ဗီယက်နမ်တွင် အထပ်မြင့်အဆောက်အအုံများ၌ ကားရပ်နားရန် မြေအောက်ထပ်အနည်းဆုံး ၃ ထပ်ထည့်သွင်းရန် အမိန့်ထုတ် - Property News in Myanmar from iMyanmarHouse.com
1057 Views

ဗီယက်နမ်တွင် အထပ်မြင့်အဆောက်အအုံများ၌ ကားရပ်နားရန် မြေအောက်ထပ်အနည်းဆုံး ၃ ထပ်ထည့်သွင်းရန် အမိန့်ထုတ်

ဗီယက်နမ်နိုင်ငံ၏ မြို့ကြီးများတွင် ကားရပ်နားရန် နေရာများ ရှားပါးလာမှုကြောင့် အထပ်မြင့်အဆောက်အအုံပရောဂျက်များနှင့် ကုန်သွယ်ရေးစင်တာများတွင် ကားရပ်နားနိုင်မည့် မြေအောက်ထပ်ပေါင်း အနည်းဆုံး ၃ ထပ် ထည့်သွင်းဆောက်လုပ်ရန် စည်းမျဉ်းသတ်မှတ်လိုက်ကြောင်း ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါစည်းမျဉ်းသတ်မှတ်မှုနှင့် စပ်လျဉ်း၍ ဗီယက်နမ် developer တို့မှာ များစွာ စိတ်မချမ်းမသာ ဖြစ်လျက်ရှိကြသည်ဟု ဆိုသည်။

ယင်းစည်းမျဉ်းမှာ အလေးအနက်သုံးသပ်ရန်လိုအပ်ကြောင်းနှင့် မြေအောက်ထပ် ၃ ခုထည့်သွင်းဆောက်လုပ်ရန် သတ်မှတ်ခြင်းသည် developer တို့အတွက် များစွာအခက်ကြုံစေနိုင်ပြီး အိမ်ခြံမြေလောကမှ နှုတ်ထွက်ရန် ခြိမ်းခြောက်မှုတစ်ရပ်ကဲ့သို့ဖြစ်လာလျက် ရှိကြောင်း ဗီယက်နမ်အိမ်ခြံမြေအသင်း (VNREA) က ထုတ်ပြန်သည်။

အဆိုပါသတ်မှတ်မှုကို ဗီယက်နမ်စီမံကိန်းနှင့်ဗိသုကာဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဟနွိုင်းမြို့တော်တွင် ကားရပ်နားရန်နေရာ ရှားပါးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကာ ကြေညာချက်အမှတ် 1823/TB-QHKT ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းလမ်းညွှန်ချက်တွင် မည်သည့်ပမာဏ အတိုင်းအတာရှိသော စီမံကိန်းများ လိုက်နာရမည်ဟု အတိအကျညွှန်ပြထားခြင်းမရှိသည့်အတွက် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ကာ အိမ်ရာစီမံကိန်းများကို နှောင့်နှေးစေနိုင်ကြောင်း VNREA ဥက္ကဌ ငုယင်ထရန်နမ်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗီယက်နမ်တွင် အထပ်မြင့်အဆောက်အအုံများ၌ ကားရပ်နားရန် မြေအောက်ထပ်အနည်းဆုံး ၃ ထပ်ထည့်သွင်းရန် အမိန့်ထုတ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service