တရားမဝင် နိုင်ငံခြားသား အိမ်ခြံမြေအကျိုးဆောင် များပြားလာ - Property News in Myanmar from iMyanmarHouse.com
1519 Views

တရားမဝင် နိုင်ငံခြားသား အိမ်ခြံမြေအကျိုးဆောင် များပြားလာ

ရန်ကုန်တွင် နိုင်ငံခြား သား တရားမဝင်အိမ်ခြံမြေအကျိုး ဆောင်များ အရေအတွက်များ ပြားနေကြောင်း ပြည်တွင်းအိမ်ခြံ မြေအကျိုးဆောင်များက ပြော ကြားသည်။

‘‘ကိုရီးယားတွေ၊ ဂျပန်တွေ၊ ထိုင်းလူမျိုးတွေ ရန်ကုန်မှာ ဆိုင်း ဘုတ်လေးတင် ရုံးခန်းလေးဖွင့်ပြီး လာလုပ်နေကြတာ အများကြီးပဲ’’ဟုစိုင်းခွန်နောင်အိမ်ခြံမြေအကျိုး ဆောင်လုပ်
ငန်းမှ ဦးစိုင်းခွန်နောင် က ပြောသည်။

အဆိုပါအကျိုးဆောင်များ သည် ဥပဒေအရ တရားမဝင်ဘဲ အမှန်တကယ်လုပ်ကိုင်မည်ဆိုပါ က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင် လျှောက်ထားရမည်ဖြစ်ကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင် ရမည်ဖြစ်သည်။

ပြည်ပအကျိုးဆောင်များ သည် ၎င်းတို့နိုင်ငံမှ မြန်မာနိုင်ငံ သို့ လာရောက်ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ လူမျိုးတူအချင်းအချင်း တွဲဖက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော ကြားသည်။

‘‘သူတို့နိုင်ငံက လူနဲ့ သူတို့ လုပ်ကြတော့ ပိုပြီး ယုံကြည်ရ တယ်ထင်ပြီး မြေတွေ၊ အိမ်တွေကို နိုင်ငံခြားသားတွေ ရှာဝယ်ကြ တယ်’’ဟု ရွှေမြေအကျိုးဆောင်မှ ဦးသိန်းဦးက ပြောသည်။

ပြည်ပနိုင်ငံသားအချင်းချင်း ပစ်မှတ်ထားဈေးကွက်ရှာနေခြင်း ကြောင့် ပြည်တွင်းရှိ မှတ်ပုံတင် လိုင်စင်ယူထားသော အကျိုးဆောင်လုပ်ငန်းများ နစ်နာမှုများရှိကြောင်း အကျိုးဆောင်များက ဆိုသည်။

နိုင်ငံခြားသား တရားမဝင် အိမ်ခြံမြေအကျိုးဆောင်များကို စာရင်း ကောက်ယူသော်လည်း အခက်အခဲများ ရှိနေကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များအသင်း က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အစိုးရနှင့် ရန် ကုန်တိုင်း အိမ်ခြံမြေအကျိုး ဆောင်များအသင်းတို့ ပူးပေါင်းပြီး အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုလိုင်စင်ထုတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံခြားသား အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ၂၀၁၆မေလအထိ ၃၅ ခုရှိပြီး လာရောက် လျှောက်ထားခြင်းမရှိဘဲ လုပ်ကိုင်နေမှုရှိပါက ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ရင်းနှီမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းကပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service