ကမ္ဘာကျော်အင်္ဂလန်အဆိုတော် အဒဲလ်ကကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်သည့် နေအိမ်သစ် - Property News in Myanmar from iMyanmarHouse.com
2846 Views

ကမ္ဘာကျော်အင်္ဂလန်အဆိုတော် အဒဲလ်ကကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်သည့် နေအိမ်သစ်

ကမ္ဘာကျော်အင်္ဂလန်အဆိုတော် အဒဲလ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်ရှိနေအိမ်တစ်လုံးကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း နယူးယောက်မြို့၊ ရော့ခ်ဖဲလားပလာဇာအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုဝယ်ယူလိုက်သည့် နေအိမ်သစ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး အကျယ်အ၀န်း စတုရန်းပေ ၆၆၀၀ ရှိသည်။

နှစ်ထပ်အဆောက်အအုံဖြစ်ပြီးအပေါ်ထပ်တွင် နံရံမြှုပ်စာအုပ်စင်များ ပါဝင်သည့် စာကြည့်ခန်းတစ်ခု ပါဝင်သည်။
အပေါ်ထပ်တွင် အိပ်ခန်းအပြင် အပိုအခန်းငယ်တစ်ခု ပါဝင်ပြီးယခင်ပိုင်ရှင်ဟောင်းများကအားကစားခန်းမအဖြစ် အသုံးပြုခဲ့ကြသည်။
ဧည့်ခန်းကျယ် ၂ ခန်း ပါဝင်ပြီး grand ပီယာနိုနှင့် အဒဲလ်၏ ဆုတံဆိပ်အများအပြားထားရှိနိုင်ရန် လုံလောက်သည့် အကျယ်အ၀န်းရှိသည်။

ဂျနီဖာလောရင့်စ်၏ နေအိမ်မှာယခုနေအိမ်နှင့် ခဲတပစ်စာ အကွာအဝေးတွင် တည်ရှိသည်။
အဒဲလ်၏ အမည်အပြည့်အစုံမှာအဒဲလ်လော်ရီဘလူးအက်ဒ်ကင်းစ်ဖြစ်ပြီးအင်္ဂလန်နိုင်ငံတွင် ၁၉၈၈ ခုနှစ်၊ မေလ ၅ ရက်၌ မွေးဖွားသည်။
BRITကျောင်းမှ တင်ဆက်ဖျော်ဖြေမှု အနုပညာဘာသာရပ်ဖြင့် ၂၀၀၆ ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။
သူမ၏ တေးသီချင်းသီဆိုမှု ခွေကြမ်းကိုသူငယ်ချင်းတစ်ဦးကMyspaceတွင် ကျောင်းပြီးသော ၂၀၀၆ ခုနှစ်အတွင်းတွင်ပင် လွှင့်တင်လိုက်ရာတေးထုတ်လုပ်သူတစ်ဦးမှ စာချုပ်ချုပ်ဆိုလာခဲ့သည်။

သူမ၏ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ်ဖြစ်သော 19 ကို ၂၀၀၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့ရာအနုပညာအရသာမကဘဲစီးပွားရေးအရပါ အောင်မြင်မှု ရရှိခဲ့သည်။
ယင်းအယ်လ်ဘမ်သည် ဗြိတိန်တွင် ပလက်တီနမ်ဆု ၇ ကြိမ်နှင့် အမေရိကတွင် ၂ ကြိမ်ရရှိခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ကျင်းပသော ၅၁ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် အဒဲလ်သည် အကောင်းဆုံးအနုပညာရှင်သစ်ဆုနှင့် အကောင်းဆုံးအမျိုးသမီးပေါ့ပ်တေးသီချင်းသီဆိုမှု ဆုများရရှိခဲ့သည်။

၂၀၁၁ ခုနှစ်စပိုင်းတွင် ဒုတိယအယ်လ်ဘမ် 21 ကိုထုတ်လုပ်ခဲ့ရာပွဲဦးထွက်အယ်လ်ဘမ်ထက် အနုပညာအရအောင်မြင်မှု ဖြတ်ကျော်ခဲ့သည်။
ယင်းအယ်လ်ဘမ်ဖြင့် ၂၀၁၂ ခုနှစ်အတွင်းဆုပေါင်းများစွာရရှိခဲ့ရာဂရမ်မီဆု ၆ ဆု၊ Brit ၂ ဆု၊ အမေရိကန်ဂီတဆု ၃ ဆု အပါအ၀င်ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ် ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်များစာရင်းတွင် အဒဲလ်ကိုထည့်သွင်းဖော်ပြခဲ့သည်။
21 အယ်လ်ဘမ်သည် ဗြိတိန်တွင် ပလက်တီနမ်ဆု ၁၆ ကြိမ်အထိရရှိခဲ့ပြီး ဗြိတိန်သမိုင်းတစ်လျှောက် စတုတ္တမြောက်အရောင်းရဆုံးအယ်လ်ဘမ်ဖြစ်ခဲ့သည်။

အမေရိကတွင်လည်း ၁၉၈၅ ခုနှစ်နောက်ပိုင်းမည်သည့်တေးအယ်လ်ဘမ်ထက်မဆိုထိပ်ဆုံးတွင်အရှည်ကြာဆုံးရပ်တည်ခဲ့သည့် တေးအယ်လ်ဘမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
21 တေးအယ်လ်ဘမ်ကို ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၃၁ သန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်သည်။
ယင်းတေးအယ်လ်ဘမ်သည် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင်လည်းစံချိန်အများအပြားတင်ခဲ့သည်။

အဒဲလ်သည် ဂျိမ်းစ်ဘွန်းရုပ်ရှင် Skyfallအတွက် Skyfall အမည်ရှိတေးသီချင်းကိုကိုယ်တိုင်ရေး သားသီဆိုပေးခဲ့သည်။အဆိုပါသီချင်းသည် အော်စကာဆု၊ ဂရမ်မီဆုနှင့် ရွှေကမ္ဘာလုံးဆုများရရှိခဲ့သည်။
ယင်းနောက်ပိုင်း ၂၀၁၅ခုနှစ်တွင် တတိယတေးအယ်လ်ဘမ် 25 ကိုထုတ်လုပ်ခဲ့ရာ ၂၀၁၅ ခုနှစ်အရောင်းရဆုံးတေးအယ်လ်ဘမ်ဖြစ်ခဲ့ပြီး Hello သီချင်းသည် ဒစ်ဂျစ်တယ်ကော်ပီအဖြစ် တစ်ပတ်အတွင်းတစ်သန်းကျော်ရောင်းချခဲ့ရရာအမေရိကတွင် ယင်းပမာဏရောင်းအားရှိသည့် ပထမဆုံးတေးသီချင်းဖြစ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်အင်္ဂလန်အဆိုတော် အဒဲလ်ကကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်သည့် နေအိမ်သစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service