နိုင်ငံတစ်ဝန်း မြေဧက ၅ သိန်းကျော် သစ်တောမြေအဖြစ်မှ ပယ်ဖျက် - Property News in Myanmar from iMyanmarHouse.com
1445 Views

နိုင်ငံတစ်ဝန်း မြေဧက ၅ သိန်းကျော် သစ်တောမြေအဖြစ်မှ ပယ်ဖျက်

မြန်မာနိုင်ငံ တစ်ဝန်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများမှ မြေဧက ၅ သိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစရှိသည့် ဒေသများရှိ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများအတွင်း နှစ်ကာလ ကြာရှည်စွာ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၅၀ အထက် ကျေးရွာများအတွက် မြေဧက ၅ သိန်းကျော်ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က
ပြောကြားသည်။

“အဓိက ကျေးရွာလူနေအိမ်၊ စာသင်ကျောင်း အများပိုင် မြေတွေနဲ့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်မြေတွေကို စနစ်တကျ စိစစ်ပြီး အဆင့်ဆင့် ပယ်ဖျက်ပေးတာ ယာမြေကိုတော့ ပယ်ဖျက် မပေးဘူး”ဟု ၎င်းက ဆိုသည်။

သစ်တောမြေအတွင်း နှစ်အတန်ကြာ နေထိုင်ခဲ့သည့် ကျေးရွာ ၁၂၁၃ ရွာ ဧရိယာအားဖြင့် ကျေးရွာမြေ ဧရိယာ ၂၄၄၄၇ ဒသမ ၄၄ ဧက၊ လယ်မြေဧရိယာ ၂၉၅၃၁၉ ဒသမ ၇၇ ဧကနှင့် အများပိုင်မြေနှင့် သာသနာ့နယ်မြေများ ၂၆၁၂၁ ဒသမ ၉၂ ဧက စုစုပေါင်း ဧရိယာ ၃ သိန်းကျော်ကို ၂၀၁၃ ခုနှစ်အတွင်းက ပထမအဆင့် ပယ်ဖျက်ပေးခဲ့ပြီး ယခု ၂၀၁၆ အထိ ဧက ၅ သိန်း ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာန အချက်အလက်များအရ သိရသည်။

ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော (သစ်တောမြေ)အတွင်း ဆယ်နှစ်ကျော် ကျုးကျော်ဝင်ရောက် နေထိုင် စိုက်ပျိုး လုပ်ကိုင်သည့် ဒေသခံများအတွက်သာ စနစ်တကျ စိစစ်ကာ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခြင်းဖြစ်ပြီး ယာမြေများကိုမူ ပယ်ဖျက်ခြင်း မပြုဘဲ သီးနှံသစ်တော စနစ်နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖြစ် လုပ်ကိုင်ခွင့်ပြုထားကြောင်း ဒေါက်တာညီညီကျော်က ရှင်းပြ ပြောဆိုသည်။

Credit: The Voice News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service