၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ - Property News in Myanmar from iMyanmarHouse.com
785 Views

၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ

၂၀၁၆ ခုနှစ်၏ နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းကို ရင်းနှီးမြှုပ်နှံမှုအတိုင်ပင်ခံလုပ်ငန်း Mercer
က ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ထိုစစ်တမ်းအရ အာရှတွင် နေထိုင်မှုကုန်
ကျစရိတ်အများဆုံးမြို့ ၁၀ မြို့မှာ-
၁။ ဟောင်ကောင်
၂။ စင်ကာပူ
၃။ တိုကျို၊ ဂျပန်
၎။ ရှန်ဟိုင်း၊ တရုတ်
၅။ ပေကျင်း၊ တရုတ်
၆။ စန်းကျန်း(Shenzhan)၊ တရုတ်
၇။ ဆိုးလ်၊ တောင်ကိုရီးယား
၈။ ကွမ်ကျိုး၊ တရုတ်
၉။ အိုဆာကာ၊ ဂျပန်
၁၀။ နန်ကျင်း၊ တရုတ်
တို့ဖြစ်ကြသည်။

၅။ ပေကျင်း၊ တရုတ်
ပေကျင်းသည် ချောင်းဆိုးခြင်းကိုဖြစ်စေသော မီးခိုမြူကိစ္စရပ်နှင့်ပတ်သက်၍ နာမည်ဆိုးထွက်
နေသည်။ ယခုနှစ်အစောပိုင်းက မြို့တွင် လေထုညစ်ညမ်းမှုအဆင့်ဆိုးရွားခဲ့သဖြင့် အနီရောင်
အဆင့် အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ထိုအချက်က မြို့၏ နေထိုင်
မှုကုန်ကျစရိတ်ကို မလျော့ကျစေခဲ့ပေ။

၎။ ရှန်ဟိုင်း၊ တရုတ်
ရှန်ဟိုင်းသည် လူဦးရေ ၂၄ သန်းကျော်ရှိကာ တရုတ်၏ လူဦးရေ အထူထပ်ဆုံးမြို့ဖြစ်သည်။
တရုတ်၏ နေထိုင်မှုကုန်ကျစရိတ်အကြီးမြင့်ဆုံး ပြည်မကြီးမြို့လည်းဖြစ်သည်။

၃။ တိုကျို၊ ဂျပန်
၎င်း၏ ယန်းငွေဈေးမာမှုက ယခုကဲ့သို့ ထိပ်တန်းတတိယနေရာတွင် ရှိစေခြင်းဖြစ်သည်။
Property Report အိမ်ခြံမြေဝဘ်ဆိုဒ်၏ ဇိမ်ခံနေရာများစာရင်းတွင်လည်း အာရှ၏ နံပါတ် ၃
နေရာနှင့် ကမ္ဘာ့အဆင့် နံပါတ် ၄ နေရာတို့၌ အသီးသီးဖော်ပြခံထားရသည်။

၂။ စင်ကာပူ
စင်ကာပူသည် ၎င်း၏ အမှိုက်စွန့်ပစ်မှု စည်းကမ်းတင်းကျပ်မှုနှင့် ပို့ဆောင်ရေးအချက်အချာ
နေရာများကြောင့်သာမက ကမ္ဘာ့တစ်ခုတည်းသော ကျွန်းမြို့နိုင်ငံဖြစ်ခြင်းကြောင့် ကျော်
ကြားသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အဆင်ပြေချောမွေ့လွယ်ကူဆုံးနေရာအဖြစ်
လည်း ကမ္ဘာ့ဘဏ် (World Bank) က သတ်မှတ်ထားသည်။ ၎င်းတို့ပံ့ပိုးပေးထားသည့် ဘဝ
အရည်အသွေးမြင့်မားခြင်းကြောင့်လည်း အာရှသားများ သွားရောက်နေထိုင်ရန် အကောင်းဆုံး
မြို့အဖြစ်လည်း ဖော်ပြခံထားရသည်။

၁။ ဟောင်ကောင်
ဟောင်ကောင်သည် အာရှသာမက ကမ္ဘာတွင်လည်း နေထိုင်မှုကုန်ကျစရိတ် အများဆုံးမြို့
ဖြစ်သည်။ အဆောက်အအုံတည်ဆောက်မှုပိုင်းတွင်လည်း ကမ္ဘာ့အဆင့်၌ နယူးယောက်စီးတီး
မြို့နှင့် လန်ဒန်မြို့တို့ပြီးလျှင် တတိယကုန်ကျစရိတ် အမြင့်မားဆုံးမြို့ဖြစ်သည်။

ကမ္ဘာ့ နေထိုင်မှုကုန်ကျစရိတ်အများဆုံးမြို့ ၁၀ မြို့မှာမူ -
၁။ ဟောင်ကောင်
၂။ လူအန်ဒါ၊ အင်ဂိုလာ
၃။ ဇူးရစ်၊ ဆွစ်ဇာလန်
၎။ စင်ကာပူ
၅။ တိုကျို၊ ဂျပန်
၆။ ကင်ရှာဆာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
၇။ ရှန်ဟိုင်း၊ တရုတ်
၈။ ဂျနီဗာ၊ ဆွစ်ဇာလန်
၉။ အန်ဂျမီနာ၊ ချက်
၁၀။ ပေကျင်း၊ တရုတ်
တို့ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၆ ၏ နေထိုင်မှုစရိတ်အများဆုံး အာရှနှင့် ကမ္ဘာ့မြို့များ - Property News in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service