ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို အကြီးစားပြင်ဆင်မှုပြုလုပ် - Property News in Myanmar from iMyanmarHouse.com
3020 Views

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို အကြီးစားပြင်ဆင်မှုပြုလုပ်

ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေ အိမ်ပြတိုက်ကို အကြီးစားပြင်ဆင် နေကာ (၆၉)နှစ်မြောက် အာဇာ နည်နေ့မတိုင်မီ ဇူလိုင် ၁၀ ရက် (ယနေ့)မှစ၍ ၁၈ ရက်အထိ ယာယီပိတ်ထားပြီး ဇူလိုင် ၁၉ ရက်တွင် အများပြည်သူများ လေ့လာ နိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။


ဇူလိုင် ၉ ရက် နံနက်က ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြ တိုက် အကြီးစားပြင်ဆင်မှုအခြေ အနေကို လာရောက်လေ့လာခဲ့ ကြောင်း အမျိုးသားပြတိုက် (ရန် ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်း လောဝ်ငင်းက ပြောကြားသည်။

‘‘ပြုပြင်မွမ်းမံမှုတွေလုပ်နေ တာပါ။ တချို့ကျန်တာပဲရှိတော့ တယ်။ သန့်ရှင်းရေးလုပ်ဖို့ပဲလို တော့တာ’’ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း နေ အိမ်ပြတိုက်ဝင်းအတွင်း၊ အပြင် ဆေးသုတ်ခြင်း၊ လုံခြုံရေး စီစီတီဗီ ကင်မရာတပ်ဆင်ခြင်း၊ ဗိုလ်ချုပ် စီးသည့်ကားကို ပြသရန် မှန်များဖြင့် ဂိုဒေါင်သီးသန့်တည်ဆောက် ခြင်း၊ ဝန်ထမ်းအိမ်ရာ တည် ဆောက်ခြင်း၊ အများပြည်သူ ကျန်းမာရေးအတွက် အိမ်သာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ လက်မှတ်ရောင်းချသည့် သီးသန့်နေရာကိုပါ ထည့်သွင်းတည်ဆောက်ခြင်းများ ပြီးစီးနေပြီဖြစ်သည်။

ဇူလိုင် ၁၉ ရက် (၆၉)နှစ် မြောက် အာဇာနည်နေ့တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲထိအခမဲ့လေ့လာခွင့်ပြုမည်ဖြစ်သည်။၁၉၂၁ မှစပြီး အနောက်တိုင်းဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ ရာစုဥရောပပုံစံရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်သည် ယခုအခါ နှစ်ပေါင်း ၉၀ ကျော်ပြီဖြစ်သည်။

၁၉၆၀ နှင့် ၁၉၉၉ နိုဝင်ဘာ တွင် ဗိုလ်ချုပ်နေအိမ်ပြတိုက် ကြံ့ ခိုင်ရေးအတွက် အကြီးစားပြုပြင် မွမ်းမံမှုပြုလုပ်ပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်မှ ယနေ့ထက် တိုင် ဖွင့်လှစ်ပြသခဲ့သည်။

ယခုနှစ်တွင် အကြီးစားပြု ပြင်မွမ်းမံမှု ပြုလုပ်နေပြီး လေ့လာသူများနှင့် အလုပ်လုပ်သူများ အနှောင့်အယှက်မဖြစ်စေရန် ယာယီပိတ်ထားခြင်းဖြစ် ကြောင်းသတင်းရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း စာ အုပ်ဖတ်နေသော ဆီလီကွန်ပုံတူ ရုပ်တုကို ပြတိုက်လေသာဆောင် ၌ ထားရှိမည်ဖြစ်ပြီး ဗိုလ်ချုပ်ဝတ် သော ကုတ်အင်္ကျီအရှည်ကို ရုပ် လုံးပေါ်အောင် ပြသသွားမည်ဖြစ် သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ပြတိုက်အဖြစ် ၁၉၆၀ ဇန်နဝါရီ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြတိုက် အကျယ်အဝန်းသည် ၂ ဒသမ၄၃၂ ဧကရှိကာ ပြီးခဲ့သည့်နှစ်အာဇာနည်နေ့က ပြတိုက်သို့ လာရောက်လေ့ လာသူတစ်သောင်းခွဲ ခန့်ရှိခဲ့သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service