တည်ဆောက်ရေးလုပ်ငန်းများတွင် တန်ဖိုးနည်းကွန်ကရစ်နည်းပညာအသုံးပြုနိုင်ရေး ဟောပြော - Property News in Myanmar from iMyanmarHouse.com
1290 Views

တည်ဆောက်ရေးလုပ်ငန်းများတွင် တန်ဖိုးနည်းကွန်ကရစ်နည်းပညာအသုံးပြုနိုင်ရေး ဟောပြော

မြန်မာနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများ တွင် တန်ဖိုးနည်း ကွန်ကရစ် နည်းပညာကို အသုံးပြုနိုင်ရန်၊ ကွန် ကရစ်ထဲ တွင် ထည့်သွင်းတည်ဆောက် သည့် သံထည်ပစ္စည်းများ သံချေးတက် ခြင်းမှကာကွယ်နိုင်ရန်နှင့် ကွန်ကရစ်၏ သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် Fly Ash ပြာမှုန့်ကို ရောစပ် သုံးစွဲနိုင်ရန် နည်းပညာမျှဝေပေးခြင်း ဖြစ်ကြောင်း AshtechFly Ash မြန်မာ ကုမ္ပဏီမှ ဦးကျော်ကျော်မင်းက မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း၌ ဇွန်လ စတုတ္ထပတ်က ကျင်းပသော ကွန်ကရစ် နည်းပညာနှင့်ပတ်သက်သည့် ဟောပြော ပွဲတွင် ပြောကြားသည်။

Fly Ash ပြာမှုန့်ဆိုသည်မှာ လောင်စာတစ်ခု သည် အောက်စီဂျင် နှင့်ပေါင်းစပ်လောင်ကျွမ်းပြီး အပူနှင့် အလင်းထုတ်ပေးရာမှ ထွက်ပေါ်လာသည့် ပုံဆောင်မဲပြာမှုန့်များဖြစ်ပြီး သေးငယ် သော အရွယ်ပမာဏရှိပြီး မီးခိုးရောင် ဖြစ်ကာ ကြည်လင်သန့်စင်သော အမှုန့်  တစ်မျိုးဖြစ် သည်။ မီးတောင်မှထွက်သော ပြာမှုန် အတိုင်းဖြစ်သည့်ဆီလီကာနှင့် အလူမီနာ ကြယ်ဝစွာပါဝင်ပြီး ပိုဇိုလန် ပါဝင်သော Fly Ash ပြာမှုန့်သည် တည်ဆောက်ရေးဆိုင်ရာ သရိုးကိုင်တွဲစပ် လုပ်ကိုင်သည့် ထုတ်ကုန်များ၌ လွန်စွာ အထောက်အကူဖြစ်စေကြောင်း သိရ သည်။
အသုံးပြုသော ဘိလပ်မြေနှင့်ရေ အစို ဓာတ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အလွန်သေးငယ်သော အပေါက်ငယ် ကလေးများကို နေရာယူ ဖာထေးပေးနိုင် ခြင်းကြောင့် ကွန်ကရစ်သက်တမ်းကြာ ရှည်ခြင်းနှင့် အားကောင်းမှုကိုဖြစ်စေ သည်။
တည်ဆောက်ရေးလုပ်ငန်းများတွင် ဘိလပ်မြေဖြင့် ကွန်ကရစ်ဖျော်စပ်ရာ တွင် ရောစပ်အသုံးပြုပါက ကွန်ကရစ် အား ကျစ်လျစ်စေ၍ ပိုမိုသိပ်သည်းမှုကို
ရရှိစေသည့်အပြင် ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်စေနိုင် သည့် ကွန်ကရစ်မျက်နှာပြင် ကွဲအက်မှုများကို လည်း လျော့နည်းစေ ကြောင်း သိရသည်။

Fly Ash ပြာမှုန့် ရောစပ်အ သုံးပြု ခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ ကွန်ကရစ်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် အဆောက် အအုံ၊ လမ်းတံတားများ ပြုပြင်ထိန်းသိမ်း မှု စရိတ်လျော့နည်းစေနိုင်ပြီးသက်တမ်းကြာမြင့်စွာ ခံနိုင်ရည်ရှိခြင်း၊ ကွန်ကရစ် ဖျော်စပ်မှု အချိန်သက်သာစေခြင်း၊ ကွန်ကရစ်တွန်းပို့ရာတွင် လွယ်ကူချောမွေ့ စေခြင်း၊ကွန်ကရစ်ကို သယ်ယူပို့ဆောင် သည့် စက်ယ္တရား၊ ယာဉ်တို့၏ပြုပြင် ထိန်းသိမ်းစရိတ်များ သက်သာစေနိုင် ကြောင်း သိရသည်။

လက်ရှိ နိုင်ငံအတွင်းတည်ဆောက် လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်း များတွင် ဘိလပ်မြေကို ၁ဝဝ ရာနှုန်း အသုံး ပြုနေကြပြီးFly Ash ပြာမှုန့်ကို ဘိလပ်မြေနှင့် ရောစပ်အသုံးပြုပါက ကုန်ကျစရိတ် ၃ဝ ရာခိုင်နှုန်းခန့် သက်သာ စေနိုင်ကြောင်း သိရသည်။

Fly Ash ပြာမှုန့်တန်ဖိုးသည် ဘိလပ်မြေတစ်အိတ်တန်ဖိုး၏ ထက်ဝက် ခန့်သာရှိကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service