လယ်ယာမြေကို ရောင်းကုန်တစ်ရပ်အဖြစ် ထင်မှတ်မှားနေကြပြီလော - Property News in Myanmar from iMyanmarHouse.com
1124 Views

လယ်ယာမြေကို ရောင်းကုန်တစ်ရပ်အဖြစ် ထင်မှတ်မှားနေကြပြီလော

လယ်ယာမြေများ အခြားနည်း အသုံးပြုခြင်း

လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်ပေးခြင်းသည်ရေမြေသဘာဝအနေအထားအရ စပါးသီးနှံ အထွက်နှုန်းကောင်းမွန်သော မိုးကောင်းသောက်လယ်မြေ၊ ဆည်ရေသောက်လယ်မြေ၊ တစ်နှစ်လျှင်သီးနှံသုံးသီးစိုက်ပျိုးနိုင်သော လယ်မြေကောင်း (သင်္ကေတအားဖြင့် R1,R2 စသည့်) များအား ရှောင်ကြဉ်သင့်သည်။ စပါးအထွက် ညံ့ဖျင်းသောလယ်မြေ (R3,R4) များသည် သီးနှံစိုက်ပျိုးရာတွင် အောင်မြင်မှုနည်းပါး၍ စီးပွားရေတွက်ခြေမကိုက်၊ အရှုံးပေါ်သဖြင့် အခြားသီးနှံ (ပဲ ၊ ပြောင်း၊ နှမ်း၊ဝါစသည့်)ပြောင်းလဲစိုက်ပျိုးရန်သော်
လည်ကောင်း ၊ စိုက်ပျိုးမှုအပ အခြားနည်းသုံးစွဲခြင်း (ငါးမွေးကန်တူးဖော်ခြင်း ၊ အိမ်ရာအဆောက်အအုံဆောက်လုပ်ခြင်း ၊ အုတ်ဖုတ်ခြင်း၊ စက်ရုံ/အလုပ်ရုံတည်ဆောက်ခြင်း
စသည် ) ပြုလုပ်နိုင်ရန်သော်လည်းကောင်း လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် အညီ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (သို့) တိုင်းဒေသကြီး/ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုမိန့်ရယူပြီးခါမှ လျှောက်ထားသည့်နည်းလမ်း အတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။သို့သော် ယခုမူ လယ်မြေကောင်းများပေါ်တွင် စက်သုံးဆီ အရောင်းဆိုင်ကြီးများ ၊ စားသောက်ဆိုင်များဖြစ်တည်နေသည့်အပြင်
ဆောင်းပါရှင်ရေးသားသကဲ့သို့ လယ်မြေများအား အကွက်ရိုက်၍ ရောင်းချခြင်း ၊ လယ်ပိုင်ရှင်ကိုယ်တိုင် လက်ဗွေနှိပ်ရောင်းခြင်း/လက်မှတ်ထိုးပေးခြင်း ၊ ကျေးရွာလူာကီးက အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခြင်း တို့မှာ မဖြစ်သင့်မဖြစ်ထိုက်၍ လုံးဝ အရုပ်ဆိုးပါသည်။

