အားကောင်းမောင်းသန်ဖြစ်လာတဲ့ အငှားဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1863 Views

အားကောင်းမောင်းသန်ဖြစ်လာတဲ့ အငှားဈေးကွက်

ရန်ကုန်တိုင်းဒေသကြီးအခြေပြုတဲ့ အိမ် ခြံ မြေ ဈေးကွက်မှာတော့ အရောင်းအဝယ်ဟာ အတန်ငယ်ရပ်တန့်နေပါတယ်။အထပ်မြင့်စီမံကိန်များ
ပြန်လည်စိစစ်ရပ်ဆိုင်းမှု၊ဈေးကွက်အခြေအနေ စောင့်ကြည့်မှု၊အခွန်နှုန်းထားကြီးမြင့်မှု အစရှိသည်တို့က အိမ် ခြံ မြေ အရောင်းအဝယ်ဖြစ်ထွန်းမှုကို ဟန့်တားထားသလိုဖြစ်နေပါတယ်။

ဒီအချိန်မှာ ဈေးကွက်အတန်ငယ်ရှိနေသေးတာကတော့ အငှားဈေးကွက်ပါပဲ။ဒီတစ်လတာအတွက် အငှားအားအတန်ငယ်ဖြစ်နေခဲ့တဲေ နရောတွေကို ခုလိုပဲ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ကျောက်တံတားမြို့နယ်
ကျောက်တံတားမြို့နယ် ၊ လသာ မြို့နယ် ၊ပန်းဘဲတန်း မြို့နယ် အစရှိသည့်မြို့နယ်များမှာ အရောင်းအဝယ် ဖြစ်မှုအပိုင်း မရှိသလောက်နီးပါးအားနည်းနေသည်။အငှားပိုင်းတွင်လည်း ယခင်ကဲ့သို့ လာရောက်ငှားရမ်းသူ နည်းပါးလာခြင်းကြောင့် ပိုင်ရှင်များအနေဖြင့် ငှားရမ်းလိုသူအားမျှော်နေရသည့်အခြေအနေဖြစ်နေသော်လည်း ဈေးနှုန်းသိသာစွာကျခြင်းမရှိကြောင်းစုံစမ်းသိရသည်။

ပုဇွန်တောင်မြို့နယ်
ကျောက်တံတား လသာ ပန်းဘဲတန်း အစရှိသည့်နေရာများနှင့်နှိုင်းယှဉ်ပါက မြေနေရာ အနည်းငယ်ကျန်ရှိနေသော မြို့နယ်ဖြစ်သော်လည်း ဈေးကွက်ပါးမှုကို ကြုံတွေ့နေရဆဲဟုသိရသည်။အငှားဈေးကွက်မှာ မူ ပုံမှန်အနေအထားဖြင့်သာ ဆက်လက် သွားနေကြောင်းစုံစမ်းသိရှိရသည်။

ဒဂုံ ဆိပ်ကမ်းမြို့နယ်
ယင်းမြို့နယ်မှာ ယခုနှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် အခြေအနေကောင်းခဲ့သော်လည်း နှစ်လယ်မှစတင်၍ ဈေးကွက်အေးခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် ဈေးနှုန်းအနည်ငယ်ကျဆင်းလာမှုများရှိသောကြောင့်ပြန်လည်ရောင်းချလိုသူများပြားလာသော်လည်း ဝယ်ယူရင်းနှီးမြုပ်နှံလိုသူနည်းပါးနေဆဲဖြစ်ကြောင်းသိရှိရသည်။အငှားဈေးကွက်မှာမူ တန်ဖိုးနည်း မြို့နယ်ဖြစ်သည်နှင့်အညီအခြေခံလူတန်းစားအများစုလာရောက်ငှားရမ်းနေထိုင်ကြကြောင်းသိရှိရသည်။

သန်လျင်
သီလဝါ ဆိပ်ကမ်းမြေဈေးကြောင့် သန်လျင်မြို့နယ်အား ဈေးကွက်အလား
အလာကောင်းမြို့နယ်တစ်ခုအဖြစ် အကျိုးဆောင်များက သတ်မှတ်ယူဆခဲ့ကြသော်လည်း အမှန်တကယ်တွင် ထူးခြားစွာဈေးတက်မှုမရှိသေးပေ။လက်ရှိကာလတွင် တံတားစီမံကိန်းအသံများ ကြားနေရကာ အကယ်၍ သေချာပါက ဈေးတက်လာဖွယ်ရှိနေသော်လည်း လာရောက်ရင်းနှီးမြုပ်နှံလိုသူနည်းပါးနေဆဲဖြစ်ကြောင်းသိရှိရသည်။

သန်လျင်မြို့နယ်အတွင်း၌မူ အငှားဈေးကွက်မရှိကြောင်းစုံစမ်းသိရသည်။
စက်မှုဇုန်မြေစက်မှုဇုန်မြေများအား အမှန်တကယ်လုပ်ကိုင်ခြင်းမရှိပါက ပြန်လည်သိမ်းယူမည်ဟုသတင်းများထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဈေးကွက်အနည်းငယ်ပြန်ဖြစ်ထွန်းလာသည်။

""အရောင်းဖြစ်တာမဟုတ်ဘူး။အငှားဈေးကွက်ဖြစ်တာ..။လောဘောဆယ် တစ်ချို့က လုပ်ကွက်ပြတဲ့သဘော""ဟု အကျိုးဆောင် ကိုအောင်သူမှဆိုသည်။

ယင်းကဲ့သို့ အရောင်းအဝယ်ဖြစ်မှုအေးစက်လာမှုအား အစိုးရတာဝန်တာဝန်ရှိသူများမှ တည့်မတ်ထိန်းကျောင်းပေးစေလိုကြောင်းအကျိုးဆောင်များက သုံးသပ်ပြောဆိုနေကြသည်။

""ဈေးကွက်လည်ပတ်အောင် အစိုးရအနေနဲ့ လုပ်ပေးမယ်ဆိုရင်တော့ ပြန်ကောင်းလာမှာပါ။အိမ် ခြံ မြေ က အားလုံးနဲ့စပ်ဆက်နေတာဖြစ်လို့ အိမ် ခြံ မြေ စီးပွားကျရင် အကုန်လုံးမှာထိခိုက်လာနိုင်ပါတယ်။
ဒါကြောင့် ထိန်းသိမ်းပေးစေချင်ပါတယ်။""ဟု ရန်ကုန်တိုင်းအိမ်ခြံမြေအသင်းမှ ဥက္ကဌမှ ပြောဆိုထားခဲ့သည်။

မြန်မာ့အိမ်ခြံမြေသည် အစိုးရသစ်လက်ထက်အရောက်တွင်လည်း အရွေ့နည်းပါးစွာဖြင့် ဆက်လက်ခရီးသွားနေပြီး၊အငှားဈေးကွက်သာ အားသန်နေဆဲဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service