ရန်ကုန်မြို့ပြစီမံကိန်းအသစ် ရေးဆွဲမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
1617 Views

ရန်ကုန်မြို့ပြစီမံကိန်းအသစ် ရေးဆွဲမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန်မြို့အတွက် ရန်ကုန်မြို့ပြစီမံကိန်းအသစ်တစ်ခုရေးဆွဲမယ်လို့ သည်နေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ် ။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ‘ရန်ကုန်ြ့မို့ပြစီမံကိန်းရေးဆွဲရာမှာ သမိုင်းအမွေအနှစ်များနဲ့ စိမ်းလန်းပြီး လုံခြုံအေးချမ်းတဲ့ နေချင်စဖွယ်မြို့ဖြစ်လာစေဖို့ ရန်ကုန်မြို့ပြ စီမံကိန်းအသစ်တစ်ခုကို ရေးဆွဲတာဖြစ်တယ်’ လို့ပြောပါတယ် ။

သည်စီမံကိန်းက ရန်ကုန်မြို့တော်အတွင်း အထပ်မြင့်အဆောက်အအုံတွေတည်ဆောက်မှုကို လိုက်လျောညီထွေဖြစ်အောင် စိစစ်ဆောင်ရွက်မှာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) တို့ရေးဆွဲထားတဲ့ မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ ရှိပေမဲ့ အသုံးမပြုတော့ဘဲ မြို့ပြစီမံကိန်းအသစ်ကို ရေးဆွဲမှာဖြစ်ပါတယ် ။

မဟာရန်ကုန် ၂၀၅၀

ရန်ကုန်မြို့အတွက် ၂၀၅၀ ပြည့်နှစ်အထိ ရေးဆွဲထားတဲ့ မဟာရန်ကုန်မြို့ပြစီမံကိန်းအသစ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ် ။

ဒေါက်တာကျော်လတ်က ‘ဂျိုက်ကာရဲ့ ၂၀၄၀ မာစတာပလန်ရှိပါတယ် ၊ အဲဒါကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုပေးထားတယ်’ လို့ ဆိုပါတယ် ။

မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၅၀ နဲ့ပတ်သက်ပြီး မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ဆွေးနွေးတိုင်ပင်ဖို့ရှိပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့အတွက် Town Plan ရေးဆွဲဖို့ရှိပြီး ဂျိုက်ကာက ရေးဆွဲထားတဲ့ ၂၀၄၀ စီမံကိန်းရှိသလို သည် ၂၀၄၀ ထဲမှာပဲ ပုံပျက်ပန်းပျက် ဖြစ်သွားနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ ပြောပါတယ် ။ နှစ် ၅၀ ၊ ၆၀ အထိ အနာဂတ်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုကို ရေးဆွဲဖို့ရှိတယ်လို့ ဆိုပါတယ် ။

ဂျိုက်ကာနဲ့ ဝိုင်စီဒီစီတို့ ပူးပေါင်းရေးဆွဲထားတဲ့ မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ ကလိုအပ်ချက်တွေရှိနေတယ်လို့ မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင်တွေ ကထောက်ပြကြပါတယ် ။ ဒေါက်တာကျော်လတ်က ‘ဂျိုက်ကာရဲ့ မာစတာပလန် မပြည့်စုံရတာက လူအင်အားနဲ့ အချိန်ပေးနည်းတာကြောင့်ဖြစ်ပြီး ရန်ကုန်မြို့မှာပြသနာရှိတယ်ပဲပြောသွားတယ် ၊ အဲဒီပြသနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မပြောသွားဘူး’ လို့ပြောပါတယ် ။

အခြေအနေအရ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူးဒေါ်လှိုင်မော်ဦးက ‘ပလန်တွေကို တိတိကျကျမလိုက်နာဘဲ ဒီကြားထဲမှာ ဖြစ်ပျက်ပြောင်းလဲသွားတဲ့ အနေအထားတွေရှိပါတယ်၊ အဲဒီလိုအနေအထားမျိုးမှာ ပလန်ကိုလိုက်ပြင်ပေးရတယ် ၊ အခြေအနေပေါ်မှုတည်ပြီး လိုက်ပြင်ရလို့ လိုအပ်ချက်တွေလဲ ရှိနိုင်တယ်’ လို့သုံးသပ်ပါတယ် ။

ဂျိုက်ကာရဲ့ ၂၀၄၀ စီမံကိန်းတွေ Zoning Law တွေအထွက်နိုင်ခင်မှာ ရန်ကုန်မြို့မှဆောက်လုပ်ရေးစီမံကိန်းတွေ မှိုလိုပေါက်လာပါတယ် ။
သည်အဆောက်အအုံတွေကြောင့် လွန်ခဲ့တဲ့သုံးနှစ်ခန့်က ရေးဆွဲခဲ့တဲ့ ဂျိုက်ကာရဲ့စီမံကိန်းကလည်း ပြုပြင်ဖို့လိုနေပြီဖြစ်ပါတယ် ။

ဂျိုက်ကာရဲ့ ၂၀၄၀ စီမံကိန်းက ရန်ကုန်မြို့ရဲ့ လမ်းစနစ် ၊ ရေပေးဝေးရေးစနစ် ၊ မြို့သစ်တိုးချဲ့တာ ၊ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းဖို့နှစ်ထပ်လမ်းတွေ ၊ မြေအောက်မီးရထားလမ်း ၊ ဘီအာရ်တီ သယ်ယူပို့ဆောင်ရေးစနစ် ၊ အမှိုက်စနစ် ၊ အခြေခံအဆောက်အအုံ စတဲ့စနစ်တွေပါဝင်ပြီး လမ်း ၊ ရေသန့်စနစ် တချို့ကို စတင်အကောင်အထည်ဖော်နေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ် ။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service