ပုံစံ (၁၀၅) ကျပြီးသောရွာမြေတိုးချဲ့ခြင်း

စာရေးသူသည်
‘ ပုံစံ (၁၀၅) ဆိုသည်မှာ ' ဟူသော
ခေါင်းစဉ်ဖြင့် (၂၀၁၅ ခုနှစ်ထုတ် ) ဂျာနယ်တစ်စောင်တွင် ရေးသာဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပုံစံ (၁၀၅) ရရုံနှင့်/ကျရုံနှင့် မြို့/ရွာ မြေတိုးချဲ့ခြင်း၊ အိမ်ရာဆောက်လုပ်နေထိုင်ခြင်း အကွက်ရိုက်၍ ရောင်းချခြင်း လုံးဝပြုလုပ်၍မရပေ။ပုံစံ (၁၀၅) အင်္ဂလိပ်အခေါ် ' ဝမ်းနော့ဖိုဒ် ' (၁၀၅) ဆိုသည်မှာ လယ်ယာမြေပေါ်တွင် ဆောင်ရွက်မည့် ကိစ္စတစ်ရပ်အတွက် အမှုတွဲ (သို့) လုပ်ငန်းစားတွဲတည်ဆောက်ရန် (မြေပုံရေးကုးခွင့် လျှောက်ထားပြီးမှ ) ပူးတွဲတင်ပြရသော သက်သေခံ မြေပုံသာ ဖြစ်သဖြင့် ခွင့်ပြုမိန့် မဟုတ်ပါချေ။မသိနားမလည်သောသူများက ပုံစံ (၁၀၅) ပြလျှင် ပိုင်းဆိုင်မှုအထောက်အထားတစ်ရပ်ဟုခုအထိ ထင်မြေနေကြသည်. လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိရန်အတွက်ဆိုလျှင် အရေးကြီးဆုံအချက်မှာ အမှုတွဲ (သို့) လုပ်ငန်းစားတွဲတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မုချ ပါရှိရမည် ဖြစ်သည်။ယင်းလက်မှတ်သည် လျှောက်ထားသည့် ကိစ္စရပ်တိုင်းတွင် လွန်စွာ အရေးပါသည်။

ပုံစံ-၇ ရပြီး၍ရွာမြေကို တိုးချဲ့ခြင်း (သို့) အခြားနည်းအသုံးပြုခြင်း

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ဟူသည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ပြုမိန့်မဟုတ်သဖြင့် ပုံစံ-၇ ရပြီးပြီးဆိုရုံမျှနှင့် ရွာမြေတိုးချဲ့၍မရပေ။လယ်ယာမြေကို အခြားနည်းအသုံးပြုလိုက (ဥပမာ-ရွာမြေ တိုးချဲ့လိုပါက) လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြူခွင့်လျှောက်လွှာ (ပုံစံ-၁၄) အား ဖြည့်စွက်ရေးသား၍ သက်သေခံမြေပုံ (မြေစာရင်း ပုံစံ-၁၀၅) နှင့် ဆိုဒ်ပလင်များ။ ပတ်ဝန်းကျင်ပြမြေပုံ၊ ပုံစံ-၇ ၊ အခြားလိုအပ်သည့် အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်။ထိုအခါ ယင်းရုံမှ လယ်မြေဆိုလျှင် ပုဒ်မ ၃၀(က) ၊ လယ်မြေမှတစ်ပါး အခြားလယ်ယာမြေဆိုလျှင် ပုဒ်မ၃၀(ခ) အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီနောက် အထက်အဆင့် လယ်ယာမြေစီမဲခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်ပေးပို့ တင်ပြကြရသည်။အမှုတွဲ ပြည့်စုံမှန်ကန်ပြီး အောက်ခြေလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲမှ အဆင့်ဆင့်ထောက်ခံ တင်ပြလာပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် (ပုံစံ၀၁၅) ထုတ်ပေးမည် ဖြစ်၍ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရဖွဲ့သည် လယ်မြေမှတစ်ပါး အခြားလယ်မြေအား အခြားနည့်ဖြင့် အသုံးပြုရင် ခွင့်ပြု့မိန့်၊ ပုံစံ-၁၅(က) ထုတ်ပေးမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယင်း ပုံစံ-၁၅(သို့) ပုံစံ-၁၅(က) လက်ဝယ်ပိုင်ဆိုင်၇ရှိတော့မှ ပင် ရွာမြေတိုးချဲ့ခြင်း ပြုလုပ်နိုင်ပေသည်။သို့ဖြစ်၍ ထန်းတပင်မြို့နယ်အနောက်ပိုင်းတက္ကသိုလ်အနီး၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ ၊ တွံတေး၊ မြို့စွန်းရှိ ရပ်ကွက်များတွင် ပေ၂၀xပေ၆၀၊ ပေ၄၀xပေ၆၀ မြေကွက်များအား ဈေးပေါသည်ဟု ထင်မှတ်ပြီး လိုက်လံဝယ်ယူသူများအနေနှင့် မြေကွက်ရိုက်၍ရောင်းချသူ (သို့) လယ်မြေပိုင်ရှင်၏ လက်ဝယ်တွင်လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်မိန့်ပုံစံ-၁၅(သို့)ပုံစံ-၁၅(က) လက်မှတ်ကိုင်ဆောင်ပြနိုင်မှသာ ဝယ်ယူသင့်ကြောင်း အသိပေး တင်ပြလိုပါသည်။

