လုံးချင်း ၊တိုက်ခန်းငှါးပြီး အဆောင်ပုံစံ တစ်ဆင့်ပြန်ငှါးတာတွေရှိ - Property News in Myanmar from iMyanmarHouse.com
1821 Views

လုံးချင်း ၊တိုက်ခန်းငှါးပြီး အဆောင်ပုံစံ တစ်ဆင့်ပြန်ငှါးတာတွေရှိ

သည်နောက်ပိုင်းမှာနေဖို့အတွက် ငှါးပေမဲ့ငှါးသူကအဆောင်ပုံစံတစ်ဆင့် ပြန်ငှါးကြတာတွေရှိလာတယ်လို့သိရပါတယ် ။

တချို့ကပိုင်ရှင်ခွင့်ပြုချက်မရှိဘဲတရားမဝင်ငှါးကြတာတွေရှိတာကြောင့်ငှါးနေသူတွေအနေနဲ့တရားမဝင်ငှါးကြတာတွေရှိတာကြောင့်ငှါးကြတာတွေရှိတာကြောင့်ငှါးနေသူတွေအနေနဲ့စုံစမ်းပြီးမှငှါးသင့်တယ်လို့သိရပါတယ် ။

တိုက်ခန်းတွေလုံးချင်းအိမ်တွေကိုငှါးပြီးအဆောင်ဖွင့်ကြ
တာတွေရှိသလိုတချို့အိမ်ပိုင်ရှင်မသိအောင်တစ်ဆင့်ပြန်
ငှါးကြတာတွေရှိနေကြတာပါ ။အွန်လိုင်းအိမ်ခြံမြေစာမျက်နှာတချို့မှာလည်းစုပြီးငှါးနေကြသူတွေအတွက် တိုက်ခန်းမှာတစ်လဘယ်လောက်ပေး ၊လူဘယ်နှယောက်လက်ခံနေတယ်ဆိုတာမျိုးတွေကြော်ငြာထားကြတယ် ။အမှန်တကယ်ငှါးသူတွေရှိသလို ပိုင်ရှင်မသိဘဲငှါးကြတဲ့သူတွေလည်းရှိနေပါတယ် ။

အဆောင်တစ်လငှါးရမ်းခနဲ့အပြင်မှာစုပြီးငှါးနေကြတဲ့ဈေးကသိပ်မကွာကြပါဘူး ။အဆောင်ခတွေက အရင်ကကျပ် (၈၀၀၀) ၊ကျပ် (၁၀၀၀၀) ၊ (၁၅ ၀၀၀)နဲ့တချို့တွေက (၂၀၀၀၀)လောက်အထိပေးရတာတွေရှိတယ် ။သည်နောက်ပိုင်းမှာတော့ကျပ် (၂၅,၀၀၀) ၊
(၃၀,၀၀၀)လောက်အထိတောင်ပေးလာရတာတွေရှိလာပါတယ်။အဆောင်တွေမှာကစည်းကမ်းတွေသတ်မှတ်ချက်တွေများတာကြောင့်လူငယ်ပိုင်းတချို့ကစုပေါင်းပြီးငှါးရမ်းနေကြတာတွေများပါတယ် ။အပြင်မှာ စုပြီးငှါးနေကြတဲ့အခါ တစ်ယောက်ကို ကျပ်
(၃၀ ,၀၀၀)လောက်သာကျသင့်တယ်လို့သိရပါတယ် ။

ကျောက်တံတားမြို့နယ်ကအကျိုးဆောင်ဦးအောင်ကျော်က ‘တချို့တွေက တိုက်ခန်းတွေကိုတစ်ဆင့်ပြန်ငှါးတာ ၊လူပိုတင်တာပေါ့နော် ၊အိမ်ပိုင်ရှင်ခွင့်မပြုဘဲတင်ရင် ငှါးတဲ့သူရောတစ်ဆင့်ပြန်ငှါးတဲ့သူကိုပါ ဖယ်ခိုင်းလို့ရတယ် ၊စာချုပ်ပါ စည်းကမ်းနဲ့ဥပဒေကိုချိုးဖောက်ရင်ပေါ့ ၊ဒီနောက်ပိုင်းအခန်းတွေစုပြီးစပ်ငှါးကြတာတွေခေတ်စား
တယ် ၊စပြီးငှါးကတည်းကစုပြီးနေဖို့ငှါးတာ ၊အိမ်ရှင်ကလဲသိတယ်ဆိုရင်တော့ရပါတယ် ‘လို့ပြောပါတယ် ။

အဆောင်ငှါးနေတာထက်စုပြီးငှါးနေကြတာတွေပိုများလာတာဖြစ်တယ်။တချို့အိမ်ပိုင်ရှင်တွေကမိသားစုနည်းတာကြောင့်တစ်ယောက်တည်းသမားတွေကို တစ်လချင်းလခပေးနဲ့တစ်လကိုကျပ် (၃၀ ,၀၀၀) ၊
(၃၅ ,၀၀၀)နဲ့ငှါးကြတာတွေလည်းရှိလာတယ်လို့သိရပါတယ် ။

ဒဂုံသီးသန့်အကျိုးဆောင်မကေသီက ‘တချို့နယ်ကနေလာပြီးစက်ရုံတွေမှာအလုပ်လာလုပ်ကြတဲ့သူတွေအများဆုံးနေကြတယ် ၊ရပ်ကွက်ထဲမှာက တစ်လကိုကျပ် (၈၀ ,၀၀၀) ၊(၁၀၀ ,၀၀၀)လောက်နဲ့ရတယ် ၊ငါးယောက်နေရင် တစ်ယောက်ကို
(၁၀ ,၀၀၀)ကျော်လောက်ပဲပေးရတယ် ၊အတွင်းပိုင်းဆိုကျပ် (၆၅ ,၀၀၀) ၊(၇၀ ,၀၀၀)နဲ့ရတော့ ဈေးပိုသက်သာတယ် ‘လို့ပြောတယ် ။

အဆောင်သဘောမျိုးတစ်ရက်ကို ကျပ်(၁၀၀၀) ၊၁၅၀၀ ၊၂၀၀၀ပေးနဲ့ငှါးကြတဲ့အိမ်တွေလည်းရှိတယ်လို့သိရပါတယ် ။နေကြတဲ့သူတွေကနိုင်ငံခြားမှာအလုပ်သွားလုပ်မယ့်သူတွေ ၊ရက်တိုသင်တန်းလာတက်တဲ့သူတွေဖြစ်တယ်လို့သိရပါတယ် ။


Credit :The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service