အထပ်မြင့် အဆောက်အအုံများမြေပြင်ကွင်းဆင်းစစ်ဆေးမှု စတင် - Property News in Myanmar from iMyanmarHouse.com
1124 Views

အထပ်မြင့် အဆောက်အအုံများမြေပြင်ကွင်းဆင်းစစ်ဆေးမှု စတင်

တည်ဆောက်ခွင့်ရပ်ဆိုင်းခံထားရတဲ့ အထပ်မြင့်အဆောက်အအုံတွေအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုကိုဇွန်လ (၂၁)ရက်နေ့မှာစတင်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ)ကသိရပါတယ် ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောမတီကအဆောက်အအုံတည်ဆောက်ခွင့်ပါမစ်ကြီးကျပြီးတဲ့အထပ်မြင့်
အဆောက်အအုံ (၁၂)လုံးစတင်စစ်ဆေးမှာဖြစ်ပါတယ် ။
သည်အထပ်မြင့်အဆောက်အအုံ(၁၂)လုံးကိုသက်ဆိုင်ရာမြို့နယ်ကလွှတ်တော်ကိုယ်စားလှယ် ၊ရပ်မိရပ်ဖတစ်ဦး ၊မြို့နယ်အုပ်ချုပ်ရေးမှူး ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊မြန်မာနိုင်ငံဗိသုကာအသင်းကကိုယ်စားလှယ် ၊မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကကိုယ်စားလှယ် ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာန ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ) ၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကမြို့နယ်အင်ဂျင်နီယာ ၊မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ၊Urban Environmental ဌာန ၊မီးသတ်ဦးစီးဌာန ၊ Geo Tech နဲ့ပတ်သတ်သူ ၊YHT တို့ကစစ်ဆေးမှာဖြစ်ပါတယ် ။

ရန်ကုန်မြို့တော်အဂါင်္ရပ်နဲ့အညီဆောက်အအုံများဆောက်
လုပ်မှုစိစစ်ရေးကော်မတီကိုသည်လ(၁၆)ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဖွဲ့စည်းခဲ့ပါတယ် ။

ရန်ကုန်မြို့ကအထပ်မြင့်အဆောက်အအုံဦးအလုံး (၁၄၀)ကျော်ကိုမြို့ပြအဂါင်္ရပ်နဲ့ကိုက်ညီအောင်အဆောက်အအုံတွေကိုအသေးစိတ်ပြန်စိစစ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမေလ(၂၀)ရက်နေ့ကကြော်ငြာချက်ထုတ်ထားတာဖြစ်ပါတယ် ။

ရန်ကုန်မြို့အတွင်းအထပ်မြင့်အဆောက်အအုံများတည်ဆောက်တာကိုဥပဒေစည်းမျဉ်းစည်းကမ်းမူဘောင်အတွင်း
လုံခြုံစိတ်ချစွာ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ဖို့သည်တစ်ပတ်အတွင်းစိစစ်ပြီးခွင့်ပြုပေးမယ်လို့သည်လ (၁၆)ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ် ။

အဆောက်အအုံတွေပြန်လည်စိစစ်ဖို့လက်ရှိကျင့်သုံးနေတဲ့ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့စည်းမျဉ်းတွေကိုကျောရိုးယူပြီးခေတ်စနစ်နဲ့ကိုက်ညီတဲ့မူဝါဒသစ်ရေးဆွဲပြီးစစ်ဆေးမှာဖြစ်ပါတယ် ။

အဆောက်အအုံပြန်လည်စိစစ်တာကိုဇွန်လ (၁၅)ရက်နေ့ကစာရွက်စာတမ်း (on paper)စတင်စစ်ဆေးခဲ့ပြီးအဆောက်အအုံအားလုံး
စစ်ဆေးပြီးပြီလို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောမတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)ကသိရပါတယ် ။
တည်ဆောက်ခွင့်ခေတ္တရပ်ဆိုင်းခံရတဲ့အဆောက်အအုံ (၁၄၀)ကျော်ကပြီးခဲ့တဲ့အစိုးရလက်ထက်က
တည်ဆောက်ခွင့်ပြုထားတဲ့အဆောက်အအုံတွေဖြစ်
ပါတယ် ။

အဆောက်အအုံတွေကိုအထပ်မြင့်ကိုးထပ်ကနေ ၁၂ထပ်ခွဲကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ကော်မတီများအစည်းအဝေးကစိစစ်ပြီးမူအားဖြင့်ခွင့်ပြုပေးထားဖြစ်ပါတယ် ။အထပ်မြင့်(၁၃)ထပ်နဲ့အထက်ကိုတော့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝးကမူအားဖြင့်တည်ဆောက်ခွင့်ပြုတာဖြစ်ပါတယ် ။

အဆောက်အအုံဒီဇိုင်းတွေကိုကိုးထပ်ကနေ ၁၂ထပ်ခွဲအထိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ
စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့်ကြီးကြပ်ရေးအဖွဲ့(HIC)ကစစ်ဆေးပေးပြီးအထပ်မြင့်၁၃ထပ်နဲ့အထက်အဆောက်အအုံတွေကို
အထပ်မြင့်အဆောက်အအုံဆောက်တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့(CQHP)ကအဆောက်အအုံဒီဇိုင်းစစ်ဆေးပြီးအင်ဂျင်နီယာဌာနအဆောက်အအုံကတည်ဆောက်ခွင့်ပြုထားတာဖြစ်ပါတယ် ။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service