ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1585 Views

ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော်အမေရိကန်မော်ဒယ်လ်/သရုပ်ဆောင် ကုတ်တ်နေး ကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

စကော့ဒစ်ဇစ်ကို ၁၉၈၃ ခုနှစ်၊ မေလ ၂၆ ရက်တွင်နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရပ်တွင်
မွေးဖွားသည်။စကော့ဒစ်ဇစ်သည် ကာဒါရှီယန်ညီအမတို့နှင့်အတူ ရုပ်သံအစီအစဉ်များတွင် ပါဝင်ခဲ့ရာ Keeping up with the Kardashians၊ Kourtney & Khloé Take Miami နှင့် Kourtney & Khloé Take the Hamptons အစီအစဉ်များတွင် ပါဝင်ခဲ့သည်။

စကော့ဒစ်ဇစ်သည် တစ်ဦးတည်းသောသားဖြစ်ပြီး တန်ဖိုးကြီးအ၀တ်အထည်များဝတ်ဆင်ခြင်းနှင့် စပ်လျဉ်း၍ နာမည်ကျော်သည်။
စကော့ဒစ်ဇစ်နှင့် ကုတ်တ်နေးကာဒါရှီယန်တို့တွင် သားသမီး ၃ ဦးထွန်းကားခဲ့သည်။
ပထမဆုံးရင်သွေးမှာ ယောက်ျားလေးဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် မွေးဖွားကာ မေဆန် ဒက်ရှ် ဒစ်ဇစ်ဟု အမည်ပေးထားသည်။

မေဆန်မွေးဖွားပြီး မကြာမီတွင် ၎င်းတို့ဇနီးမောင်နှံ ကွာရှင်းခဲ့ကြဖူးပြီး နောက်ပိုင်းမှ ပြန်လည်ပေါင်းထုပ်
ခဲ့ခြင်းဖြစ်သည်။
သမီးငယ် ပင်နီလုပ် စကော့တလန် ဒစ်ဇစ်ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင် ၈ ရက်တွင် မွေးဖွားသည်။

စကော့ဒစ်ဇစ်သည် ကုတ်တ်နေးကာဒါရှီယန်၏ ညီမဖြစ်သူ ခလိုကာဒါရှီယန်နှင့် အချစ်ရေးဇာတ်လမ်းများ နာမည်ထွက်လာခဲ့ဖူးသည်။
ကုတ်တ်နေးက ထိုအကြောင်းနှင့် ပတ်သက်၍ “သူတို့ဒီလိုတွေ မဖြစ်ကြခင်က ကျွန်မရှိတဲ့နေရာမှာ ခလိုရှိနေတယ်လို့ စကော့သိရင် သူဘယ်တော့မှ မလာဘူး။ ခလိုကလည်း စကော့ရှိနေတယ်လို့သိရင် မလာဘူး။ အခုချိန်မှာတော့ သူတို့နှစ်ယောက် တစ်ခန်းတည်းမှာ အတူတူရောက်ချင်ရောက်နေနိုင်တယ်။ အရမ်းလွမ်းတာပဲလို့ ပြောပြီးပလူးနေကြမှာပေါ့”ဟု ပြောဖူးသည်။

၂၀၁၃ ခုနှစ်အတွင်းက အမျိုးသားမော်ဒယ်လ်တစ်ဦးဖြစ်သူ မိုက်ကယ် ဂါဂျန်တီက ၎င်းသည် မေဆန်၏ ဖခင်ဖြစ်ကြောင်း၊ စကော့ဒစ်ဇစ်မှာ ဖခင်မဟုတ်ကြောင်း၊ မိမိအနေဖြင့် မေဆန်ကို အုပ်ထိန်းခွင့်ရရန် ကုတ်တ်နေးကာဒါရှီယန်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ရာ ဟောလိဝုဒ်တွင် ဂယက်အရိုက်ဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
ထို့နောက် မေဆန်၏ ဒီအင်အေကို စစ်ဆေးရာ စကော့ဒစ်ဇစ်မှာ မေဆန်နှင့် ပင်နီလုပ်နှစ်ဦးလုံး၏ ဖခင်ဖြစ်သည်ဟု အဖြေထွက်ပေါ်ခဲ့သည်။

ထိုနှစ်အတွင်းတွင်ပင် စကော့နှင့် ကုတ်တ်နေးတို့၏ တတိယရင်သွေး ရိန်းကို ၂၀၁၄ ၊ ဒီဇင်ဘာ ၁၄ ရက်တွင် မွေးဖွားခဲ့သည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် ကွာရှင်းခဲ့ကြပြီးနောက် တိတ်တဆိတ်ပြန်လည် ဆက်သွယ်တွေ့ဆုံခဲ့ကြရာ ယခုအခါတွင် ကုတ်တ်နေးကာဒါရှီယန်တွင် စကော့ဒစ်ဇစ်၏ စတုတ္ထမြောက်ရင်သွေးကို လွယ်ထားရပြီဟူသော သတင်းများထွက် http://goo.gl/cGa6lh လာလျက်ရှိသည်။

စကော့ဒစ်ဇစ်ရောင်းချမည့်နေအိမ်ကြီးမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Hidden Hills တွင် တည်ရှိသည်။
အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သည့် ယင်းနေအိမ်ကြီးကို ကာဒါရှီယန်ညီအစ်မများ၏ Keeping Up with the Kardashians ဇာတ်လမ်းတွဲများတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

စကော့ဒစ်ဇစ်က အဆိုပါနေအိမ်ကို လွန်ခဲ့သော ဒီဇင်ဘာလအတွင်း ၀ယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၅ ဒသမ ၉၆ သန်းသာ ပေးခဲ့ရသည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၈၁၁၀ ကျယ်ဝန်းပြီး စားတော်ကဲတစ်ဦး၏ မီးဖိုဆောင်ကဲ့သို့ ပစ္စည်းအစုံအလင် တပ်ဆင်ထားသော မီးဖိုဆောင်ပါဝင်ပြီး ၀ိုင်သိုလှောင်ခန်း၊ ဂိမ်းကစားခန်း၊ ဟိုတယ်အသွင်မွမ်းမံထားသော အိပ်ခန်းနှင့် ဧည့်ခန်း၊ ဧကရာဇ်တစ်ပါး၏ ရေချိုးခန်းတစ်မျှ ကြီးမားခမ်းနားလှသော ရေချိုးခန်း၊ မီးလင်းဖိုများပါဝင်ပြီး ၀န်းကျင်ရှိ တောင်ကုန်းများကို ကျယ်ပြန့်စွာရှုမြင်နိုင်သည်။
အ၀တ်အစားများထားရှိသည့်အခန်းမှာလည်း အလွန်ကျယ်ပြောလှပြီး စကော့ဒစ်ဇစ်က ထသွားထလာနှင့် ပွဲတက်ဝတ်စုံတို့ကို သီးခြားခွဲကာ ထားရှိသည်။ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကုတ်နေးကာဒါရှီယန်၏ ခင်ပွန်း စကော့ဒစ်ဇစ်၏ နေအိမ် ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service