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ပြုမိန့်၏ စည်းကမ်းချက်များ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်းပုံစံ-၁၀၅၊ ပုံစံ-၇ တို့ဖြင့် လျှောက်ထား၍ သက်ဆိုင်ရာရုံးမှ လယ်ယာမြေဥပဒေ ပုဒ်မ၃၀(က)/၃၀(ခ) အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီး နောက်ဆုံးဗဟိုလယ်ယာမြေစီမံခနမ့်ခွဲမှု ၉(သို) တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ပပုံစံ-၁၅/၁၅(က) လက်မှတ်ရရှိပြီဆိုပါကလည်း လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုဆောင်ရွက်ဖို့ အရေးကြီးပြန်သည်။ဥပမာရွာမြေတိုးချဲ့ရန် (သို့) အိမ်ရာဆောက်လုပ်ရန် လျှောက်ထားခဲ့၍ ခွင့်ပြုမိန့်ကျလာလျှင် အိမ်ရာအဆောက်အအုံဆောက်လုပ်နေထိုင်ရမည်ဖြစ်ပြီး အခြားနည်းလမ်းဖြစ်သည့် ငါးမွေးမြူရေးကန်း တူဖော်၍မရပေ။ အုတ်ဖုတ်၍မရပေ။စက်ရုံ/အလုပ်ရုံတည်ဆောက်၍မရပေ။ဓာတ်ဆီဆိုင်/စားသောက်ဆိုင် ဖွင့်လှစ်၍မရပေ။သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးမပြုပါက အဆိုပါခွင့်ပြုမိန့်ကို ပယ်ဖျက်၍ ယင်းသို့ပယ်ဖျက်သည့် လယ်မြေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ပေသည်။တစ်ဖန်လယ်ယာမြေနည်းဥပဒေ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ တို့အရ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိထားသူသည် ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်လည်ကောင်း ၊ သတ်မှတ်သည့် ကာလတွင်းလုပ်ငန်းပြီးစီးခြင်း မရှိလျှင်သော်လည်ကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(သို့) တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖြွ့မှ ယင်းခွင့်ပြုမိန့်ကို ပယ်ဖျက်၍ ပယ်ဖျက်သည့် လယ်ယာမြေကို ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။
ထို့ကြောင့်ခွင့်ပြုမိန့်ကျလာသည်ပဲထား၊ ယင်းခွင့်ပြုမိန့်၏နည်းလမ်းနှင့်သက်တမ်းသည်လလည်း အရေးကြီးသဖြင့်သတ်မှတ်သည့် နည်းလမ်းအတိုင် အသုံးချခြင်းဟုတ်/မဟုတ်နှင့် သတ်မှတ်ကာလထက်ကျော်လွန်/မလွန်ကိုလည်း သတိပြုသင့်ပေသည်။

