ရန်ကုန်စတော့အိတ်ချိန်း ဘယ်အခြေအနေ ရောက်ပြီလဲ - Property News in Myanmar from iMyanmarHouse.com
1718 Views

ရန်ကုန်စတော့အိတ်ချိန်း ဘယ်အခြေအနေ ရောက်ပြီလဲ

မြန်မာနိုင်ငံမှာ ပထမဆုံး ငွေကြေးအရင်းအနှီး ဈေးကွက် နဲ့ ငွေချေးသက်သေခံလက်မှတ် အရောင်းအ၀ယ်ဈေး ကွက် ဖော်ဆောင်မှု ဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းက စတင် အသက်ဝင်နေပြီ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း တည်ထောင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်
ယခုနှစ်ဆန်းပိုင်းကျမှပဲ ရှယ်ယာ ရောင်းဝယ် မှုတွေနဲ့ စတော့အိတ်ချိန်းကို စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာကျပ်ငွေ ၃၁ ဘီလျံ ရင်းနှီးမြှုပ်နှံထား တဲ့ ရန်ကုန်စတော့အိတ်ချိန်းကို နိုင်ငံပိုင် မြန်မာ့
စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဒိုင်ဝါသုတေသနအဖွဲ့က ၃၀ ဒသမ ၂၅ ရာခိုင် နှုန်း၊
တိုကျိုစတော့အိတ်ချိန်းက ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း ထည့်ဝင်ပြီး အကျိုးတူပူးပေါင်း လုပ်ကိုင်နေ
တာပါ။ ရန်ကုန်စတော့အိတ်ချိန်းမှာ ပြည်တွင်းက အများပိုင်ကုမ္ပဏီတွေပဲ စာရင်းတင်သွင်းခွင့်
ရှိပါတယ်။ အများပိုင် ကုမ္ပဏီခြောက်ခု စာရင်း တင်သွင်းခွင့် ရထားပေမဲ့ လတ်တလော မှာတော့
အများပိုင်ကုမ္ပဏီနှစ်ခုပဲ ရှယ်ယာ ရောင်းဝယ်မှုကို စတင်နိုင်ပါသေးတယ်။ ရန်ကုန်စတော့အိတ်ချိန်းရဲ့
လက်ရှိ အနေအထား၊ စာရင်းကုမ္ပဏီတွေအကြောင်း၊ စတော့ဈေးကွက်ရဲ့ ရောင်းလိုအား၊ ၀ယ်လိုအား၊
မြန်မာ့စီးပွားရေးမှာ စတော့အိတ်ချိန်း ရဲ့ အရေးပါမှု၊ အနာဂတ် အလားအလာနဲ့ ရန်ကုန်စတော့
အိတ်ချိန်းနဲ့ဆိုင်တဲ့ အချက် အလက်တွေကို ယခုသီတင်းပတ်ရဲ့ အထူး စီးပွားရေးသတင်းအဖြစ်
စုစည်းဖော်ပြ လိုက်ပါတယ်။ စာရင်းဝင်ကုမ္ပဏီများ စတော့အိတ်ချိန်း ဈေးကွက်အတွင်း တရားဝင်
ရှယ်ယာ ရောင်းဝယ်ခွင့်အတွက် အရည်အချင်းပြည့်မီကြောင်း ကြေညာခံရတဲ့ အများပိုင်ကုမ္ပဏီတွေ
ကတော့ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI)၊ပထမပုဂ္ဂလိက ဘဏ် (First Private Bank)၊
Great Horkham အများပိုင်ကုမ္ပဏီ၊ မြန်မာ့လယ်ယာ စီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO)၊
မြန်မာ နိုင်ငံသားများဘဏ် (Myanmar Citizen Bank) နှင့် မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်
အများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holdings Public Limited) တို့ဖြစ်ပါတယ်။ ရန်ကုန်
စတော့အိတ်ချိန်းမှာ ပထမဆုံး စာရင်းဝင်ပြီး အစုရှယ်ယာတွေ စတင် ရောင်းချခဲ့တဲ့ အများပိုင်
ကုမ္ပဏီကတော့ ပထမ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(FMI) ပါ။

