ရဲဘော်သုံးကျိပ်အထိမ်းအမှတ်ကျောက်တိုင်ရှိရာကျေးရွာရှိဆူဇူကီးရုံးချုပ်အဆောက်အအုံအားအာဏာပိုင်တို့ စီးနင်းရှာဖွေ - Property News in Myanmar from iMyanmarHouse.com
991 Views

ရဲဘော်သုံးကျိပ်အထိမ်းအမှတ်ကျောက်တိုင်ရှိရာကျေးရွာရှိဆူဇူကီးရုံးချုပ်အဆောက်အအုံအားအာဏာပိုင်တို့ စီးနင်းရှာဖွေ

ဂျပန်နိုင်ငံ၊ ရှီဇူအိုက ပြည်နယ်၊ ဟာမမတ်ဆုမြို့ရှိဆူဇူကီးမော်တာကော်ပိုရေးရှင်းရုံးချုပ် အဆောက်အအုံကို
ဂျပန်သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမှ ၀င်ရောက်စီးနင်းရှာဖွေခဲ့ကြကြောင်းတိုကျိုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရှီဇူအိုကပြည်နယ် 静岡県သည် ဟွန်ရှူးကျွန်းတွင် တည်ရှိပြီးဟာမမတ်ဆုမြို့မှာယခင်ကကျေးရွာကလေးတစ်ခုသာ ဖြစ်သော်လည်းယခုအခါတွင်မူရှီဇူအိုကနယ်တွင် လူဦးရေအများဆုံးမြို့တစ်မြို့ဖြစ်နေပြီ ဖြစ်သည်။

ဆူဇူကီးယာဉ်များတွင် မီးခိုးငွေ့ထုတ်လွှတ်မှု စမ်းသပ်ရာတွင် သဘာဝပတ်ဝန်းကျင်မထိခိုက်ရေး ဂျပန်အစိုးရ၏ စံချိန်စံညွှန်းသတ်မှတ်ထားချက်များနှင့် ကွဲလွဲမှုများရှိနေရာဆူဇူကီးကမူဖောက်သည်များကိုလှည့်ဖြားရန် ရည်ရွယ်ခဲ့ခြင်းမရှိကြောင်းထုတ်ပြန်ထားသည်။

ယာဉ်များကိုစမ်းသပ်မှုများတွင် လိမ်ညာမှုများမရှိခဲ့ကြောင်းကုမ္ပဏီက ငြင်းဆိုထားသော်လည်းစုံစမ်းရေးမှူးများကစမ်းသပ်မှုနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများဝင်ရောက်ရှာဖွေခဲ့ကြသည်။

မော်တော်ယာဉ်ဘေးအန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးကပြောကြားရာတွင် “ကုမ္ပဏီကပြောထားတဲ့
အချက်တွေ မှန်၊ မမှန်ဆိုတာနဲ့ ပတ်သက်ပြီးအတည်ပြုနိုင်ဖို့အတွက် ဆူဇူကီးရုံးချုပ်ကို ကျွန်တော်တို့ စီးနင်းရှာဖွေခဲ့ပါတယ်”ဟုထုတ်ဖော်ပြောကြားသည်။

ဆူဇူကီး၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားရာတွင် ကုမ္ပဏီအနေဖြင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုဖြစ်ရပ်ကြောင့် တိုကျိုစတော့အိတ်ချိန်းတွင် ဆူဇူကီးကုမ္ပဏီ၏ ရှယ်ယာတန်ဖိုး ၁ ရာခိုင်နှုန်းကျဆင်းသွားပြီးဆူဇူကီးအမှုဆောင်အရာရှိချုပ် တိုရှီဟီရိုဆူဇူကီးမှာယခုလအတွင်း နှုတ်ထွက်တော့မည် ဖြစ်သည်။

ဟာမမတ်ဆုမြို့သည် ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး) နေထိုင်ခဲ့သည့်ဒေသဖြစ်ပြီးရဲဘော်သုံးကျိပ်အထိမ်းအမှတ်ကျောက်စာတိုင်အပြင် ဗိုလ်မှူးကြီးဆူဇူကီး၏ အုတ်ဂူလည်းတည်ရှိသောနေရာဖြစ်သည်။
ကျောက်စာတိုင်တွင် “ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ”ဟုရေးသားဖော်ပြထားသည်။

ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်မြန်မာပြည်စစ်မြေပြင်တွင် ဂျပန်စစ်သည်တစ်သိန်းခြောက်သောင်းခုနစ်ထောင်ကျော်
ကျဆုံးကြောင်း၊ ထိုအထဲတွင် ဟာမမတ်ဆုရွာမှစစ်သည် နှစ်ထောင့်ခုနစ်ရာကျော်
ပါဝင်ကြောင်းရေးသားထားသည်။

ယင်းအထိမ်းအမှတ်ကျောက်စာတိုင်သည်မြန်မာပြည် စစ်မြေပြင်တွင်အသက်ပေးသွားကြသည့် ဂျပန်စစ်သည်များ၏ ၀ိညာဉ်တို့ကို ဖြေသိမ့်ပေးနိုင်ရန်နှင့်ဗိုလ်ချုပ်အောင်ဆန်း၏
သမိုင်းအချက်အလက်များရေရှည်တည်တံ့စေရန် ရည်ရွယ်၍ မှတ်တမ်းတင်ခြင်းဖြစ်သည်ဟုဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service