အဆောက်အအုံ ဆောက်လုပ်ခွင့်များ ရပ်ဆိုင်းထား - Property News in Myanmar from iMyanmarHouse.com
1595 Views

အဆောက်အအုံ ဆောက်လုပ်ခွင့်များ ရပ်ဆိုင်းထား

အဆောက်အအုံ ဆောက်ခွင့်ပါမစ်တွေကို သည်လကုန် အထိ ပိတ်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက သိရပါတယ်။ အဆောက်အအုံ အထပ်နိမ့် အထပ်မြင့်တည်ဆောက်ဖို့ တင်တဲ့ အမှုတွဲတွေ ကို ဇူလိုင်လ ၁ ရက်နေ့မှ စပြီး လက်ခံမယ် လို့ကြေညာ ထားတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက အဆောက်အအုံ တည်ဆောက်ခွင့်တွေ ကို မူဝါဒအသစ်နဲ့ စိစစ်ပြီး ခွင့်ပြုမှာ ဖြစ်လို့လက်ရှိအဆောက်အအုံ တည်ဆောက်ဖို့ တင်တဲ့အမှုတွဲ လက်မခံသေးတာလို့ ပြောပါတယ်။
မူဝါဒအသစ်မှာ ဘယ်လိုအချက်တွေနဲ့ အဆောက်အအုံတွေကို စိစစ်ပြီးခွင့်ပြုမယ်ဆိုတာကို လက်ရှိတရားဝင်ချပြတာမရှိသေးပါဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ သည်ကြေညာချက်မထုတ်ခင် အဆောက်အအုံဆောက် လုပ်ခွင့် အမှုတွဲ တင်ထားတာတွေကိုတော့ မူဝါဒအဟောင်းနဲ့ စိစစ်ပြီး ခွင့်ပြုပေးမယ်လို့ သိရပါတယ်။

မူဝါဒအသစ်ကိုလည်း အများပြည်သူသိရှိအောင် မီဒီယာတွေကနေ ကြေညာပေးမှာဖြစ်ပါတယ်။လက်ရှိအစိုးရလက်ထက်မှာ အဆောက်အအုံ တည်ဆောက် တဲ့မူဝါဒအသစ်ရေးဆွဲတာ အထပ်မြင့်အဆောက်အအုံတွေ ကို ပြန်စိစစ်တာတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီးစိစစ်ဆောင်ရွတ်နေပါတယ်။

မူဝါဒသစ်တွေ ချမှတ်တာ အထပ်မြင့်တွေစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့အတွင်း အထပ်မြင့်အဆောက်အအုံတွေကို တည်ဆောက်တာကို ဥပဒေစီးမျဉ်းသီးကမ်းမူဘောင် အတွင်း လုံခြုံစိတ်ချစွာ လွတ်လွတ်လပ်လပ်ဆောင်ရွတ် နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အထပ်မြင့်အဆောက်အအုံတွေမြေပြင်အထိ ကွင်းဆင်းစစ်ဆေးတာကို သည်လ ၂၁ ရက်နေ့ကစတင်ပါတယ်။နောက်ထက်မြေပြင်ကွင်းဆင်း စစ်ဆေးဖို့ အထပ်မြင့်အထပ်မြင့် ၁၄၁ လုံးရှိတယ်လို့ သိရပါတယ်။

အဆောက်အအုံတွေ ပြန်လည်စိစစ်ဖို့ လက်ရှိကျင့်သုံးနေတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ရေးဆွဲမှာဖြစ်ပါတယ်။
သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန်လအထိကို အထပ်မြင့်သုံးထပ်ကနေ ရှစ်ထပ်ခွဲအထိ စုစုပေါင်းအလုံး ၃၀၀ ခန့်သာ ခွင့်ပြုပေးခဲ့တယ်။ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က အထပ်မြင့်သုံးထပ်ကနေ ရှစ်ထပ်ခွဲအထိကို စုစုပေါင်းအလုံး ၆၀၀၀ ကျော်ခွင့်ပြုပေးတာဖြစ်ပါတယ်။

Credit: The Kumudra

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service