ရာ တွင် ပထမအကြိမ်ကဲ့သို့ ကုန်ကျ မှုမများနိုင်တော့ကြောင်း ဦးရဲမင်း ဦးက ပြောသည်။

‘‘ဒီတစ်ပတ်ထဲမှာ အလုံး ၅၀ကို ဆုံးဖြတ်သွားမယ်လို့ ကြားနေ တယ်။ အခုထိတော့ ဒုတိယအ သုတ်ဘယ်သူတွေထပ်ပြီး အရေး ယူခံ၊ ညွှန်ကြားခံရတယ်လို့တော့ မကြားဘူး’’ဟု MKT ဆောက်လုပ် ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မ တီသည် ယခင်အစိုးရလက်ထက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ခွင့်ပြု ခဲ့သော ၁၃ ထပ်နှင့် အထက်အ ထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးကို ပြန်လည်စစ်ဆေးရန် မေလ ၂၀ ရက်၌ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်၍ လုပ်ငန်းများ ရပ်ဆိုင်းစေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဆောက်အအုံ ၁၈၅ လုံးထဲမှ ဆောက်လုပ်မှုစီမံ ကိန်းပြီးစီးလုနီးပါးရှိနေသည့် ၆၄ လုံးကို ဦးစားပေးအဖြစ် စတင် စစ်ဆေးခဲ့ရာ ပြင်ဆင်ရန် လိုအပ်သည့် ၁၂ လုံးကို တစ်လုံးချင်းအ လိုက် ပြင်ဆင်ရန် ညွှန်ကြားပြီး ကျန်အဆောက်အအုံများကို ဆက်လက် ဆောက်လုပ်ခွင့်ပြုခဲ့သည်။

ပထမအကြိမ် စစ်ဆေးမှု၌ ပြင်ဆင်ရန် ညွှန်ကြားခံရသည့် အဆောက်အအုံ အချို့သည် အထပ်အရေအတွက် ထက်ဝက်ခန့် လျှော့ချခံရသည့်အဆောက်အအုံ များလည်း ပါဝင်နေခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ပြောကြားသည်။

ယခင်အစိုးရလက်ထက်က ခွင့်ပြုထားသည့် အချက်များနှင့် ကိုက်ညီစွာ ဆောက်လုပ်ထားကြ သော်လည်း အစိုးရသစ်လက် ထက်တွင် မူဝါဒအသစ်ဖြင့် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ခိုင်းခြင်း ကြောင့် ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့ သည်ဆိုကာ ဝေဖန်ခဲ့ကြသည်။

ပထမအကြိမ် စစ်ဆေးမှု တွင် ပါဝင်ခဲ့ပြီး ပြန်လည်ပြင်ဆင် ရန် ညွှန်ကြားခံရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က အရေးယူခံရခြင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် လက်မခံနိုင် ကြောင်းဇူလိုင် ၂၁ ရက်က နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service