လယ်ယာမြေများ ပြန်လည်မပေးအပ်မီ အမှုများရုပ်သိမ်းပေးရန် တောင်သူများ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
943 Views

လယ်ယာမြေများ ပြန်လည်မပေးအပ်မီ အမှုများရုပ်သိမ်းပေးရန် တောင်သူများ တောင်းဆို

မတ္တရာမြို့နယ်ရှိ သိမ်း ဆည်းခံလယ်ယာမြေများ ပြန် လည်မပေးအပ်မီ စွဲဆိုထားသော အမှုများ ရုပ်သိမ်းပေးရန် ဆန္ဒ ထုတ်ဖော်မှုများကြောင့် တရား ရင်ဆိုင်နေရသော တောင်သူများ က အစိုးရထံ တောင်းဆိုခဲ့သည်။

‘‘ကျွန်တော်တို့က လယ်ယာ မြေ ပြန်လည်မပေးအပ်ခင်မှာ လက်ရှိ ရင်ဆိုင်နေရတဲ့အမှုတွေ ကို အရင် ရုပ်သိမ်းပေးစေချင်ပါ တယ်။ တောင်သူတွေမှာအမှုတွေ အများကြီးနဲ့တရားစွဲခံထားရတာ တွေ၊ ထောင်ကျနေတာတွေရှိပြီး ဒုက္ခရောက်နေပါတယ်’’ဟု သိမ်း ဆည်းခံလယ်ယာမြေများ ပြန် လည်ရရှိရေးဆောင်ရွက်ရာမှ တရားစွဲခံထားရသူ တောင်သူ ကိုရဲရင့်အောင်က ပြောသည်။

လယ်ယာမြေများကို ယခင် အစိုးရအဆက်ဆက် ၀န်ကြီးဌာန များဖြစ်သည့် သမ၀ါယမ၀န်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနများက မတ္တရာမြို့ နယ်ရှိ ရေနံ့သာ၊ ကျောက်စရစ် မြောက်၊ ကျောက်စရစ်တောင်၊မွှေရွှေခဲ၊ တမာကုန်း၊ စကျင်ကျောက်၊ လင့်စဉ်ကုန်းစသည့် ရွာများမှသိမ်းယူထားကြောင်း ဒေသခံ တောင်သူများက ပြောသည်။

သိမ်းဆည်းခံ လယ်ယာမြေ များ ပြန်လည်ရရှိရေး ဆောင်ရွက် သည့်အတွက် တောင်သူ ၂၀၀ ခန့်သည် ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊ ၄၄၇၊ ၁၄၅ စသည့် ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသည်။

‘‘လာမယ့် ဇွန်လ ၂၂ ရက် မှာ ကျွန်တော်တို့ တောင်သူ အ ယောက် ၆၀ ကျော် အမှုချိန်းရှိ တယ်။ အဲဒီနေ့မှာ တရားသူကြီးကို ရပ်နားပေးဖို့ နှုတ်နဲ့ ပြောမယ်။ ဒါ ကို တရားရုံးက ပယ်ချရင် အထက်ကို စာတင်တောင်းဆိုတာတို့၊ ဆန္ဒပြတာတို့ လုပ်သွားမယ်’’ ဟု မတ္တရာမြို့နယ်မှ တောင်သူ ကိုရဲရင့်အောင်က ပြောသည်။

ဒီချုပ်အစိုးရတက်ပြီး ပထမ ဆုံး မြေယာစွန့်လွှတ်မှုအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သိမ်း ယူထားသော မတ္တရာမြို့နယ် ရေ နံ့သာရွာမှ လယ်ယာမြေ ၁,၃၂၉ ဧကကို ပြည်ထောင်စုအစိုးရ၏ အမိန့်ဖြင့် စွန့်လွှတ်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service