စွန့်ပစ် ပလတ်စတစ်ဘူးများကို အုတ်အစားထိုး၍ ကျောင်းဆောင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
1966 Views

စွန့်ပစ် ပလတ်စတစ်ဘူးများကို အုတ်အစားထိုး၍ ကျောင်းဆောင်တည်ဆောက်

မန္တလေးတိုင်းဒေသကြီး ပုဂံ(ညောင်ဦး)မြို့နယ် နတ်ကြို အိုင့်ရွာတွင် စွန့်ပစ်ပလတ်စတစ် ဘူးများကို အုတ်အစားထိုး၍ မူလတန်းလွန်ကျောင်းတစ်ကျောင်း တည်ဆောက်နေကြောင်း သတင်းရရှိသည်။

စွန့်ပစ်ပလတ်စတစ်ဘူးများ ကို အုတ်နေရာတွင် အစားထိုး ဆောက်လုပ်ခြင်းမှာ စွန့်ပစ်ပစ္စည်း များအား ပြန်လည်အသုံးချနိုင်ခြင်း ကို ဒေသခံများ သိရှိစေရန် ရည် ရွယ်သည်။

အမှိုက်ပုံမှ အမှိုက်များကို ကောက်ပြီး ရေသန့်ဘူးခွံဟောင်း များထဲထည့်၍ မာအောင်လုပ်ကာ ဘူးခွံဟောင်းများကို ဘေးနံရံတွင် စီတန်း၍ သံဆန်ခါဖြင့် ထပ်အုပ်ပြီးနောက် ဘိလပ်မြေဖြင့် အချောကိုင်ကြောင်း အဆိုပါ ကျောင်း၏ ကျောင်းအုပ်ကြီး ဦးသိန်းဝင်းက ပြောသည်။

‘‘စွန့်ပစ်ပစ္စည်းတွေကို Recicle အနေနဲ့ ပြန်လည်အသုံး ချတာပါ။ ဒေသခံတွေလည်း လုပ် လို့ရတယ်ဆိုတာ သိအောင်ပါ’’ ဟု ၎င်းကဆိုသည်။

ယခုနှစ် ဇူလိုင် ၃ ရက်က ထို ကျောင်းအဆောက်အအုံဆောက် လုပ်ရာတွင် ပုဂံ(ညောင်ဦး)မှ ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော်က လုပ်အားပေးခဲ့ကြသည်။

ပုဂံ(ညောင်ဦး)မြို့နယ် နတ် ကြိုအိုင့်ရွာတွင် စွန့်ပစ်ပလတ်စ တစ်ဘူးများကို အုတ်အစားထိုး၍ ဆောက်လုပ်ထားသော ကျပ်သိန်း ၈၀ တန် စာကြည့်တိုက်လည်း မကြာမီက ပြီးစီးသွားပြီး ယခုမူလ တန်းလွန်ကျောင်းတစ်ကျောင်းကို ထပ်မံ ဆောက်လုပ်နေခြင်းဖြစ် သည်။

နတ်ကြိုအိုင့်ရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်ကြသည်။ ထိုမူလတန်း လွန်ကျောင်းပြီးစီးပါက မူကြိုမှစ၍ဆဋ္ဌမတန်းထိ တက်ရောက်နိုင် မည်ဖြစ်သည်။ ထိုစီမံကိန်းကို ပြင်သစ်နိုင်ငံအဖွဲ့တစ်ဖွဲ့က အကူအ ညီပေးခြင်း ဖြစ်သည်။

ယခုကဲ့သို့ဆောက်လုပ်ခြင်း မှ ဒေသခံများကို စွန့်ပစ်အမှိုက်များ ကို ပြန်လည် အသုံးချလိုစိတ်မြင့် မားအောင် ပြုလုပ်ခြင်းလည်းဖြစ် ကြောင်း ကျောင်းအုပ်ကြီးဦးသိန်း ၀င်းက ပြောသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service