တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း နှစ်သိန်းနီးပါး တည်ဆောက်သွားမည် - Property News in Myanmar from iMyanmarHouse.com
2364 Views

တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း နှစ်သိန်းနီးပါး တည်ဆောက်သွားမည်

အိမ်ရာကဏ္ဍ ဖွံ့ဖြိုးဖို့ ဆောက်လုပ်ရေး လျာထားချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ ယူနစ် ပေါင်း တစ်သိန်း ရှစ်သောင်း ဆောက်လုပ်သွားရန် မျှော်မှန်းထားသည်ဟု
နေပြည်တော် ၌ ဇွန် လ ၇ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ပြောသည်။

မြေနေရာနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ရန်ကုန်မြို့တွင် စက်တင်ဘာလအတွင်း စတင် တည်ဆောက် သွားနိုင်ရန် မျှော်မှန်းထားပြီး၊ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင်လည်းစတင်ဆောင် ရွက်နေပြီဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးဦးဝင်းခိုင်က ပြောသည်။

"နေပြည်တော်မှာ စဆောက်နေပြီ။ ရန်ကုန် မှာတော့ ရေမြောင်းတို့ လမ်းတို့ စတည် ဆောက်မှာပါ။ စနစ်တကျဖြစ်တဲ့ တန်ဖိုးနည်း အိမ်ရာစခန်းတွေ ဖြစ်အောင် အိမ်တွေချည်းပဲ ပြွတ်သိပ်ပြီး ဆောက်ထားတဲ့ပုံစံမျိုး မဟုတ် ဘဲနဲ့ အိမ်တွေလည်းပါမယ်။ လူမှုရေး ကိစ္စတွေ ဆောင်ရွက်နိုင်မယ့် နေရာတွေပါမယ်။ ကလေးကစားကွင်းလေးတွေ ကားရပ်နားလို့ ရမယ့် နေရာလေးတွေ စသဖြင့်ပေါ့။ ဒီလို စနစ် ကျတဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းလေးတွေ ဖြစ်အောင် ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် အိမ်ရာစီမံကိန်းများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများကို တရားဝင်ဖိတ် ခေါ်သွား မည်ဖြစ်သည်။ ဒဂုံမြို့သစ်မြို့နယ် နှင့် လှိုင်သာယာမြို့နယ်များ ကဲ့သို့ နေရာများ တွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး၊ စုစုပေါင်း မြေဧရိယာ ၂၃၂ ဧကတွင် စီမံကိန်း အကောင်အထည်ဖော်ရန် ရည်မှန်းထားသော်လည်း မြေနေရာရရှိရန် အခက်အခဲဖြစ် နေသည်ဟု ဦးဝင်းခိုင်က ပြောသည်။

အဆောက်အအုံ ဒီဇိုင်းများနှင့် ပတ်သက် ပြီး ပြည်ထောင်စု ၀န်ကြီးကိုယ်တိုင် ရေးဆွဲနေ ပြီး တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖြစ်စေရန် အတွက် ကုန်ကျစရိတ် စံနှုန်းမှာအရေးကြီး သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုန်ကျစရိတ် သက်သာသော စံနှုန်းရရှိရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။

"ဆောက်လုပ်ရေးဝန်ကြီးဌာနက တစ်လုံး ကို စတီးလ်နဲ့ ဆောက်တယ်။ တစ်လုံးကို ကွန်ကရစ်နဲ့ ဆောက်တယ်။ ဒီနှစ်လုံးရဲ့ ကုန်ကျ စရိတ် အတိအကျ၊ ကြာမြင့်ချိန်တို့ကို စံနှုန်းတစ်ခုဖြစ်အောင် သတ်မှတ်ပြီး၊ ၂၃၂ ဧကမှာ ဒီစံနှုန်းတွေနဲ့ ဆောက်မှာ ဖြစ်ပါတယ်"ဟု ဦးဝင်းခိုင်က ပြောသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာများ အမှန်တကယ်နေထိုင်သူလက်တွင်းသို့ ရောက်ရှိစေရန်အတွက် လည်းစီမံဆောင်ရွက်နေပြီး အိမ်ရာများ၏ ဈေးနှုန်းကိုလည်း တွက်ချက်နေ ဆဲဖြစ်ကြောင်း၊ လျှောက်လွှာခေါ်ယူကာ မဲနှိုက် ရောင်းချပေးသည့်စနစ်ကို ကျင့်သုံးပါက လျှောက်လွှာများကို ထီထိုးသကဲ့သို့ ၀ယ်ယူ တင်သွင်းနေကြပြီး အမှန်တကယ်လိုအပ်သူများထံသို့ မရောက် ရှိနိုင်ကြောင်း၊ အရစ်ကျ စနစ်ဖြင့် ရောင်းချသည့်စနစ်အစရှိသဖြင့် အထက်ပါကိစ္စများအားလုံးနှင့် ကိုက်ညီအောင် မူဝါဒစည်းမျဉ်းစည်းကမ်းများ ရေးဆွဲနေသည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောသည်။

"ဒီဘက်ပိုင်းမှာတော့ အရစ်ကျစနစ်နဲ့ ရောင်းချဖို့၊ တကယ်လိုအပ်နေသူတွေ လက် ထဲရောက်ဖို့အတွက် မူဝါဒတွေ ချမှတ်သွား မှာပါ"ဟု ၎င်းက ပြောသည်။ ရန်ကုန်တွင် တည်ဆောက်မည့်အိမ်ရာစီမံကိန်း များသည် မြေရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်လည်း မူတည်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service