FMI က ၂၀၁၆ ခုနှစ်၊ မတ် ၂၅ ရက်မှ စာရင်း တင်သွင်းခဲ့တာပါ။ ပထမမြန်မာ့ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီ(FMI) ကို ဆာ့ခ်ျပန်းခေါ် ဦးသိမ်းဝေ က ၁၉၉၂ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ မတည်
ရင်းနှီးငွေကျပ် ၂ ဒသမ ၃ ဘီလျံရှိပြီး၊ ထုတ်ရောင်းပြီးတဲ့ ရှယ်ယာပေါင်းက ၂၃ သန်း ကျော်ရှိပါ
တယ်။ အဓိက စီးပွားရေးလုပ်ငန်း ကြီးတွေဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေး ၀န်ဆောင်မှု
လုပ်ငန်းနဲ့ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းတို့အပြင် စီးပွားရေး လုပ်ငန်းအမျိုးမျိုးမှာ
ရင်းနှီးမြှုပ်နှံထားတဲ့ င်္FMI ကုမ္ပဏီမှာ ၀န်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိပါတယ်။ ကုမ္ပဏီရှယ်ယာ
စတင် ရောင်းချစဉ်က ရှယ်ယာတစ်စုတန်ဖိုး ကျပ် ၁,၀၀၀ ဖြစ်ပြီး စာရင်းတင်ရောင်းချချိန်မှာတော့
၂၆ ဆမြင့်တက်ပြီး ကျပ်၂၆,၀၀၀နဲ့ ဈေးစတင်ခဲ့ ပါတယ်။ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်
ကုမ္ပဏီ (MTSH) က မေ ၂၀ ရက်က စာရင်းဝင်ခဲ့တဲ့ ဒုတိယမြောက်ကုမ္ပဏီဖြစ်ပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန်ကို အခြေ ပြု၍ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ တာဖြစ်ပြီး၊
ဥက္ကဋ္ဌမှာ ကုန်သည်စက်မှုအသင်း ချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်ဖြစ်သည်။ မတည် ရင်းနှီးငွေကျပ်
၃ ဒသမ ၈ ဘီလျံရှိပြီး ထုတ်ရောင်းမည့်ရှယ်ယာပေါင်း လေးသန်း နီးပါးရှိပါတယ်။ ပြင်ပဈေးကွက်မှာ
ရှယ်ယာတစ်စုကို ကျပ် ၁၀၀,၀၀၀ အထိအမြင့်ဆုံးပေါက်ခဲ့ပေ မယ့် စတော့ဈေးကွက်မှာတော့
ကျပ် ၄၀,၀၀၀ နဲ့ စဖွင့်ခဲ့ပါတယ်။ တတိယမြောက် စာရင်းဝင်ရန် အလားအလာရှိသည့် မြန်မာနိုင်ငံ
သားများဘဏ်လီမိတက် ၀န်ကြီးဌာန၏ ရှယ်ယာတချို့ပါဝင်သော မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှာ ဇူလိုင်လတွင် ရှယ်ယာ များ ဈေးကွက် တင် ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်းဘဏ်၏
အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောသည်။

မူလစတင်ဖွင့်လှစ်စဉ် ၁၉၉၁ မှ ၂၀၁၂ ခုနှစ်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်
ရေးဝန်ကြီးဌာနရဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်း အထိ ပါဝင်ခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း
အထိ လျော့ကျလာပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှု ၉၀ ရာခိုင်နှုန်းအထိ ရှိလာသည်။ ၀န်ကြီးဌာန၏
ပိုင်ဆိုင်မှု ပါဝင်ခဲ့သော ကြောင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ
ကုမ္ပဏီများ အက်ဥပဒေ နှစ်မျိုးစလုံးဖြင့် ဖွဲ့စည်းခဲ့သည်။ ယခုအချိန်ထိ ၀န်ကြီးဌာနက ဥက္ကဋ္ဌနှင့်
