လန်ဒန်မြေအတွက် ချေးငွေထုတ်ပေးမှု စင်ကာပူ ယူအိုဘီဘဏ် ဆိုင်းငံ့ - Property News in Myanmar from iMyanmarHouse.com
1531 Views

လန်ဒန်မြေအတွက် ချေးငွေထုတ်ပေးမှု စင်ကာပူ ယူအိုဘီဘဏ် ဆိုင်းငံ့

စင်ကာပူရဲ့ တတိယအကြီးဆုံး ချေးငွေဘဏ်ဖြစ်တဲ့ ယူအိုဘီက လန်ဒန်အိမ်ခြံမြေ ဝယ်ယူမှုတွေအတွက် သူတို့ဘဏ်ရဲ့ ချေးငွေထုတ်ပေးမှု အစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂကနေ ခွဲထွက်မယ်ဆိုတဲ့ ဗြိတိန်ရဲ့ ဆုံးဖြတ်ကြောင့် ဖြစ်လာတဲ့ မရေမရာမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ချက်ချလိုက်တာလို့ ယူအိုဘီဘဏ်က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၃ရက်နေ့က ဆန္ဒမဲခွဲမှုဟာ ကမ္ဘာ့ဈေးကွက်ကို ဂယက်ထစေခဲ့သလို စတာလင်ပေါင်တန်ဖိုးလည်း စံချိန်တင်ကျဆင်းခဲ့ပါတယ်။အဆိုပါ ဆန္ဒခံယူပွဲကျင်းပပြီးအချိန်ကစပြီး စင်ကာပူဒေါ်လာတန်ဖိုးဟာ ၁၀ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ လန်ဒန်အိမ်ခြံမြေတွေ ဝယ်ယူမှုမှာ ထိပ်ပိုင်းကရပ်တည်နေသူတွေထဲမှာ စင်ကာပူနိုင်ငံသားတွေ ပါဝင်ပါတယ်။

‘ကျွန်တော်တို့အနေနဲ့ အခုလတ်တလောမှာ လန်ဒန်ကအိမ်ခြံမြေတွေအတွက် ချေးငွေလျှောက်ထားတဲ့ ပြည်ပအိမ်ခြံမြေ ချေးငွေလျှောက်လွှာတွေ လက်ခံတာကို ယာယီဆိုင်းငံ့သွားမှာပါ’ လို့ ယူအိုဘီဘဏ်က ဘီဘီစီကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

‘ဗြိတိန်ဆန္ဒခံယူပွဲရဲ့ နောက်ဆက်တွဲ ဂယက်က အခုမှ စမြင်နေရတာပါ၊ မရေရာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ ဘဏ်ဖောက်သည်တွေအနေနဲ့ လန်ဒန်အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ သတိကြီးကြီး ထားမိအောင် ကျွန်တော်တို့ဘက်က လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်’ လို့လည်း ယူအိုဘီဘဏ်က ပြောကြားခဲ့ပါတယ်။

စင်ကာပူရဲ့ အကြီးဆုံးသော ငွေချေးလုပ်ငန်းတစ်ခုဖြစ်တဲ့ DBS ကတော့ လန်ဒန်မှာ အိမ်ခြံမြေတွေ ဝယ်ယူမှုအတွက် ငွေထုတ်ချေးမှုတွေကို ဝန်ဆောင်မှုပေးနေဆဲပါပဲ။ဒါပေမဲ့ သူတို့ရဲ့ဖောက်သည်တွေကို သတိကြီးကြီးထားကြဖို့ အကြံပြုထားပါတယ်။

‘လန်ဒန်မှာ အိမ်ခြံမြေ ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့သူတွေကို အခြေအနေ သေသေချာချာ အကဲဖြတ်ကြဖို့ ကျွန်တော်တို့အနေနဲ့ အကြံပြုချင်ပါတယ်’ လို့ DBS ဘဏ်ရဲ့ ချေးငွေထုတ်ချေးမှုဌာနရဲ့ အလုပ်အမှုဆောင်ဒါရိုက်တာ Tok Geok Peng က ဘီဘီစီကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Credit:The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service