သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အများစု ပါဝင်သည့် နိုင်ငံ ၁၆ နိုင်ငံ၏ ကုမ္ပဏီပေါင်း ၇၄ ခုမှ ရင်းနှီး မြှုပ်နှံရန် လက်ခံ ရရှိထား - Property News in Myanmar from iMyanmarHouse.com
1664 Views

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အများစု ပါဝင်သည့် နိုင်ငံ ၁၆ နိုင်ငံ၏ ကုမ္ပဏီပေါင်း ၇၄ ခုမှ ရင်းနှီး မြှုပ်နှံရန် လက်ခံ ရရှိထား

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အများစု ပါဝင်သည့်
နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၄ ခု၏ ရင်းနှီးမြှုပ်နှံရန် Reservation လက်ခံရရှိထားကြောင်း Myanmar-Japan Thilawa Development limited မှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ကုမ္ပဏီများတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများ အများဆုံး ပါဝင်ပြီး ထိုင်ဝမ်၊ ကိုရီးယား၊ ဗီယက်နမ်၊ အမေရိကန်၊ သြစတြေးလျတို့မှ စတီးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ၊ အလူမီနီယမ် ထုတ်လုပ်သည့် ကုမ္ပဏီ၊ Packaging ကုမ္ပဏီ၊ ကင်မရာ
ထုတ်လုပ်သည့် ကုမ္ပဏီ၊ ဆေးဝါးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ ပါဝင်သည့်
ရင်းနှီးမြှုပ်နှံမှုများ လက်ခံ ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သီလ၀ါ အထူးစီးပွားရေးဇုန် အတွင်းတွင် ဂျပန်၊ ထိုင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်
နှံထားသည့်ကား radiator, အထည်ချုပ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ
အပါအ၀င် ကုမ္ပဏီကိုးခုမှ စီးပွားဖြစ် စတင် လည်ပတ်နေကြောင်း သိရသည်။

“အပိုင်း (က) မှာ ကုမ္ပဏီ ၇၄ ခုက ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်မှု ရရှိထားပါတယ်။ အဲဒါက ဇုန်အေရဲ့ ၈၈ ရာခိုင်နှုန်း နီးပါးကို ငှားရမ်းထားပြီးတာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီပေါင်း ၂၈ ခုက ဆောက်လုပ်ရေးလုပ်ငန်း စတင်နေပါပြီ။ နောက်ထပ် ကုမ္ပဏီ ၃၇ ခုကလည်း Design ပိုင်းတွေ လုပ်နေတာတွေ ရှိပါတယ်။ ဆောက်လုပ်ရေးပိုင်းတွေကတော့ မိုးကုန်ပြီးလောက်မှာ
ပြန်လုပ်တော့မှာပါ” ဟု Myanmar Japan Thilawa Development L.td မှ Officer & General Manager ဦးမြင့်ဇော်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပထမအဆင့် အကောင်အထည်ဖော်မည့် ဟက်တာ ၄၀၀
အနက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို ဦးစွာ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် အခြေခံ အဆောက်အအုံ တည်ဆောက် ပြီးစီးမှုမှာ ပြီးစီးနေပြီကြောင်း သိရသည်။

ယခုလက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) ၏ ဧရိယာ အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းများ အကောင်အထည် ဖော်နေသည့် ကာလဖြစ်ပြီး တည်ဆောက်ရေး
လုပ်ငန်းများကို မြန်မာ-ဂျပန် ပူးပေါင်းထားသည့် PANTER-SUNTAC ကုမ္ပဏီမှ
ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရ ကိုယ်စား သီလ၀ါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း ဂျပန်နိုင်ငံ MMST ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန်အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်နေသည့် စီမံကိန်း
ဖြစ်ကြောင်း သိရသည်။

Credit :Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service