မန္တလေးတွင် တည်ဆောက်နေသည့် ကုန်းဘောင်ပြတိုက်စီမံကိန်းကို ရပ်ဆိုင်းပြီး အခြားစီမံကိန်း ပြောင်းလဲမည် - Property News in Myanmar from iMyanmarHouse.com
928 Views

မန္တလေးတွင် တည်ဆောက်နေသည့် ကုန်းဘောင်ပြတိုက်စီမံကိန်းကို ရပ်ဆိုင်းပြီး အခြားစီမံကိန်း ပြောင်းလဲမည်

မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်တွင် မန္တလေးကုန်း ဘောင်ပြတိုက် စီမံကိန်းတည် ဆောက်မှုကို ရပ်ဆိုင်းပြီးမြို့လူထုအတွက် ပိုမိုအကျိုးရှိစေမည့် အခြားစီမံကိန်းတစ်ခု ပြောင်းလဲလုပ်ကိုင် မည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ကုန်းဘောင်ပြတိုက်ဟူသည့် အမည်ကို ကြိုက်နှစ်သက်ခြင်းမရှိ သကဲ့သို့ ပြတိုက်အတွင်းထားရှိရန် ပစ္စည်းမရှိသဖြင့် ပြတိုက်အစား အခြားစီမံကိန်းတစ်ခု ပြောင်းလဲ လုပ်ကိုင်ရန် ကုမ္ပဏီတာဝန်ရှိသူ များနှင့် ညှိနှိုင်းထားသည်ဟု မြို့တော်ဝန်က ပြောသည်။

‘‘နေရာကတော်တော် ကောင်းနေတယ်။ ပြတိုက်မဟုတ် ဘဲ မန္တလေးမြို့အတွက် အကျိုးရှိ မယ့် တခြားလုပ်ငန်းတစ်ခုလုပ်ဖို့ ရှိပါတယ်’’ဟု ဒေါက်တာရဲလွင်က ပြောသည်။

ချမ်းမြသာစည်မြို့နယ် မြို့ သစ်(၂)ရပ်ကွက်၊ ၇၃ လမ်းအ နောက်ဘက်ခြမ်းရှိ မြေဧရိယာ ၁၁ ဒသမ ၇၅ ဧကပေါ်တွင် မန္တလေးကုန်းဘောင်ပြတိုက် တည်ဆောက်ရန် ချမ်းဟိန်းကုမ္ပဏီကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်၌ စည်ပင်သာယာက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ကုန်းဘောင်ပြတိုက်ကို မြေငါးဧကကျော်ပေါ်တွင် တည် ဆောက်မည်ဖြစ်ပြီး ကျန်ရှိသည့် မြေနေရာများကို ကုမ္ပဏီက ဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ဟိုတယ် နှင့် ရုံးအဆောက်အအုံများ တည် ဆောက်ရန် စီစဉ်ခဲ့ကာ လက်ရှိတွင်မြို့တော်ဝန်နှင့် ညှိနှိုင်းပြီးအခြား စီမံကိန်းများ ပြောင်းလဲလုပ်ကိုင် မည်ဟု ချမ်းဟိန်းကုမ္ပဏီ တာဝန် ရှိသူတစ်ဦးကပြောသည်။

‘‘ကုန်းဘောင်ပြတိုက် စီမံ ကိန်းရပ်လိုက်မယ်ပေါ့။ မြေဧရိ ယာကတော့ အရင်အတိုင်းပဲ။ အဆောက်အအုံတွေကတော့ ပြောင်းသွားမှာပေါ့’’ဟု ချမ်းဟိန်း ကုမ္ပဏီပြန်ကြားရေးနှင့် မှတ်တမ်း ဌာန တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ကုန်းဘောင်ပြတိုက်စီမံကိန်း ရပ်နားရမည်ဖြစ်သော်လည်း စီမံ ကိန်းမြေနေရာကို ၎င်းတို့ကုမ္ပ ဏီကပင် ဆက်လက်လုပ်ကိုင်ခွင့် ရပြီး ပြတိုက်အဆောက်အအုံအစားတိုက်ခန်း၊ အိမ်ရာစသည်ဖြင့် ပြောင်းလဲတည်ဆောက်ဖွယ်ရှိ သည်ဟု ၎င်းကဆိုသည်။ စီမံကိန်း ပြောင်းလဲမည်ဖြစ်၍ စာချုပ်ပြင်ဆင်ချုပ်ဆိုမည်ဟု စည်ပင်သာယာနှင့် ကုမ္ပဏီတာဝန်ရှိသူ များက ပြောကြားသည်။

စည်ပင်သာယာအနေဖြင့် မြို့လူထုအတွက် အကျိုးများစွာမရှိနိုင်သည့် စီမံကိန်းများ ရပ်ဆိုင်း စေခြင်းနှင့် မြို့လူထုအတွက် ပိုမို အကျိုးရှိစေမည့် စီမံကိန်းများအ ဖြစ် ပြောင်းလဲလုပ်ကိုင်စေခြင်းများကို ကော်မတီ၏ ဆုံးဖြတ်ချက် ဖြင့် လုပ်ဆောင်မည်ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service