အထပ်လျှော့ရပြီး ဒီဇိုင်းပြင်ရသော အထပ်မြင့်အဆောက်အအုံတစ်လုံး ဒေါ်လာ ၁၀ သန်းနှင့်အထက်ဆုံးရှုံးဟု လုပ်ငန်းရှင်များဆို - Property News in Myanmar from iMyanmarHouse.com
3856 Views

အထပ်လျှော့ရပြီး ဒီဇိုင်းပြင်ရသော အထပ်မြင့်အဆောက်အအုံတစ်လုံး ဒေါ်လာ ၁၀ သန်းနှင့်အထက်ဆုံးရှုံးဟု လုပ်ငန်းရှင်များဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် ကြောင့် အထပ်အရေအတွက် လျှော့ချပြီး ဒီဇိုင်းပြန်လည်ပြင် ဆင်ရေးဆွဲရမည့် အထပ်မြင့် အဆောက်အအုံတစ်လုံးလျှင် ကန်ဒေါ်လာ ၁၀ သန်းနှင့် အထက်ဆုံးရှုံးနိုင်ကြောင်း စီမံကိန်းပြင်ဆင်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ပြောသည်။

ရန်ကုန်မြို့တွင် တည် ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ဇူလိုင် ၁၂ ရက်က အထပ်လျှော့ချရန်၊ စီမံကိန်းဒီဇိုင်းပြန်လည်ပြင်ဆင်ရန် တိုင်းဒေသကြီးအစိုးရက ညွှန်ကြားခဲ့ပြီး ညွှန်ကြားချက်အတိုင်း ပြင်ဆင်ဆောက်လုပ်ပါက အဆိုပါဆောက်လုပ်ရေးကုမ္ပဏီများအတွက် ဆုံးရှုံးမှုပမာဏများစွာ ကြီးမားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက 7Day Daily အား ပြောသည်။

ငွေကြေးဆုံးရှုံးမှုများအပြင် မြေရှင်နှင့် အခန်းပေး၊ အခန်းယူ ကိစ္စရပ်များ၊ ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူထားသူများအပေါ်ကိုပါ ပြန် လည်ရှင်းလင်းပေးရမည့်အခက် အခဲများလည်း ကြုံတွေ့နေကြောင်း အထပ်အရေအတွက် လျှော့ချရမည့် ကမ္ဘာအေးဘုရားလမ်းတွင် ၂၉ ထပ်တည်ဆောက်မည့် Living Square ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုဉာဏ်က ပြောသည်။ ထိုကုမ္ပဏီက Kabar Aye Executive Residence အမည် ဖြင့် ၂၉ ထပ်ရှိ အဆောက်အအုံ ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး အထပ် ၂၀ အောက်သို့ လျှော့ချ တည်ဆောက်ရန် ညွှန်ကြားထား သည်။ ယခုအခါစီမံကိန်း၏ ထက်ဝက်နီးပါးဆောက်ပြီးနေပြီဟု ၎င်း က ဆိုသည်။

‘‘တချို့လုပ်ငန်းရှင်တွေဆို မြေပြင်ဖောင်ဒေးရှင်းကြီးပဲ
အမေ ရိကန်ဒေါ်လာ ခုနစ်သန်းလောက် သုံးပြီး ဆောက်ထားကြတာ။ အ ခုတစ်ဝက်တစ်ပျက်နဲ့တင် အခန်း တွေရပ်ရတော့မှာဆိုတော့ ဆုံးရှုံး မှုက အရမ်းကြီးတယ်’’ဟုMKT ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့်
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း အလုပ်အမှု ဆောင်ဦးမျိုးမြင့်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံး သည့်အပြင် အခန်းဝယ်ယူထားသူ များဘက်၊ မြေရှင်များဘက်ကသတ်မှတ်ကာလအတွင်း မပြီးစီးပါက စာချုပ်ပါစည်းကမ်းချက် များ ဖောက်ဖျက်မှုများကြောင့် တရားစွဲဆိုမှုများအထိပင် ကြုံတွေ့နိုင်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင်စီမံကိန်းအများစု မှာ ဆောက်လုပ်ဆဲအခန်းအရေ အတွက်၏ ထက်ဝက်ခန့်ကို ရောင်းချထားပြီးဖြစ်ကြောင်း အဆိုပါလုပ်ငန်းရှင်များက ပြောသည်။ ရောင်းချထားသည့် ကွန်ဒိုတိုက်ခန်းတစ်ခန်း၏ လက်ရှိ ကာလပေါက်ဈေးမှာ ကျပ်သိန်း ၃,၀၀၀ မှ သိန်း ၃,၅၀၀ အတွင်း ဈေးရှိကြောင်း ၎င်းတို့ကဆိုသည်။

