ဒလ အိမ်ခြံမြေဈေးကွက် ပုံမှန်ဈေးနှုန်းနဲ့ အတက်ဦးတည် - Property News in Myanmar from iMyanmarHouse.com
1783 Views

ဒလ အိမ်ခြံမြေဈေးကွက် ပုံမှန်ဈေးနှုန်းနဲ့ အတက်ဦးတည်

ဒလမြစ်ကူးတံတား စီမံကိန်းကို လာမယ့်နှစ်မှာ လုပ်ငန်းစတင်မှာ ဖြစ်ပေမဲ့ဒလအိမ်ခြံမြေဈေးကတော့ ဈေးကွက်ပုံမှန်အတိုင်းအရောင်းအဝယ်ရှိပြီး ဈေးနှုန်းလည်း အတက်ဘက်ကိုဦးတည်နေတယ်လို့ သိရပါတယ်။

မြစ်ကူးတံတားစီမံကိန်းကြောင့် ဒလ ဘက်ခြမ်း မြေဈေးတွေက ၃၀ ရာခိုင်နှုန်း လောက်ဈေးတက်သွားပြီး ပွဲဆူခဲ့တာပါ။ လက်ရှိမှာလည်း ဈေးတက်နိုင်တဲ့ဘက်ကို ရောက်နေပြီး အရင်လို ဆူလိုက်ပွက်လိုက်နဲ့ ဈေးကွက်မကြာခဏ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့အမြင့်ဈေးနဲ့ပဲ ရှိနေပြီး ဈေးကျတာမျိုး မရှိဘူးလို့သိရပါတယ်။

ကျောက်တံတားမြို့နယ်က အကျိုး ဆောင် ဦးအောင်ကျော်က “တံတားတည် ဆောက်မယ့်  ကမာကဆစ် ကျောက်တိုင် လမ်းမတန်းတွေဆို အကုန်ဝယ်ထားပြီး ကိုင်ထားကြတာ၊ နေရာကောင်းတွေဆို တစ်ကွက်ကို သိန်း ၃၀ဝ၀ အထိ ခေါ်ဈေး ရှိ တယ်၊  အရောင်းအဝယ်ကတော့ အရင်အတိုင်းပါပဲ”လို့ပြောပါတယ်။

စီမံကိန်းအတည်ပြုပြီး နောက်ပိုင်းမှာ ဒလ၊  တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စတဲ့ တောက်လျှောက်နေရာတွေကတော့ စီးပွားရေးသမားတွေ ကုမဏီတွေ အကျိုးဆောင်တွေဝယ်ယူထားကြတာများတယ်လို့အကျိုးဆောင်တချို့ဆီက သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “အရင်က ဆို   စီမံကိန်းရပ်သွားမလား စိုး ရိမ်ကြတာမျိုးလေး တွေရှိတယ်၊ အခုကျ တော့ နောက်နှစ်  ၂၀၁၇  မှာ လုပ်ငန်းစမယ်  ဆိုပြီး ပြောထားတော့ သေချာတဲ့အခြေ အနေဆိုတော့အကုန်လုံးက ကြိုက်ဈေးရရင် ရောင်းတယ်၊ ဈေးကောင်းမရသေးရင် အောင်းထားကြပြီး တံတားပြီးတာနဲ့ အ တက်ဈေး တာစူဖို့ အသင့် ပြင်ထားကြ တာများတယ်”လို့ ပြောပါတယ်။

စီမံကိန်း သေချာနေတာကြောင့် နေရာကောင်းတွေ ဝယ်ယူထားသူတွေက တော့ တံတားပြီးစီးမယ့် အချိန်ထိ  စောင့် နေ ကြတာပါ။  တံတားပြီးတာနဲ့ ဧရာဝတီတိုင်း နဲ့  ဆက်သွယ်ရေး ကောင်းပြီး စီးပွားရေး ပို ပြီး ကောင်းလာနိုင်တာကြောင့်  စီးပွားရေး  သမားတွေ လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှုများနေကြတဲ့နေရာပါ။  ဒလဘက်ရဲ့ အခက်ခဲတစ်ခုက သောက်သုံးရေ အခက်အ ခဲရှိတာကြောင့်တချို့က စီးပွားရေး လုပ် ငန်းအတွက်ပဲ စိတ်ဝင်စားကြတာများ တယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service