ဘူတာကြီးရှေ့က မြန်မာဗားရှင်း 'မာလူနိုယူချီ' ဆောက်လုပ်ရေးစီမံကိန်း - Property News in Myanmar from iMyanmarHouse.com
1642 Views

ဘူတာကြီးရှေ့က မြန်မာဗားရှင်း 'မာလူနိုယူချီ' ဆောက်လုပ်ရေးစီမံကိန်း

ဂျပန်နိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ မစ်ဆူဘီရှီ အိမ်ခြံမြေကုမ္ပဏီ (Mitsubishi Estate Co) အနေနဲ့ ရန်ကုန်ဘူတာ ကြီးရှေ့ရှိ မြေနေရာမှာ ရုံးခန်းတွေ၊ လူနေ အိမ်ခန်းတွေနဲ့ ဟိုတယ်တွေပါဝင်တဲ့ စီမံကိန်းကို တည်ဆောက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ ခန့်မှန်းခြေ ဂျပန်ယန်းငွေ ဘီလီယံ ၅၀ ခန့် ရင်းနှီးမြှုပ်နှံပြီး ဆောက် လုပ်သွားဖို့ ရှိပါတယ်။

မစ်ဆူဘီရှီ အိမ်ခြံမြေကုမ္ပဏီဟာ တိုကျိုမြို့မှာ မိမိတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့ အဆင့်မီ စီးပွားရေး ဒစ္စတြိတ်ရဲ့ အတွေ့ အကြုံတွေကို မူတည်ပြီး ရန်ကုန်မြို့လယ် မှာ မြန်မာပုံစံ (Myanmar Version) နဲ့ ဖန်တီးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မြန် မာ ဗားရှင်းအတိုင်း တခြားအရှေ့တောင် အာရှနိုင်ငံတွေမှာလည်း တည်ဆောက်သွား ဖို့ ရှိတယ်လို့ သိရပါတယ်။

မစ်ဆူဘီရှီ အိမ်ခြံမြေကုမ္ပဏီဟာ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းရယ်၊ မြန်မာ နိုင်ငံက ဒေသခံအိမ်ခြံမြေကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်ပြီး အဲဒီစီမံကိန်းကို ဆောင်ရွက် သွားဖို့ ရှိပါတယ်။ ဒီစီမံကိန်းမှာ လူနေ အိမ်တိုက်ခန်းတွေ၊ ရုံးခန်းတွေ၊ ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အထောက်အကူပြု အလုပ်ခန်းတွေနဲ့ ဟိုတယ်အခန်းတွေ များစွာပါဝင်မယ်လို့ ဆိုပါတယ်။

ယခုအခါ မြန်မာနိုင်ငံဟာ မိမိရဲ့ လျင်မြန်စွာ တိုးတက်လာတဲ့ စီးပွားရေး ကြောင့် ရုံးခန်းတွေ အမြောက်အမြား လိုအပ်လာမှုက ဆောက်လုပ်ရေးလုပ်ငန်း တွေကို ဖွံ့ဖြိုးလာစေတာနဲ့ ကြုံတွေ့နေရပါ တယ်။ မာလူနိုယူချီဒစ္စတြိတ် (Marunouchi District) ကို တိုကျိုမြို့ဘူတာရုံကြီးရဲ့ ရှေ့ ဘက်မှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီအိမ်ရာ စီမံကိန်းကို မေဂျီခေတ် (Meijiera-၁၈၆၈ မှ ၁၉၁၂) က လျင်မြန်စွာ တည်ဆောက်ခဲ့ ပြီး ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီ ပုံစံဟာ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးစီမံကိန်း အတွက် ကောင်းမွန်တဲ့ မော်ဒယ် (Model) အဖြစ် ရွေးထားတယ်လို့ ဆိုပါတယ်။

