အိန္ဒိယနိုင်ငံတွင် World One ဟု အမည်ပေးထားသောကမ္ဘာ့အမြင့်ဆုံးလူနေအဆောက်အအုံဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်းဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
World One ကိုဆောက်လုပ်မည့်developer လိုဒါမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကပြောကြားရာတွင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတို့ကိုထင်ရှားသည့်ပြယုဂ်အဆောက်အအုံများဖြင့်ခွဲခြားလေ့ရှိကြသည်ဟုဆိုသည်။
လိုဒါသည် World Oneကိုမွန်ဘိုင်း၏ ပြယုဂ်ဖြစ်လာစေရန်ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်ဟုဆိုသည်။ World Oneသည်ုမွန်ဘိုင်း၏ ဘဏ္ဍာရေးအချက်အခြာကျသောအရပ်တွင်တည်ဆောက်မည်ဖြစ်ပြီးအိပ်ခန်း ၃ ခန်းမှ ၄ ခန်းပါသောလူနေခန်းပေါင်း ၃၀၀ ပါဝင်မည်ဖြစ်ပြီးကိုယ်ပိုင်ရေကူးကန်များလည် ပါဝင်မည်ဟု ဆိုသည်။
World One တည်ဆောက်ချိန်မှာအိန္ဒိယအိမ်ခြံမြေဈေးကွက်ကျဆင်းနေမှု ပြန်လည်နာလံထူလာချိန်နှင့် တိုက်ဆိုင်နေသည်။World Oneရှိလူနေခန်းများ၏ တန်ဖိုးမှာအနည်းဆုံးကန်ဒေါ်လာ ၂ သန်းဖြစ်ဖွယ်ရှိသည်။