အုပ်ချုပ်မှုဒါရိုက်တာ ရာထူးများကို ခန့်အပ် ခွင့်ရနေဆဲဖြစ်သော်လည်း လာမည့် ဇူလိုင် လကုန်ပိုင်းတွင်
ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေးကျင်းပချိန်တွင် ၀န်ကြီးဌာန ရှယ်ယာများအတွက် ဒါရိုက်တာ
ရာထူးကို မဲပေးရွေးချယ်တင်မြောက်သွားမည်ဖြစ်သည်။

သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းများ ပြင်ဆင်နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ သဘောတူညီချက်
အဆင့်ဆင့်ရယူပြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သို့ တင်ပြထားပြီဖြစ်ကြောင်း
ဦးမြင့်ဝင်းက ပြောသည်။ လက်ရှိတွင် ဘဏ်ခွဲ ၁၉ ခု ဖွင့်လှစ်ထားပြီး၊ နောက်လအနည်းငယ်
အတွင်း ဘဏ်ခွဲနှစ်ခု ထပ်မံဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားကြောင်းနှင့် ငါးနှစ်အတွင်း ဘဏ်ခွဲ
၅၀ ကျော် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။ အရင်းအနှီး အတွက် ရှယ်ယာများ
ထပ်မံခေါ်ယူရန် လောလောဆယ်တွင် အစီအစဉ် မရှိသေး ကြောင်းလည်း ဦးမြင့်ဝင်းက
ပြောသည်။ မြန်မာနိုင်ငံသားများဘဏ်သည် ဘဏ်ခွဲ ဖွင့်လှစ်မှုနှင့် ဈေးကွက်အနေအထားအရ
အလယ်အလတ်ဘဏ် အဆင့်တွင်ရှိပြီး၊ စတော့ဈေးကွက် မပေါ်ပေါက်မီကပင် မြန်မာ နိုင်ငံ
ငွေချေးသက်သေခံလက်မှတ်များ ရောင်း ၀ယ်ရေးစင်တာ (MESC) ၏ OTC ကောင်တာတွင်
ရှယ်ယာများ ရောင်းချနေဆဲဖြစ်ပြီး၊ ဘဏ် က ထုတ်ဝေသော ရှယ်ယာတစ်စု၏ တန်ဖိုး ကျပ်
၅,၀၀၀ ရှိသော်လည်း ပြင်ပဈေးကွက် ပေါက်ဈေးအရ ၂၀ ရာခိုင်နှုန်း မြင့်တက်ပြီး ကျပ် ၆,၀၀၀ ဖြင့်
အရောင်းအ၀ယ်ဖြစ်နေ ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ရောင်းလိုအားနှင့် ၀ယ်လိုအား ရန်ကုန် စတော့အိတ်ချိန်းမှာ
မြန်မာ သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီရဲ့ အစုရှယ်ယာတွေ စတင်ရောင်းချတဲ့
နေ့မှာ အစုရှယ်ယာတစ်စုကို ကျပ်ငါးသောင်း အထိ ဈေးပေါက်ခဲ့ပြီး အစုရှယ်ယာပေါင်း
တစ်သောင်းကျော် အရောင်းအ၀ယ်ဖြစ်ခဲ့ တယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက သတင်း
ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာတွေက ဈေးကွက်ထဲမှာတစ်စုကို ခြောက်သောင်းအထိ ဖြစ်နေတယ်လို့ သိရ
ပါတယ်။ စတော့အိတ်ချိန်းစာရင်းဝင်အဖြစ် စတင်ရာမှာ ရှယ်ယာရောင်းချရန် ကမ်းလှမ်း
ချက်တင်သွင်းသည့် အစုအရေအတွက် ငါးထောင်ကျော်သာရှိခဲ့ပေမဲ့ ၀ယ်ယူရန် ကမ်းလှမ်းတဲ့
အစုအရေအတွက် ၅၉၂,၁၀၀ ရှိခဲ့တဲ့အတွက် ၀ယ်လိုအား အဆတစ်ရာ ကျော် မြင့်တက်ခဲ့တာ
လည်း ဖြစ်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှာ စာရင်းဝင်ကုမ္ပဏီနှစ်ခုဖြစ်လာတဲ့
အတွက် ရှယ်ယာအညွှန်းကိန်းတွေ ထုတ်ပြန်လာနိုင် ခြင်းက ကောင်းမွန်တဲ့အချက်ဖြစ်လာတယ်
လို့လည်း ရန်ကုန်စတော့အိတ်ချိန်းရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးယဉ်ဇော်မျိုးက ပြောပါတယ်။