ပုံစံ၁၀၅နှင့်ပုံစံ၇တို့ကြားလျော့နည်းပျေက်ကွယ်သွားသည့်
မြေများ

လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်ပြုမိန့်ဖြစ်သော ပုံစံ-၁၅(သို့) ပုံစံ၁၅(က)ကို ရရှိအောင် မဆောင်ရွက်ဘဲ လယ်မြေများကို ပုံစံ-၁၀၅။ ပုံစံ-၇ ကျပြီးဆိုပြီး ကြော်ငြာရောင်းချနေသူများနှင့် ဝယ်ယူသူများသည် မြေယာနှင့်ပက်သက်သည့်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်/ညွန်ကြားချက်များကို အခြေခံသော ဆောင်းပါများအား မဖက်ရှုမိပဲလား၊ မသိရှိ၍လား (သို့) သိလျက်နှင့် မသိဟန်ဆောင်ခြင်းလားဟုမေးစရာရှိပေသည်။သို့သော် လယ်မြေများအား မြေကွက်ရိုက်၍ပြန်လည်ရောင်းချခြင်း၊
ကျောက်ငုတ်တိုင်များ စိုက်ထူ၍ခြံစည်းရိုး အခိုင်အမာကာရံကာ မြေကို ဥ ထားခြင်း ၊ ခြုံ၍ဆိုရသော် လယ်ယာမြေများအား ရောင်းကုန်ပစ္စည်းတစ်၇ပ်နှယ်
အသုံးချခြင်းများနှင့်လယ်မြေများအားခွင့်ပြုမိန် လျှောက်ထား၍အခြားနည်းအသုံးပြုခြင်းများကြောင့်စပါးသီးနှံစိုက်ပျိုးနိုင်သော မြေအမြောက်အများ လျော့နည်း/ပျောက်ကွယ်သွားသည့်ကတော့အမှန်ပင်ဖြစ်ပါသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အဖွဲအစည်းများသည် ပုံစံ-၇ လက်မှတ်ရရှိထားသော တောင်သူလယ်သမားများထံမှ လယ်မြေကို ဝယ်ယူခွင့် ရှိပါသော်လည်း ဝယ်ယူပြီးသော လယ်မြေပေါ်တွင် စပါးသီးနှံကိုသာ မုချ မလွဲမသွေဆက်လက်စိုက်ပျိုးရမည်ဖြစ်ပါသည်။
ဤသို့မဟုတ်မူဘဲလယ်မြေများအား ခြံစည်းရိုးခတ်ထားပြီး
မြေလွတ်၊ မြေလပ် အဖြစ်ထားရှိမည်ဆိုပါက လယ်ယာမြေဥပဒေပုဒ်မ ၁၂(ဈ) အရ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကိုလှပ်ထားခြင်းမပြုရ ဟူသောစည်းကမ်းချက်ကို ဖောက်ဖျက်ကျုးလွန်ရာရောက်
သဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၁၉နှင့် ၂၀ အရ ထိရောက်စွာ အရေးယူခြင်းခံရပေလိမ့်မည်။ထို့ပြင် လယ်ယာမြေအား ခွင့်ပြုမိန့် တစ်စုံတစ်ရာမရှိဘဲ အခြားနည်းအသုံးပြုလျှင်လည်း လယ်ယာမြေဥပဒေပုဒ်မ ၁၂(ဆ) ကို ဖောက်ဖျက်ကျုးလွန်ရာရောက်သဖြင့် အထပ်ပါ ပုဒ်မများနှင့်အညီအလားတူ အရေးယူခြင်း ခံရမည်ဖြစ်ပေသည်။

နိဂုံး

အချုပ်ဆိုရသော် လယ်ယာမြေများအား အကွက်ရိုက်၍ ရောင်းချခြင်း (တစ်နည်းအားဖြင့်) လယ်ယာမြေကို ရောင်းကုန်ပစ္စည်းတစ်ရပ်နှယ် ထင်မှတ်မှားနေခြင်းအပါအဝင် လယ်ယာမြေအား အခြားနည်းသုံးစွဲခြင်း မှန်သမျှသည် နိုင်ငံတော်၏ စပါးသီနှံ စိုက်ပျိုးနိုင်သောမြေများအား လျော့နည်း/ပျောက်ကွယ်စေနိုင်သဖြင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချနိုင်သည့်အဆင့်မှ ကျဆင်းစေနိုင်ပြီး စားနပ်ရိက္ခာဖူလုံမှု (Food Security) ကိုပါ ထိခိုက်စေနိုင်ပါကြောင်းကျိုးကြောင်းဖော်ပြ ရေးသားတင်ပြအပ်ပါသည်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service