လာရာကောင်းမှ လားရာကောင်းမယ့် မြို့မြေဈေးများ - Property News in Myanmar from iMyanmarHouse.com
3245 Views

လာရာကောင်းမှ လားရာကောင်းမယ့် မြို့မြေဈေးများ

မြန်မာ့အိမ်ခြံမြေဈေးကြီးမြင့်မှုဟာ မြို့ကြီးတွေမှာ အဓိကကြုံတွေနေရတဲ့
ပြသနာတစ်ရပ်ပါ။ အထူးသဖြင့် မြေဈေးကြီးမြင့်မှုဒဏ်ကို အဓိကတွေ့ကြုံ ခံစားနေကြရတာကတော့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေဘဲဖြစ်ပါတယ်။

ဒီလိုမြို့ကြီးတွေမှာတောင် မြေဈေး ကြီးမြင့်မှုအနေအထားဟာ နေရာအနေအထားတွေပေါ်မူ
တည်ပြီးကွဲပြားခြားနားတာ ကိုတွေ့ရပါတယ်။ဆိုလိုတာက ရန်ကုန်မြို့ရဲ့ လူနေထူထပ်တဲ့ မြို့နယ်တွေဖြစ်တဲ့ မြို့တွင်းခြောက်မြို့နယ်ရဲ့ ဈေးဟာ မြင့်မားမှုနှုန်း အဆမတန်မြန်ဆန်ခဲ့ပေမယ့် မြို့စွန်မြို့သစ်တွေဖြစ်တဲ့ ရွှေပြည်သာ၊လှိုင်သာယာ ၊ ဒဂုံဆိပ်ကမ်း အစရှိတဲ့နေရာတွေရဲ့ဈေးကတော့ ကာလမြေတန်ဖိုးနဲ့ နှိုင်းယှဉ်ရင် အရမ်းမမြင့်မားတာကိုတွေ့ရပါတယ်။ဒါဟာ မြို့စွန်မြို့သစ်တွေရဲ့ အားနည်းချက်ဖြစ်ပြီး မြို့သစ်တွေရဲ့ အားသာချက်ပြည့်စုံလာချိန်မှာမှ တစ်နည်းဆိုရရင် လာရာကောင်းတဲ့မြို့သစ်တွေပေါ်ထွန်းလာမှသာ မြို့ဟောင်းရဲ့ဈေးကွက်လားရာဟာ stable ဈေးနှုန်းနဲ့ရပ်တ်ာနိုင်မှာဖြစ်ပါတယ်။ဒီနေ့ ဆောင်းပါးမှာ အိမ် ခြံ မြေဈေးတွေ ကျဆင်းလာအောင် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ လုပ်ဆောင်ပေးမယ်ဆိုတဲ့ စကားရပ်အပေါ် ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။

အိမ်ခြံ မြေ ရဲ့ ဈေးကွက်ဟာ နိုင်ငံရဲ့အခွန်ငွေကိုအများကြီး အထောက်အကူပြုတဲ့ဈေးကွက်ဖြစ်ပါတယ်။လက်ရှိ ကာလမှာ အခွန်နှုန်းထားမြင့်တက်လာမှုနဲ့ အတူ အိမ် ခြံ မြေ အရောင်းအဝယ်အနေအထားဟာ အတန်ငယ် ပါးလာပါတယ်။အဲဒီလို ပါးလာခဲ့တယ်ဆိုပေမယ့် ဈေးနှုန်းသိသိသာသာ ကျဆင်းသွားတာတော့ မဟုတ်ပါဘူး။နောက်တစ်ခါ အိမ် ခြံ မြေ ဈေးကို တစ်စုံတစ်ဦး ၊အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျဆင်းအောင်လုပ်မယ်ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းပါတယ်။

