မြေပြင်စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂လုံး စည်ပင်ဥပဒေနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ရမည်။ - Property News in Myanmar from iMyanmarHouse.com
1529 Views

မြေပြင်စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂လုံး စည်ပင်ဥပဒေနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ရမည်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က အဆောက်အအုံတည်ဆောက်ဖို့ ခွင့်ပြုမိန့်ကျပြီး (ပါမစ်ကြီး) တဲ့ အထပ်မြင့် အဆောက်အအုံ ၁၂လုံး စည်ပင်သာယာဥပဒေနဲ့ မကိုက်ညီတဲ့အချက်တွေ ပြန်ပြင်ပေးရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်ဦးမော်က ‘နည်းနည်းပါးပါး ပြင်ဆင်စရာလေးတွေတော့ ရှိပါတယ်၊ ၁၂လုံးရှိတော့ တစ်လုံးနဲ့တစ်လုံး တစ်မျိုးနဲ့တစ်မျိုး မတူဘူး၊ အမျိုးစုံပါတယ်’ လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ပေးရမှာဖြစ်ပြီး ပြန်ပြင်ရတဲ့ အနည်းအများကတော့ တည်ဆောက်ထားတဲ့အပေါ် မူတည်တယ်လို့ သိရပါတယ်။ဘယ်လိုမှ အဆင်မပြေတဲ့ အချက်တွေကို ပြန်ပြင်ခိုင်းမှာ ဖြစ်ပါတယ်။

အထပ်မြင့်အဆောက်အအုံ ၁၂လုံးကို စစ်ဆေးတဲ့ ရလဒ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ စည်ပင်သာယာရေးကော်မတီကို ပေးပို့မှာဖြစ်ပြီး စည်ပင်သာယာက ထုတ်ပြန်ကြေငြာမှာ ဖြစ်ပါတယ်။

သည်အဆောက်အအုံတွေက နှစ်လနီးပါးကြာတဲ့အထိ အဆောက်အအုံတည်ဆောက်ခွင့်တွေ ရပ်ဆိုင်းခံထားရတာဖြစ်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးမှုကို ဇွန်လ ၂၁ရက်နေ့က စတင်စစ်ဆေးခဲ့ပါတယ်။သည်အပတ် (ဇူလိုင်လ ဒုတိယပတ်) ထဲမှာ အသေးစိတ်အချက်တွေကို ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

အထပ်မြင့် အဆောက်အအုံ ၁၂လုံးကို သက်ဆိုင်ရာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်၊ ရပ်မိရပ်ဖတစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံဗိသုကာအသင်းက ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကိုယ်စားလှယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က မြို့နယ်အင်ဂျင်နီယာ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်း၊ Urban Environmental ဌာန၊ မီးသတ်ဦးစီးဌာန၊ Geo Tech နဲ့ ပတ်သက်သူ၊ YHT တို့နဲ့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံ အလုံး ၁၄၀ကျော်ကို မြို့ပြအင်္ဂါရပ်နဲ့ ကိုက်ညီစေဖို့အတွက် အဆောက်အအုံတွေကို အသေးစိပ် ပြန်စိစစ်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မေလ ၂၀ရက်နေ့က ကြေငြာချက်ထုတ်ထားတာ ဖြစ်ပါတယ်။
နောက်ထပ်စစ်ဆေးဖို့ အဆောက်အအုံ ၁၄၁လုံး ရှိပြီး လက်ရှိ စာရွက်စာတမ်း စစစ်နေပြီလို့ သိရပါတယ်။သည်အဆောက်အအုံတွေက ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပြုထားတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။

Credit: Kumudra
မြေပြင်စစ်ဆေးခံရတဲ့ အထပ်မြင့် ၁၂လုံး စည်ပင်ဥပဒေနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ရမည်။ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service