"စာရင်းဝင် ကုမ္ပဏီနှစ်ခုဖြစ်လာတဲ့ အတွက် စတော့ဈေးကွက်တစ်ခုလုံးရဲ့ အတက် အကျကို ဖော်ညွှန်းပြနိုင်တဲ့ မြန်မာစတော့ ညွှန်းကိန်း (Myanmar Stock Price Index Myanpix) ကို
စတင်တွက်ချက် ထုတ်ပြန်ပေး သွားတော့မှာပါ။ ဒီအညွှန်းဟာ နောင် တစ်ချိန်မှာ နိုင်ငံရဲ့စီးပွားရေးကို
ထင်ဟပ် လာစေမယ့် အညွှန်းကိန်းတစ်ခုလည်း ဖြစ်ပါ တယ်" လို့ ဦးယဉ်ဇော်မျိုးက ပြောပါတယ်။
အဆိုပါ အညွှန်းကိန်းတွက်ချက်မှုအရ စာရင်းဝင်ကုမ္ပဏီနှစ်ခုသာ ရှိသေးတဲ့ ရန်ကုန်
စတော့အိတ်ချိန်းရဲ့ မေ ၂၀ ရက် မြန်မာ စတော့အညွှန်းကိန်းက ၁၄၅ ဒသမ ၁၆ ရှိခဲ့ပါတယ်။
မေ ၂၀ ရက်မှာပဲ စင်ကာပူနိုင်ငံရဲ့ စတော့အညွှန်းကိန်းကတော့ ၂,၇၆၃ ဒသမ ၈၂ ရှိနေတဲ့
အတွက် ၀ယ်လိုအား အတက်ပြ အညွှန်းကိန်းဖြစ်နေပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ရှယ်ယာရောင်းဝယ်မှုဈေးကွက် မှာ ၀ယ်လိုအားမြင့် မားနေခြင်းနဲ့အတူ ဈေးနှုန်းများ မြင့်တက် နေခြင်းက
စာရင်းဝင်ကုမ္ပဏီ နည်းနေသေးတဲ့ အတွက် ဖြစ်ပါတယ်။ ရေရှည်မှာတော့ အမှန်တကယ်
ဖြစ်သင့်တဲ့ ပုံမှန်ဈေးနှုန်းနဲ့ ရောင်းဝယ်မှု အခြေအနေကို ရောက်လာမည် လို့ MTSH ၏
အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဟန်က ပြောပါတယ်။ "ရှယ်ယာဈေးနှုန်းဆိုတာက ၀ယ်လိုအား
အနည်းအများအပေါ်မူတည်ပြီး ဈေးနှုန်း တစ်ခုဖြစ်လာတာဆိုတော့ ဘယ်ဈေးဖြစ်သင့်တယ်
ဆိုတာမျိုး မရှိနိုင်ဘူး။ အခုက စာရင်းဝင် ကုမ္ပဏီအရေအတွက်က နှစ်ခုတည်း ရှိသေးတယ်လေ။
နောက်ပိုင်း ကုမ္ပဏီတွေအများကြီး ဖြစ်လာရင် ရှယ်ယာရှင်တွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူလာ
နိုင်မယ်။ အဲဒီအခါကျရင် ဈေးကွက်က ၀ယ်လိုအားအတိုင်း ပုံမှန် အနေအထားတစ်ခုပြန်ရောက်သွား
မှာပါ" လို့ ဦးသိန်းဟန်က ပြောပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းမှာ FMI အစု ရှယ်ယာတွေ စတင်ရောင်းချခဲ့တဲ့နေမှ မေ ၂၅ ရက်အထိ
၃၅ ရက်တာအတွင်း အစုရှယ်ယာပေါင်း ၁,၀၁၂,၀၈၀ အထိ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း
တန်ဖိုး ကျပ်ငွေ ၃၅ ဘီလျံ ရှိခဲ့ပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ
အစုရှယ်ယာတွေ စတင်ရောင်းချခဲ့တဲ့ နေ့ကနေ မေ ၂၅ ရက်အထိ လေးရက်တာ အတွင်း
အစုရှယ်ယာပေါင်း ၁၁၉,၉၃၂ အရောင်းအ၀ယ် ဖြစ်ခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ကျပ်ငွေ
ခုနစ်ဘီလျံ ရှိခဲ့ပြီး တစ်ရက်ကို ပျမ်းမျှအစုရှယ်ပေါင်း ၂၀,၀၀၀ ခန့် အရောင်း အ၀ယ် ဖြစ်ခဲ့
တာပါ။ မေ ၂၅ ရက်မှာ FMI အစုရှယ်ယာ တစ်ခုပေါက်ဈေးက ကျပ် ၂၇,၀၀၀ နဲ့ သီလ၀ါ
အစုရှယ်ယာက ကျပ် ၆၀,၀၀၀ နဲ့ဈေးပိတ်ခဲ့ ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းနှင့် ပတ်သက်ပြီး
