အများပြည်သူပိုင်နေရာများ ပြည်သူများ ပြန်လည်ပိုင်ဆိုင်ခွင့်ရရေးအဆို တိုင်းလွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
981 Views

အများပြည်သူပိုင်နေရာများ ပြည်သူများ ပြန်လည်ပိုင်ဆိုင်ခွင့်ရရေးအဆို တိုင်းလွှတ်တော်အတည်ပြု

အများပြည်သူပိုင် နေရာများကို ပြည်သူများ ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိရေးအဆိုကို ဇွန်လ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အချေအတင် ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်သည်။

သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်(၁) မှ ဦးနေဘုန်းလတ်၏ အများပြည်သူပိုင် နေရာများကို ဌာနဆိုင်ရာများက ကျူးကျော်ခြင်း၊ ငှားရမ်းခြင်း၊ ဂရန်ထုတ် ရောင်းချခြင်းဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက် ခြင်းမရှိစေရန်နှင့် ဖြစ်ခဲ့ပြီးသော ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှ ဖော်ထုတ်ပေးရန် အဆိုနှင့် ပတ်သက်၍မြို့တော်ဝန် က မှတ်တမ်းတင်ထားရန် ပြောကြားခဲ့သောကြောင့် အဆိုရှင်က လက် မခံဘဲ လွှတ်တော်၏ အဆုံး အဖြတ် ခံယူရာ ကိုယ်စားလှယ် အားလုံးနီးပါးက ထောက်ခံ၍ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော့် အဆိုထဲမှာ ထည့်သွင်းရေးထားတဲ့အပေါ် မူ တည်ပြီးတော့လည်း အစိုးရအဖွဲ့ အနေနဲ့ သိပ်ပြီး အခက်အခဲအကျပ်အတည်း မရှိလောက်ဘူး လို့ ယုံကြည်ပါတယ်။ ကျွန်တော့် အမြင်ကိုပြောရရင်တော့ ဒီအဆိုက အရေးကြီးပါတယ်။ မှတ်တမ်းတင်ထားရုံမဟုတ်ဘဲ ဒီအဆိုကိုအတည်ပြုပေးနိုင်ဖို့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ခံယူလိုပါတယ်’’ ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

ထို့အတွက် လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းက ဦးနေဘုန်းလတ်၏ အဆိုကို ထောက်ခံသည့် ကိုယ်စားလှယ်များ မတ်တတ်ရပ်ဆန္ဒပြုရန် ပြောကြားရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးက မတ်တတ်ရပ်ခဲ့သည်။ အဆိုကို ကန့်ကွက်သူရှိလျှင် ဆန္ဒပြုရန် လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးမောင်မောင်စိုးက မတ်တတ်ရပ်ခဲ့သည်။

‘‘အဆိုကို ကန့်ကွက်ခြင်း မဟုတ်ပါဘူး။ အခု ကျွန်တော် မတ်တတ်ရပ်ခြင်းကလည်း ကျွန် တော့်ရဲ့ တင်ထားတဲ့ Case Study (ရှင်းပြချက်)ကို ခိုင်လုံစွာ တင်ပြနိုင်ခြင်းဖြစ်တယ်ဆိုတဲ့ အနေနဲ့ပဲ၊ ကန့်ကွက်တဲ့ အနေနဲ့ပဲ တင်တာပါ။ ဒီကိစ္စကို ဆန့်ကျင် ပြီးပြောတာ မဟုတ်ပါဘူး။ ဒီကိစ္စ က ရာနှုန်းပြည့်မှန်ပါတယ်။ ကျွန် တော့်ရဲ့ Case Study ကိုပဲ တင် ပြခြင်းဖြစ်ပါတယ်’’ဟု မြို့တော် ဝန်က ပြောသည်။

သင်္ဃန်းကျွန်းဈေးမီးလောင် ပြီးနောက် စည်ပင်သာယာဈေး များဌာနနှင့် အောင်ကောင်းကျော် ကုမ္ပဏီတို့ အဆင့်မြင့်ဈေးအဖြစ် အကောင်အထည်ဖော်ရာတွင် အများ ပြည်သူပိုင် လမ်းနေရာကို ဥပဒေချိုးဖောက်၍ လေးထပ်အ ဆောက်အအုံ
ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ၎င်း၏ အဆိုတွင် ဥပမာပေးပြော ကြားခဲ့သည်။

