မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်နေဦးမည် - Property News in Myanmar from iMyanmarHouse.com
4041 Views

မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်နေဦးမည်

က္ဘာ့ရွှေဈေးနှုန်း မြင့်မားလာသည့်အတွက် မြန်မာ့ရွှေဈေး
သည်လည်း ဆက်လက်မြင့်မား လာဦး မည်ဖြစ်ကြောင်း ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးမှ
ကြား သိရသည်။

တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ''ပြီးခဲ့တဲ့တစ်ပတ်ကျော် ကတည်းက က္ဘာ့ရွှေဈေးက အတက်ဘက်ကိုချည်းပဲ တစ်လျှောက်လုံးသွားနေခဲ့တာ၊ ကျရိပ် လုံးဝမရှိဘူး။ ဒါ့ကြောင့် လာမယ့် အပတ်မှာလည်း ရွှေဈေးက ဆက်လက်မြင့်တက်မယ့် အနေ အထားမှာရှိနေပါ တယ်''ဟု သုံးသပ်ပြောကြားသည်။

ဇွန် ၂၄ ရက်က စတင်၍ ဥရောပသမဂ္ဂ (အီးယူ)ထဲမှ ဗြိတိန်ထွက်ပြီးနောက် က္ဘာ့ရွှေဈေး သည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

ဗြိတိန်၏ နိုင်ငံရေးကြောင့် မြန်မာ့ ပြည်တွင်းစီးပွားရေးသည် တိုက်ရိုက် မသက်ဆိုင်ကြောင်း စီးပွားရေးပညာရှင် များက သုံးသပ်ပြောကြားခဲ့သော်လည်း က္ဘာ့ရွှေဈေးသည် မြန်မာ့ရွှေဈေးနှင့် ဆက်စပ်နေသည့်အတွက် က္ဘာ့ရွှေဈေး တက်သည်နှင့်အမျှ မြန်မာ့ ရွှေဈေးသည် လည်း ထုံးစံအတိုင်းလိုက်ပါတက်မှုမှာ အစဉ်ရှိနေခဲ့သည်။

တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း စည်းရုံးရေးမှူး ဦးအေးချိုက ''ဗြိတိန်နိုင်ငံရဲ့ စတာလင်ပေါင်ငွေ ကြေးကျဆင်းမှုဟာ ကျွန်တော်တို့နိုင်ငံရဲ့ ရွှေဈေးကွက်ကို တိုက်ရိုက်ပတ်သက်မှု မရှိပါဘူး။ က္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ ရွှေဈေးက လိုက်တက်တတ်တဲ့သဘော တော့ရှိပါတယ်။ ဈေးကွက်အတွင်းမှာ တော့ သူ့ဈေးနဲ့သူ့အရောင်းအဝယ် မပျက် ရှိနေပါတယ်''ဟု ပြောသည်။

မြို့တွင်းရှိရွှေဆိုင်များတွင် လာ ရောက်ဝယ်သူများထက် မိမိတွင်ရှိ သော ရွှေများကို ပြန်လည်ရောင်းချသူ များပြားနေကြောင်း လသာမြို့နယ် အတွင်းမှ ရွှေဆိုင်အရောင်းတာဝန်ခံ တစ်ဦးက လက်ရှိအနေအထားကို ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ်ကျော် က အစပြု၍တက်လာသော က္ဘာ့ရွှေ ဈေးမှာ အနိမ့်ဘက်သို့ လုံးဝမဆင်းဘဲ အတက်ဘက် တစ်ဖက်တည်းကိုသာ ဦးတည်သွားခဲ့သည်ဟု ပြောသည်။

ဇွန် ၁ ရက် ညနေဈေးပိတ်ချိန်၌ က္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၄၁ ဖြင့် ပိတ်ခဲ့ ပြီး မြန်မာ့အခေါက်ရွှေတစ်ကျပ်သား လျှင် ငွေကျပ် ၈၂၃၅ဝဝ ဈေးရှိနေခဲ့သည်။

ဇွန် ၂ ရက် စနေနေ့သည် က္ဘာ့ရွှေ ဈေးကွက်ပိတ်သော်လည်း ရွှေဘုံသာ လမ်းရှိ တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင် များအသင်းရုံး ရွှေဈေးကွက်မှာ နံနက် ၁ဝ နာရီ
မထိုးမီကပင် ခန်းလုံးပြည့် စည်ကားနေသည်။

နံနက် ၁၁ နာရီ ရွှေဈေးကွက်စတင် ချိန်၌ တစ်ဦးသောသူက ရွှေတစ်ကျပ်သား လျှင် ငွေကျပ် ၈၂၅၅ဝဝ ဈေးခေါ်ခဲ့ သည်။ တစ်ဆက်တည်း နှစ်ပိုင်း(တစ် ပိုင်းလျှင် ရွှေတစ်ဆယ်ကျပ်သားအတုံး)၊ သုံးပိုင်းဖြင့်ဝယ်မည့်သူများထံမှ အသံကို ကြားလိုက်ရသည်။ နောက်ထပ်အချိန် အနည်းငယ်မှာ ပင် ဈေးကတစ်မျိုး ပြောင်းသွားပြန်သည်။

ယနေ့ ဈေးကွက် ပိတ်သိမ်းချိန်အထိ အသံများကမစဲဘဲ စည်ကားနေ မည်ဖြစ်သည်။
ယနေ့မြန်မာ့ရွှေဈေးကွက်မှာ ဟို ယခင်ကဲ့သို့ မဟုတ်တော့ပေ။ လွတ်လပ် ပွင့်လင်းစွာ အရောင်းအဝယ်ရှိ နေကြ သည်ကို တွေ့ရသည်။

အတွင်းရေးမှူး ဦးဝင်းမြင့်က ''ကျွန် တော်တို့ရဲ့ ဒီကနေ့ ရွှေဈေးကွက် က နှုန်းရှင်နဲ့ သွားနေတာပါ။
လက်ရှိ က္ဘာ့ရွှေဈေးထက် မြန်မာ့ရွှေဈေးက ငွေကျပ် ၁ဝဝဝဝ ကျော်လောက်ကို နိမ့် နေပါသေးတယ်။ ထိန်းကျောင်းစရာ လိုအပ်တဲ့ အနေအထားမဟုတ်ပါဘူး။ ဒါကြောင့် ရောင်းတဲ့သူကလည်း လွတ်လွတ်လပ်လပ်နဲ့ရောင်းသလို ဝယ် တဲ့သူကလည်း လွတ်လွတ်လပ်လပ် စိတ်ချလက်ချနဲ့ အရောင်း အဝယ် ဈေးကွက်ရှိနေပါတယ်''ဟု ရှင်းပြသည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သား လျှင် ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းတွင် ငွေကျပ် ၈၂၅ဝဝဝ ရှိပြီး အထည် (ရွှေ ထည်) အရောင်းဆိုင်များ၌ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၇၇ဝဝဝဝ ကျော်ဖြင့် အရောင်းရှိနေကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service