မာလူနိုယူချီ ဒစ္စတြိတ်ဟာ မြို့ငယ်လေး အသွင်နဲ့ ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ ပြည်ပဧည့်သည်တွေကို ဆွဲဆောင်နေပါ တယ်။ အဲဒီမြို့ငယ်လေးထဲရောက်သွားရင် ဂျပန်နိုင်ငံမှာရှိတဲ့ ထိပ်တန်းကုမ္ပဏီကြီး တွေရဲ့ ရုံးခန်းတွေ အစုံရှိသလို၊ လက်လီ အရောင်းဌာနကြီးတွေ၊ စတိုးဆိုင်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေကို လည်း တွေ့နိုင်ပါတယ်။ မစ်ဆူဘီရှီ အိမ် ခြံမြေကုမ္ပဏီကြီးအနေနဲ့ အဲဒီဘက်စုံဆောက် လုပ်ရေး စီမံကိန်းမျိုးတွေကို မြန်မာနိုင်ငံ အပြင် တခြားအရှေ့တောင်အာရှနိုင်ငံ တွေရဲ့ မြို့တော်ကြီးတွေမှာရှိတဲ့ အချက် အခြာကျတဲ့အဓိက အိမ်ခြံမြေတွေပေါ်မှာ တည်ဆောက်သွားဖို့ ရည်မှန်းချက်ထားရှိ တယ်လို့ သိရပါတယ်။

မစ်ဆူဘီရှီအိမ်ခြံမြေကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဟီလိုတခါဆူဂျီရာမာ (Hirotaka Sugiyana) က "ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အဲဒီ မြို့ပြဖွံ့ဖြိုးရေးစနစ်ကို ပြည်ပသို့ တင်ပို့ ဖို့ ရှိပါတယ်။ ရန်ကုန်စီမံကိန်းဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို စတင်မိတ် ဆက်တဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ် နိုင်တယ်"လို့ ရိုမီယူလီရှင်ဘွန်းသတင်းစာ ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟာ ၂၀၁၁ ခုနှစ် စစ်အုပ်ချုပ်ရေးစနစ် ကနေ ဒီမိုကရေစီအစိုးရကို ကူးပြောင်းပြီး တဲ့နောက် သိသာစွာ မြင့်တက်လာတာ တွေ့နိုင်ပါတယ်။ ဂျပန်ပြည်ပကုန်သွယ် ရေးအဖွဲ့အစည်း (Japan External Trade Origanization) ရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ (ဂျပန်ယန်းငွေ ၉၄၀ ဘီလီယံ)အထိ ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ထက် နှစ်ဆတိုးတက်လာတယ် လို့ သိရပါတယ်။

ဂျပန်ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံ တွင်း တစ်ကုမ္ပဏီပြီးတစ်ကုမ္ပဏီ ဝင်ရောက် လာနေကြပါတယ်။ ယခုအခါ ဂျပန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်း အဖွဲ့အစည်းရဲ့ အဆိုအရ မိမိရဲ့ အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၂၈၀ ကျော်ဟာ မြန်မာနိုင်ငံ မှာ လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ အဆောက်အအုံသစ်ကြီး တွေ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပေါ် ပေါက်လာနေပါတယ်။ ကမ္ဘာအနှံ့က စီးပွားရေး လုပ်ငန်းရှင်တွေကလည်း တစ် နှစ်ထက်တစ်နှစ် ပိုမိုပြီး မြန်မာနိုင်ငံကို လာရောက်နေကြ ပါတယ်။ အဲဒါကြောင့် ရုံးခန်း၊ ရုံးအဆောက် အအုံတွေအတွက် ငှားရမ်းခဟာ တခြား အရှေ့တောင်အာရှ နိုင်ငံတွေထက် ဈေးကြီး နေပြီး ဟိုတယ် အခန်းခတွေလည်း ထိုနည်းလည်းကောင်း မြင့်မား နေကြောင်းပါခင်ဗျား။

Credit: Mitsubishi Estate to Build Myanmar's "Marunouchi"
ဘူတာကြီးရှေ့က မြန်မာဗားရှင်း 'မာလူနိုယူချီ' ဆောက်လုပ်ရေးစီမံကိန်း - Property News in Myanmar from iMyanmarHouse.com
ဘူတာကြီးရှေ့က မြန်မာဗားရှင်း 'မာလူနိုယူချီ' ဆောက်လုပ်ရေးစီမံကိန်း - Property News in Myanmar from iMyanmarHouse.com
ဘူတာကြီးရှေ့က မြန်မာဗားရှင်း 'မာလူနိုယူချီ' ဆောက်လုပ်ရေးစီမံကိန်း - Property News in Myanmar from iMyanmarHouse.com
ဘူတာကြီးရှေ့က မြန်မာဗားရှင်း 'မာလူနိုယူချီ' ဆောက်လုပ်ရေးစီမံကိန်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service