အဆိုပါအချက်ကို မြို့တော် ၀န် ဦးမောင်မောင်စိုးက ယင်းကဲ့ သို့ ဆောက်လုပ်ခြင်းမှာ အဆိုပါ ဈေးနှင့် အရှေ့ပိုင်းခရိုင်အတွင်း ရှိ ဈေးများ၏ စီမံခန့်ခွဲမှု ပြုလုပ်ရ သည့်အတွက် အကျိုးရှိကြောင်း နှင့် အဆောက်အအုံကြောင့်ယာဉ်ကြောသွားလာမှုကို ပိတ်ဆို့မှုမရှိဘဲ အများပြည်သူအတွက် အဆင်ပြေနေကြောင်း ပြန်လည်ဖြေကြားသည်။

ထို့အပြင်သင်္ဃန်းကျွန်းဈေးဘေးရှိ လေးထပ်အဆောက်အအုံ ဖယ်ရှားရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုခံထားရပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မည်ဟု မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။

‘‘အဆိုကို ထောက်ခံတဲ့အခါ မှာ သုံးသပ်မှုတွေက အရေးကြီး ပါတယ်။ ထောက်ခံမှုများကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ တယ်။ ဒါတွေက ကျွန်တော်တို့အ တွက် Information (သတင်းအ ချက်အလက်) တွေပါ၊ဒီမှတ်တမ်း တွေအရ ကျွန်တော်တို့က ညင် သာစွာဖြေရှင်းရမယ့်အပိုင်း ရှိပါ တယ်။ နောက်ကြောင်းပြန်ပြီး အ ပြစ်ပြောနေမယ့်အစား ရှေ့ပိုင်း မှာ ဘယ်လို ညင်သာစွာ ကိုင် တွယ်ရမလဲ ဆိုတဲ့ အခြေအနေ ဟာ အရေးကြီးပါတယ်။ နောက် ပြီး လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများ ထောက်ခံသွားမှု တွေဟာ Cases (ပုံစံတူကိစ္စရပ် များ)ဖြစ်ပါတယ်။ ဒီ Cases တွေ ဟာ Case တွေရဲ့ Study အတိုင်း သာ သွားရမှာဖြစ်ပါတယ်။ ဒါ ကြောင့် Case Study နဲ့ သွားရ မယ်ဆိုရင် မှတ်တမ်းမှတ်ရာက အရေးကြီးပါတယ်’’ဟု မြို့တော် ၀န်က ပြောကြားသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးပြီး စတင်ထောက်ခံသည့် အချိန်မှ အတည်ပြုချိန်အထိ နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။

အများပြည်သူပိုင်ဆိုင်သော အားကစားကွင်း၊ ပန်းခြံ၊ အဆောက်အအုံ၊ မြေကွက်များကို ပြည်သူများ အသုံးပြုပိုင်ဆိုင်ခွင့်မရှိဘဲ ယခင်အစိုးရ လက်ထက် တွင် နှစ်ရှည်ငှားရမ်းခြင်း၊ ရောင်း ချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း များ ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ ကန်တော်ကြီး၊ မျှော်စင်ကျွန်း၊ မြကျွန်းသာ စသည့်နေရာများကို ပြည်သူများက ဝင်ကြေးပေးကာ အသုံးပြုနေရကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် အမှတ်(၁)ကိုယ်စားလှယ် ဦးလှဌေး၏ ထောက်ခံ ဆွေးနွေးမှုတွင် ထည့်သွင်းဆွေး နွေးထားသည်။

‘‘ရပ်ကွက်၊ ကျေးရွာအသီး သီးမှာရှိတဲ့ အခြေခံ သမဝါယမ အသင်းတွေကို ဥပဒေစည်းကမ်း များနှင့်အညီ စာရင်းရှင်းလင်း ဖျက်သိမ်းစေပြီး အသင်းပိုင်ဆိုင် ခန်းမြေနေရာများကို အများအကျိုးပြု လုပ်ငန်းများအတွက် လွှဲပြောင်းလုပ်ကိုင်ပေးခြင်းဖြင့် အများပြည်သူပိုင်နေရာများကို ပြည်သူများ ပိုင်ဆိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်’’ ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးရန်ရှင်းက ထောက်ခံဆွေးနွေးသည်။

လွှတ်တော်က အတည်ပြုခဲ့ သော အဆိုတွင်ပါဝင်သည့် အကြောင်းအရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service