မြေကွက်ဝယ်ယူထားသူများ အခြေခံအဆောက်အအုံ ဆောက်လုပ်ရန် ဇေကမ္ဘာကုမ္ပဏီထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
2200 Views

မြေကွက်ဝယ်ယူထားသူများ အခြေခံအဆောက်အအုံ ဆောက်လုပ်ရန် ဇေကမ္ဘာကုမ္ပဏီထုတ်ပြန်

ရန်ကုန်စက်မှုဇုန်အပိုင်း သုံးခုတွင် မြေကွက်ဝယ်ယူထားသူ များ အခြေခံအဆောက်အအုံကို ရာနှုန်းပြည့်ဆောက်လုပ်ရန်နှင့် မဆောက်လုပ်ပါက စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်မည်ဟု ဇေကမ္ဘာကုမ္ပဏီက ထုတ်ပြန်သည်။

အဆိုပါစက်မှုဇုန်အတွင်း မြေကွက်ဝယ်ယူထားသည့် ကုမ္ပ ဏီများသည် ဇေကမ္ဘာကုမ္ပဏီနှင့် ၀ယ်ယူစဉ်က အဆောက်အအုံ များ အမြန်ဆောက်လုပ်၍ စက်မှု ဇုန်အကောင်အထည်ဖော်ရန် စာ ချုပ်ချုပ်ထားပြီး မဆောက်လုပ်သော လုပ်ငန်းရှင်များကျန်နေခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု ဇေကမ္ဘာကုမ္ပဏီက ဆိုသည်။

‘‘အဓိကကုမ္ပဏီဘက်က လုပ်သင့်တာလုပ်ဖို့ သတိပေးတာပါ။ ဆောက်နေကြတာရှိပေမယ့် ကြို ကြားမဆောက်သေးတာကျန် သေးလို့ သတိပေးချက်ထုတ်တာ ပါ’’ဟု အဆိုပါဇေကမ္ဘာကုမ္ပဏီ၏ ဈေးကွက်မြှင့်တင်ရေးမန်နေဂျာ က ဆိုသည်။

ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်များအတိုင်း ဆက်လက် လုပ်ဆောင်မည်ဟု ဇေကမ္ဘာကုမ္ပ ဏီက ဆိုထားသော်လည်း အသေး စိတ်မည်သို့ လုပ်ကိုင်မည်ကို ပြော ဆိုခြင်းမရှိပေ။

စက်မှုဇုန်များတွင် လုပ်ငန်း မလုပ်ဘဲ မြေကွက်များ ၀ယ်ယူ ရင်းနှီးထားမှုသည် စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာ၌ အခက်အခဲဖြစ်ကြောင်း စက် မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အချို့ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်များတွင် မြေကွက်လွတ် များကို လုပ်ငန်းမလုပ်လျှင် ပြန် သိမ်းရန် ယခင်အစိုးရဒုတိယ သမ္မတဦးဆောင်ပြီး ဆောင်ရွက်ခဲ့ သော်လည်း အမှန်တကယ်လုပ် ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန် ၂၉ ခုတွင် လုပ်ငန်းမ လုပ်သည့် မြေကွက် ၂,၃၃၉ ဧက နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိ သည်ဟု တိုင်းဒေသကြီးမှ ကောက်ယူထားသော စာရင်းအရသိရသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service