ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1548 Views

ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ

ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာတွင် ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်တစ်လုံး ၀ယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂွင်းနက်ပက်ထရိုးသည် နယူးယောက်မြို့၊ မန်ဟက်တန်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်းဖြင့် ယခုနှစ် မတ်လအတွင်းက ရောင်းချခဲ့သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/459510 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ယခုဝယ်ယူလိုက်သည့် နေအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သည်။
ဗင်းနစ်၏ သြဇာလွှမ်းမှုများပါသော ပါလာဒီယန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြိး ပင်မနေအိမ်မှာ စတုရန်းပေ ၅၀၂၂ ပေ ကျယ်ဝန်းသည်။

ဧည့်ခန်းမှာ ရှေးဟောင်းဟန်ဖြစ်သော်လည်း ကျယ်ပြောမှုရှိပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိမြင့်မားသော ပြတင်းပေါက်များအပြင် ကောင်းကင်အလင်းရရှိစေရန် ခေါင်မိုးတွင် မှန်ဖြင့်ဖောက်လုပ်ထားသော ပြတင်းပေါက်လည်း ပါဝင်သည်။

ကား ၂ စင်းဝင်ဆန့်သည့် ကားဂိုဒေါင်၊ ရေကူးကန်တစ်ခုတို့ပါဝင်ပြီး ခြံဝန်းအကျယ်အ၀န်းမှာ ၂ ဒသမ ၅ ဧက ကျယ်ဝန်းသည်။
ဂွင်းနက်ပက်ထရိုးကို ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၂၇ တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည် နယ်၊ လော့စ်အိန်ဂျလိမြို့ တွင် ဖွားမြင်ပြီးမိဘများမှာ သရုပ်ဆောင်မင်းသမီးဘလစ်သ် ဒန်နာနှင့် ဒါရိုက်တာဘရုစ်ပယ်လ်ထရိုးတို့ ဖြစ်သည်။

၁၉၉၈ ခုနှစ်က ရိုက်ကူးထုတ်လုပ်သောShakespeare in Loveဇာတ်ကားတွင် ဂွင်းနက်ပက်ထရိုးကို ကမ္ဘာကသိလာသည်။ ဂွင်းနက်ပက်ထရိုး၏ ဘင်အက်ဖလက်၊ ဘရက်ပစ်တို့နှင့် အချစ်ရေးမှာလူသိများကျော်ကြားလှပြီးColdplayအဖွဲ့၏ ရှေ့ ထွက်အဆိုတော် ခရစ်စ်မာတင်နှင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

ကမ္ဘာကျော်စာရေးဆရာကြီးချားလ်စ်ဒစ်ကင်း၏ မျှော်တလင့်လင့် ၀တ္ထုကြီးကို ပြန်လည်ရိုက်ကူးထားသည့် ဇာတ်ကားတွင် အက်စ်တယ်လာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂွင်းနက်ပက်ထရိုးသည် အဖေ့သမီး၊ မီးဖိုဆောင်စားပွဲပေါ်မှ မှတ်စုများ ၊ အားလုံးကောင်းပါသည် အမည်ရှိစာအုပ်များလည်းရေးသားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သရုပ်ဆောင်ဂွင်းနက်ပက်ထရိုးက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းတန် နေအိမ်သစ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service