""အိမ် ခြံ မြေကို တစ်ဦးတစ်ယောက် အဖွဲ့တစ်စ်ခုအနေနဲ့ ဈေးကျအောင် ဈေးတက်အောင် လုပ်ဖို့ဆိုတာမရပါဘူး။မြန်မာပြည်ဟာ မြေလွတ်မြေရိုင်းတွေ အများကြီးရှိပါတယ်။Developer တွေအနေနဲ့ မြေဈေးကို ဆွဲတင် ဆွဲချ မလုပ်နိုင်ပါဘူး။အဲဒါကြောင့် ရင်းနှီးမြုပ်နှံလိုသူတွေအနေနဲ့ ကြောက်စရာမလိုဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။""လို့ အိမ်ခြံမြေ အရောင်းပြပွဲတစ်ခုရဲ့ဟောပြောပွဲမှာ ရန်ကုန်တိုင်း အိမ်ခြံ မြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌ က ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ တင်ပြချင်တဲ့အပိုင်းဖြစ်တဲ့ မြို့သစ်ရဲ့လာရာကောင်းခြင်းဆိုတာလာပါပြီ။ယခင် အစိုးရတွေရဲ့ လက်ထက်တွေမှာလည်း မြို့သစ်စီမံကိန်းဖော်ပြီး မြို့သစ်တည်ခဲ့တာတွေရှိပါတယ်။ဒါပေမယ့် တည်ခဲ့တဲ့မြို့ သစ်တွေဟာ လာရာတော့မကောင်းခဲ့ပါဘူး။ဘာကြောင့် လာရာမကောင်းခဲ့ဘူးလဲလို့ပြောရရင် အစိုးရရဲ့ တာဝန်ယူမှုအပိုင်းအားနည်းခဲ့လို့ပါ။အမှန်တကယ် လူတွေနေထိုင်လိုတဲ့ မြို့သစ်အိမ်ရာတွေသာ ဖော်ထုတ်ပေးနိုင်ခဲ့ရင် ရန်ကုန်ရဲ့ မြေဈေးဟာ ဒီလောက်ထိ ကြီးမြင့်နေမှာ မဟုတ်ပါဘူး။ဒါပေမယ့် အစိုးရရဲ့ မြို့သစ်စီမံကိန်းအများစုဟာ ကိုယ်ထူကိုယ်ထ စနစ်တွေနဲ့ စထားတာတွေ့ရပါတယ်။နောက်တစ်ခါ မြို့တစ်မြို့ရဲ့အင်္ဂါရပ်တွေဖြစ်တဲ့ ဆေးရုံ၊ကျောင်း၊ အစရှိသဖြင့် မပြည့်စုံခဲ့ပါဘူး။အစိုးရ အနေနဲ့ မြို့သစ်တွေဖော်ထုတ်ရာမှာ အကွက်ရိုက်ရောင်းစားခဲ့တာတွေလောက်ပဲရှိခဲ့ပါတယ်။နေပြည်တော်မှ တစ်ပါး အခြားသောမြို့သစ်များဟာ လက်ရှိတင်ပြထားသလိုပါပဲ။အကျယ်အဝန်းအားဖြင့်လည်း ဧက ၃၀၀၀ ကျော်ကိုတောင် အမှန်တကယ်နေထိုင်ရန်အဆင်သင့်ဖြစ်တဲ့ အနေအထားတစ်ရပ်အဖြစ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ယနေ့ကာလ မှာလည်း လူဦးရေ ခြောက်သန်း ဝန်းကျင်ကို ဗိုက်ထဲထည့်ထားရတဲ့ ရန်ကုန်ရဲ့ အခြေအနေဟာ အကူအညီလိုအပ်နေပါပြီ။ဒါကြောင့် မြို့သစ်စီမံကိန်း ဟာ မဖြစ်မနေ ဖော်ဆောင်လာကြဦးမှာပါ။ဒီလို ဖော်ဆောင်ရာမှာလည်း ရန်ကုန်မြို့ရဲ့ ဈေးကို ကျဆင်းအောင်လုပ်နိုင်ဖို့အတွက် မြို့သစ်ဟာ အဓိက အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ရပ်တည်နေပါတယ်။ဒီနေရာမှာ မြို့သစ်ရဲ့ လာရာဟာ အရမ်းအရေးပါပါတယ်။

""ဘယ်လိုမြို့သစ်တွေဖော်ဆောင်ကြမလဲ""

လာရာကောင်းတဲ့ မြို့သစ်အဖြစ် အများစုလက်ခံထားတဲ့နေရာက ကြည့်မြင်တိုင်တစ်ဖက်ကမ်းမြို့သစ်စီမံကိန်းအဖြစ်လျာထားခဲ့တဲ့နေရာဘဲဖြစ်ပါတယ်။လာရာကောင်းတယ်ဆိုတဲ့နေရာမှာ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရဲ့ မြိုဩစ်စီမံကိန်း ဧရိယာဟာ ၃၃၀၀၀ ကျော်ရှိပါတယ်။ မြို့သစ်စီမံကိန်း တည်မယ်ဆိုရင် လူနေထိုင်တဲ့မြို့သစ်အဖြစ ရည်ရွယ်တည်ဆောက်ရမှာပါ။ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစောင့်ရှောက်မှု၊အလုပ်အကိုင်အခွင့်အလမ်း ၊ လုံခြုံမှု အစရှိတဲ့ အခန်းကဏ္ဍတွေကို အစိုးရအနေန၏ဖန်တီးပေးမှသာ မြို့သစ်ဟာ လာရာကောင်းတဲ့မြို့တစ်မြို့ဖြစ်မှာပါ။အဲဒီလို ပြည်သူတွေနေထိုင်လိုတဲ့ စိတ်ရှိတဲ့ မြို့ဖြစ်မှသာ အောင်မြင်တဲ့ စီမံကိန်းတစ်ရပ်ဖြစ်လာမယ့်အပြင် လက်ရှိ ရန်ကုန်မြို့ဟောင်းရဲ့ မြေဈေးကြီးမြင့်မှုကိုပါ ထိန်းညှိပေးနိုင်မှာပါ။

""မြို့ဟောင်းကိုဈေးကျစေချင်ရင် Modernized ဖြစ်အောင် မြို့သစ်တွေဖော်ပေါ့။အကွက်ရိုက်ပြီး ကိုယ်ထူကိုယ်ထဆိုရင်တော့ မရဘူး။စနစ်တကျနဲ့ မြို့သစ်လုပ်ပေးရင်တော့ မြို့ဟောင်းဟာ အတန်ငယ်ဈေးကျနိုင်တယ်။မြို့သစ်ဟာ အရာရာပြည့်စုံနေရင် မြို့သစ်ကိုပြောင်းကြမှာဘဲ။ဒါဆိုရင် မူဝါဒအမျိုးမျိုးနဲ့ ဈေးကျအောင်လုပ်စရာမလိုတော့ဘူး။""လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ က ဟောပြောပွဲတစ်ခုမှာ ထောက်ပြခဲ့ဖူးပါတယ်။

အမှန်တကယ်မှာလည်း မြို့ဟောင်းရဲ့ ဈေးကြီးမြင့်မှုကို အတန်ငယ်ထိန်းချုပ်နိုင်မှာက လူတွေနေထိုင်မယ့်လာရာကောင်းတဲ့ မြို့သစ်တစ်ခုပဲဖြစ်ပါတယ်။မြို့သစ်တွေဖော်ဆောင်တဲ့အခါ လာရာကောင်းခဲ့မယ်ဆိုရင်ဖြင့် အိမ် ခြံ မြေရဲ့လားရာဟာ တည်ငြိမ်မှုနဲ့အတူ ရှေ့ခရီးဆက်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service