သတိထားရမည့်အချက်များ ယခင်က ငွေပိုငွေလျှံရှိသူတွေအတွက် ရင်းနှီးမြှုပ်နှံစရာနေရာက
အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြားငွေကြေးတို့သာ ရှိခဲ့တာပါ။ အဲဒီ ကဏ္ဍတွေမှာ ၀ယ်လိုအားများလို့
ဈေးတက် ရိပ်ပြတိုင်း စုပြုံဝယ်ယူရင်းနှီးမြှုပ်နှံကြတဲ့ အတွက် ဈေးကွက် ကမောက်ကမ ဖြစ်တာ
တွေလည်း ရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ လူတွေက ရန်ကုန်စတော့အိတ်ချိန်းမှာ ရင်းနှီး မြှုပ်နှံဖို့
ပိုပြီးမျက်စိကျလာပါတယ်။ စတော့အိတ်ချိန်းမှာ ၀င်ရောက်ရင်းနှီး မြှုပ်နှံမယ်ဆိုရင် အလောတကြီး
ရှယ်ယာ ၀ယ်ယူခြင်းထက် ဈေးကွက်ဗဟုသုတတွေ သတင်းအချက်အလက်တွေ များများသိနိုင် ဖို့
အရေးကြီးတယ်လို့ ပညာရှင်တွေနဲ့ အိတ်ချိန်း ကျွမ်းကျင်သူတွေက ထောက်ပြ ထားပါတယ်။
ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ဈေးတက်ရိပ် ပြသည့်အချိန်မှာ အရင်စလိုဝယ်ယူခြင်းထက်
ကုမ္ပဏီရဲ့အခြေအနေ၊ ထုတ်ပြန်ချက် စတာ တွေကို သေချာလေ့လာထားဖို့ လိုပါတယ်။
စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီရဲ့ သမိုင်း ကြောင်း၊ ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်ကိုင်
နေသလဲ၊ ဆုံးရှုံးနိုင်ခြေက ဘာတွေလဲ။ နှစ်စဉ်ရှယ်ယာပေါ် အမြတ်ဝေစု ခွဲဝေပေးနိုင်လား။
အမြတ်ဝေစုမရဘူးဆိုရင် ရှယ်ယာ တန်ဖိုး မြင့်တက်နိုင်ခြေ တစ်ခုတည်းကို မျှော်လင့်နေရ
မှာဖြစ်ပါတယ်။ ရှယ်ယာပေါ် အမြတ်ဝေစု ရာခိုင်နှုန်းများလွန်းရင်လည်း ကုမ္ပဏီတစ်ခုအတွက် လုပ်ငန်းချဲ့ထွင်ဖို့ ပြန်လည်ရင်းနှီးမြှုပ်နှံရာမှာ နှောင့်နှေးစေ မှာပါ။ ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး
လက်ရှိလည်း ကျင့်သုံးနေဆဲဖြစ်တဲ့ မြန်မာကုမ္ပဏီများ အက်ဥပဒေအရ ရန်ကုန်စတော့အိတ်ချိန်းမှာ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံရန်ခွင့် မရှိ သေးပါဘူး။ အသစ်ပြန်လည်ရေးဆွဲထားတဲ့ ကုမ္ပဏီများအက်ဥပဒေ ပေါ်ထွက်လာမှသာ နိုင်ငံခြားသားတွေ ၀င်ရောက်ရောင်းဝယ်ခွင့် ရမှာ
ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက် ရင်းနှီးမြှုပ်နှံသူတွေက တစ်ဦးချင်း
တစ်ယောက်ချင်းအနေနဲ့သာ ရှိပါသေးတယ်။ နိုင်ငံတကာဈေးကွက်တွေမှာတော့ ပင်စင် အဖွဲ့အစည်း၊ရှယ်ယာရောင်းချမှု ကို တာဝန် ယူ ဆောင်ရွက်ပေးနေတဲ့ကုမ္ပဏီတွေ၊ အာမခံ ကုမ္ပဏီတွေက
သူတို့ရဲ့ဝင်ငွေတိုးပွားအောင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလေ့ ရှိပါတယ်။ စတော့အိတ်ချိန်းမှာ တစ်ဦးချင်း
ရင်းနှီး မြှုပ်နှံမှုတွေက ဈေးကွက်ကို ဆန်းစစ် တွက်ချက်နိုင်မှု အားနည်းတယ်လို့ ကျွမ်းကျင် သူတွေက
ဆိုကြပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို လက်ရှိ ကြီးကြပ်ကွပ်ကဲနေတဲ့ မြန်မာနိုင်ငံငွေချေး