ဆောက်လုပ်ရေးကုန်ကျစ ရိတ်အတွက် လိုအပ်သည့် ငွေကြေးကို ဘဏ်များတွင် ချေးယူထားရကြောင်း ကမ်းနားလမ်းတွင် ၂၇ ထပ်ဆောက်လုပ်မည့် Para-gon Residence မှ အုပ်ချုပ်မှုဒါရိုက်တာ ကျော်မြင့်ဦးက ပြောသည်။ ကမ်းနားလမ်း အောင်ဇေယျ အိမ်ရာအနီးတွင်တည်ဆောက် မည့် Paragon Residence အဆောက်အအုံသည် ၂၇ ထပ်တည်ဆောက်ရန် ရည်ရွယ်ထားပြီး အထပ် ၂၀ သို့ လျှော့ချတည် ဆောက်ရန် တိုင်းအစိုးရက ညွှန်
ကြားထားခဲ့သည်။

‘‘ကျွန်တော်တို့ လက်သန်း လေးတွေ မင်စွန်းပြီးမဲပေးခဲ့တဲ့ အစိုးရဖြစ်လို့ဒီကိစ္စကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်’’ဟု ၎င်းကဆို သည်။

ယခုအထပ်မြင့် ၁၂ လုံးအ ပေါ် စစ်ဆေးမှုမှာ မူဝါဒသစ်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး လက်ရှိ ဆောက်လုပ်နေသော အဆောက် အအုံများသည် ပြီးခဲ့သည့်အစိုးရ လက်ထက်က မူအတိုင်း ခွင့်ပြု မိန့်တင်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် ပြန်လည်ထည့် သွင်းစဉ်းစားပေးစေလိုကြောင်း ၎င်းတို့က ဆိုသည်။

‘‘နေရာအလိုက်၊ အနေအ ထားအလိုက် သတ်မှတ်ထားတဲ့ ကန့်သတ်ဇုန်တွေက အဆောက် အအုံတွေက သတ်မှတ်မူဝါဒနဲ့ မကိုက်ညီလို့ ပြင်ဆင်ခိုင်းတဲ့ သဘောပါ။ အစိုးရရဲ့ မူဝါဒရယ် လို့တော့ မဟုတ်ဘူး။ စည်ပင်သာ ယာရဲ့ သတ်မှတ်ချက်နဲ့ပဲ လုပ် တာဖြစ်တယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ဘာကြောင့် ဘယ်လိုဖြစ် ရတယ်ဆိုတာ စည်ပင်မှာလည်း သွားပြီး မေးမြန်းစုံစမ်းလို့ရပါ တယ်’’ဟု ရန်ကုန်မြို့တော်အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေး ကော်မ တီအဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။

ယခင်အစိုးရလက်ထက်ဖြစ် သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မူအားဖြင့် ခွင့်ပြုခဲ့သော ၁၃ ထပ်နှင့်အထက် အထပ်မြင့်အ ဆောက်အအုံ ၁၄၁ လုံးကို မေလ ၂၀ ရက်တွင် ပြန်လည်စစ်ဆေး မှုများပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်၍ လုပ်ငန်းများအား ရပ် ဆိုင်းစေခဲ့သည်။ အဆိုပါအ ဆောက်အအုံများကို ပြန်လည် စစ်ဆေးရန် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ကော်မတီတစ် ရပ်ဖွဲ့စည်းကာ ပြန်လည်စစ်ဆေး ရန် ညွှန်ကြားခဲ့သည်။

အဆိုပါ အထပ်မြင့်အ ဆောက်အုံ ၁၄၁ လုံးမှစတင် စစ်ဆေးခဲ့သည့် ၁၂ လုံး၏ ဇူလိုင် ၁၂ ရက်က စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ရာ အထပ်အရေအ တွက် လျှော့ရန်၊ ဒီဇိုင်းပြင်ရန် စသဖြင့် ညွှန်ကြားခဲ့သည်။

Credit; 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service