အဆောက်အအုံဆောက်လုပ်ခွင့် မှုဝါဒအသစ် အကြမ်းဖျင်းပြီးစီး - Property News in Myanmar from iMyanmarHouse.com
4010 Views

အဆောက်အအုံဆောက်လုပ်ခွင့် မှုဝါဒအသစ် အကြမ်းဖျင်းပြီးစီး

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆောက်အအုံတည်ဆောက်ခွင့် မှုဝါဒအသစ် ရေးဆွဲတာ အကြမ်းဖျင်းပြီးစီးနေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

ရန်ကုန်မြို့အတွက် အဆောက်အအုံတည်ဆောက်ခွင့်မှုက လက်ရှိရန်ကုန်မြို့အနေအထားနဲ့ မကိုက်ညီတော့တာကြောင့် အသစ်ပြန်လည်ရေးဆွဲတာဖြစ်ပါတယ် ။ သည်လ ၁ရက်နေ့ကစပြီး တည်ဆောက်ခွင့်တင်တဲ့ အဆောက်အအုံတွေကို မှုဝါဒအသစ်နဲ့ ခွင့်ပြုပေးမယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လအတွင်း အဆောက်အအုံအထပ်အနိမ့် ၊ အမြင့် တည်ဆောက်ခွင့်တင်တဲ့ အမှုတွဲလက်ခံတာကို ပိတ်ထားပြီး သည်လ ၁ ရက်နေ့မှစတင်လက်ခံဖို့ ကြေညာထားပါတယ် ။ သည်ကြေညာချက်မထုတ်ခင် အဆောက်အအုံ တည်ဆောက်ခွင့်အမှုတွဲ တင်ထားတာတွေကိုတော့ မှုဝါဒအဟောင်းနဲ့ စိစစ်ပြီး ခွင့်ပြုပေးမယ်လို့ သိရပါတယ် ။

မှုဝါဒအသစ်ကိုလည်း အများပြည်သူသိရှိအောင် သတင်းစာစတဲ့ မီဒီယာတွေကနေ ကြေညာပေးမှာဖြစ်ပါတယ် ။ လက်ရှိအစိုးရလက်ထက်မှာ အဆောက်အအုံတည်ဆောက်တဲ့ မှုဝါဒအသစ်ရေးဆွဲတာ ၊ အထပ်မြင့်အဆောက်အအုံတွေကို ပြန်စိစစ်တာတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဆောင်စိစစ်ဆောင်ရွက်နေပါတယ် ။

မှုဝါဒအသစ်တွေချမှတ်တာ ၊ အထပ်မြင့်တွေ စစ်ဆေးတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘ရန်ကုန်မြို့အတွင်း အထပ်မြင့်အဆောက်အအုံများ တည်ဆောက်တာကို ဥပဒေစည်းမျဉ်းစည်းကမ်း မှုဘောင်အတွင်း လုံခြုံစိတ်ချစွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်’လို့ ပြောပါတယ် ။

လက်ရှိအစိုးရလက်ထက် အထပ်မြင့်အဆောက်အအုံတွေ မြေပြင်အထိ ကွင်းဆင်းစစ်ဆေးတာကို ဇွန်လ ၂၁ ရက်နေ့က စတင်ပါတယ် ။ နောက်ထပ်မြေပြင်ကွင်းဆင်းစစ်ဆေးဖို့ အထပ်မြင့် ၄၁ လုံးရှိတယ်လို့ သိရပါတယ် ။
အဆောက်အအုံတွေ ပြန်လည်စိစစ်ဖို့ လက်ရှိကျင့်သုံးနေတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မှုဝါဒသစ်ရေးဆွဲမှာ ဖြစ်ပါတယ် ။

တည်ဆောက်ခွင့် ခေတ္တရပ်ဆိုင်းခံရတဲ့ အဆောက်အအုံ ၁၄၁ ခုက ပြီးခဲ့တဲ့ အစိုးရလက်ထက်က တည်ဆောက်ခွင့်ပြုထားတဲ့ အဆောက်အအုံတွေဖြစ်ပါတယ် ။ လက်ရှိအစိုးရလက်ထက်မှာ အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့် မပြုသေးဘူးလို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service