သက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်ကလည်း ငါးနှစ်ကနေ ဆယ်နှစ် အတွင်း
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက် ကြီးကြပ်မှုနဲ့ပဲ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။ စတော့
အိတ်ချိန်းမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံ မယ်ဆိုရင် ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်ရေး
ကုမ္ပဏီတွေရဲ့ ၀န်ဆောင်ခ ကော်မရှင် ကောက်ယူမှုနဲ့ နိုင်ငံတော်ကို ပေးသွင်းရတဲ့ တံဆိပ်ခေါင်းခွန်
ကိစ္စတွေကို လည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ရှယ်ယာဝယ်ယူသူတွေအနေနဲ့ မိမိဝယ်ယူတဲ့
ရှယ်ယာတန်ဖိုးရဲ့ ကျသင့်ငွေနဲ့ တံဆိပ် ခေါင်းခွန်ကိုလည်း ပေးသွင်းရမှာဖြစ်ပါတယ်။ ရှယ်ယာရောင်းချ သူတွေက တံဆိပ်ခေါင်း ခွန် ကင်းလွတ်ခွင့်ရှိပေမဲ့ ကော်မရှင်ခကို တော့ ပေးသွင်းရမှာ ဖြစ်ပါတယ်။

ရှယ်ယာ ရောင်းဝယ်မှု အကြိမ်ရေများပါက အရေ အတွက်အလိုက် ကော်မရှင်ခ ပေးသွင်းရမယ်
ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ် ပါတယ်။ ကျပ်ငါးသိန်းအောက်တန်ဖိုးရှိ ရှယ်ယာ
များဝယ်ယူပါက ကော်မရှင်ခ ကျပ် ၅,၀၀၀၊ ငါးသိန်းတစ်ကျပ်မှ ကျပ်ဆယ်သိန်းအထိကို
၁ ရာခိုင်နှုန်း၊ ဆယ်သိန်းတစ်ကျပ်မှ ကျပ် ဆယ်သန်းအထိကို ၀ ဒသမ ၈ ရာခိုင်နှုန်း၊
ဆယ်သန်းတစ်ကျပ်မှ ကျပ်သန်းတစ်ရာအထိ ကို ကော်မရှင်ခ ၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ကျပ် သန်းတစ်ရာ့တစ်ကျပ်မှအထက်ကို ကော်မရှင်ခ ၀ ဒသမ ၅ ရာခိုင်နှုန်း ၀န်ဆောင်ခပေးဆောင်
ရမှာပါ။ မြန်မာ့စီးပွားရေးနှင့် ရန်ကုန်စတော့ အိတ်ချိန်း၏ အရေးပါမှု၊ အနာဂတ် အလားအလာ
ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းမှာ ပြည်တွင်းလုပ်ငန်းတွေအတွက် ရှယ်ယာတွေ
ထုတ်ရောင်းရင်း ငွေကြေးအရင်းအနှီးရှာပြီး လုပ်ငန်းချဲ့ထွင်နိုင်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ပြည်သူ တွေအတွက်လည်း ငွေပိုငွေလျှံကိုရင်းနှီးမြှုပ်နှံ ဖို့အခွင့်
တစ်ရပ်ဖြစ်ပါတယ်။

သို့သော် ငွေပို ငွေလျှံအချို့ဘဏ်မှာ စုငွေထည့်ထားသူတွေ ကတော့ ရှယ်ယာတက်ဈေးပေါ်မှာ
ရမယ့် အမြတ်နဲ့ ဘဏ်တိုးနှုန်းနဲ့နှိုင်းယှဉ်ပြီး ဘဏ်က ငွေတွေထုတ်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်
ဆိုရင်တော့ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အပေါ်
အမေ ရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကနေ ယခု လလယ်ပိုင်းမှာပဲ လွတ်မြောက်ခဲ့တာကြောင့်၊
ဘဏ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းဟာလည်း နောက်ပိုင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့်ရရင် နိုင်ငံတကာ ရဲ့စိတ်ဝင်စားမှု ပိုမိုရလာနိုင်ပါတယ်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service