ဗြိတိန်ဂယက်ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးပါ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
1548 Views

ဗြိတိန်ဂယက်ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးပါ ကျဆင်း

ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်မှုကြောင့် နိုင်ငံတကာ စ တော့ဈေးကွက်များတွင် ရှယ်ယာ တန်ဖိုးများကျဆင်းသကဲ့သို့ ရန် ကုန်စတော့အိတ်ချိန်းရှိ ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာ ဈေးနှုန်းများလည်း စတင်ကျဆင်းလာကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံသုံးငွေ စတာ လင်ပေါင်တန်ဖိုး စံချိန်တင် ကျ ဆင်းပြီး ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတို့ရှိ စတော့အိတ် ချိန်းများတွင် ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့သည်။ ရန်ကုန်စတော့ အိတ်ချိန်းမှာလည်း စင်ကာပူစတော့အိတ်ချိန်းနှင့် ချိတ်ဆက် ထားခြင်းကြောင့် လက်ရှိစာရင်း ၀င်ကုမ္ပဏီနှစ်ခုဖြစ်သော FMI အများပိုင်ကုမ္ပဏီ၏အစုရှယ်ယာ တန်ဖိုး ၆ ရာခိုင်နှုန်းကျော်နှင့် မြန် မာသီလ၀ါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီတို့၏အစုရှယ်ယာတန်ဖိုး ၂ရာခိုင်နှုန်းကျဆင်းလာသည်။

‘‘ဗြိတိန်ရဲ့ ရိုက်ခတ်မှုကြောင့်ဈေးထိုးကျတာပါ။ နိုင်ငံတကာမှာ ဖြစ်သလိုပဲ’’ဟု FMI အများ ပိုင်ကုမ္ပဏီ အမှုဆောင် ဒါရိုက် တာ ဦးထွန်းထွန်းက ပြောကြားသည်။

FMIကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးသည် ဇွန်လ ၂၇ရက်ဈေး ဖွင့်ချိန်တွင် ရှယ်ယာတစ်စုလျှင်ကျပ် ၁,၅၀၀ ကျဆင်းခဲ့ခြင်း ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အရောင်းအ၀ယ် ပိတ် ချိန်၌ ရှယ်ယာဈေးနှုန်းမှာ ၂၃,၅၀၀ကျပ်သို့ ကျဆင်းလာသည်။

ထို့အတူ သီလ၀ါအထူးစီးပွားရေးဇုန်ရှယ်ယာမှာလည်းဇွန်လ ၂၇ ရက်တွင် ၁,၀၀၀ ကျပ်ခန့်ကျဆင်းပြီး အရောင်းအ၀ယ်ရပ်နားချိန်၌ ရှယ်ယာဈေးနှုန်းမှာ ၄၉,၀၀၀ကျပ်သို့ ကျဆင်းခဲ့သည်။

ဗြိတိန်သည် ဥရောပသမဂ္ဂ အဖွဲ့မှ ခွဲထွက်မှုကို ဇွန်လ ၂၄ ရက်တွင် တရားဝင် အဖြေထွက် လာပြီးနောက် အချိန်ပိုင်းအတွင်း စတာလင်ပေါင်တန်ဖိုးသည် နှစ် ၃၀ ကျော်ကာလတွင် အဆိုးရွားဆုံးကျဆင်းခဲ့သည်။ စတော့ရှယ်ယာ တန်ဖိုးများ ကျဆင်းပြီးနောက် ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့သည်။

လက်ရှိကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန် ၁,၃၂၄ ဒေါ်လာခန့်ရှိနေပြီး ပြည်တွင်းရွှေဈေးမှာ ၈၁၉,၀၀၀ ကျပ်ခန့်ဈေးရှိသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service