ကျူးကျော်များဘ၀ ပြောင်းလဲပေးခဲ့သော အစိုးရအဖြစ် သမိုင်းဝင်အောင်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော ရန်ကုန်တိုင်းရှိ ကျူးများအတွက် နေစရာနှင့်အလုပ်အကိုင် ဖန်တီးပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1533 Views

ကျူးကျော်များဘ၀ ပြောင်းလဲပေးခဲ့သော အစိုးရအဖြစ် သမိုင်းဝင်အောင်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော ရန်ကုန်တိုင်းရှိ ကျူးများအတွက် နေစရာနှင့်အလုပ်အကိုင် ဖန်တီးပေးမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များအား နေ ထိုင်စရာနှင့်အလုပ်အကိုင်များ ဖန်တီးပေးကာ နောင်တစ်ချိန်၌ ကျူးကျော်ဘ၀မှ ပြောင်းလဲပေးသည့်အစိုးရခေတ်တစ်ခေတ်ရှိခဲ့ကြောင်း သမိုင်းတွင် ကျန်ရစ် အောင် ကြိုးပမ်းလုပ်ဆောင်မည် ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ကျူးကျော်နေထိုင်မှုများကို ယနေ့(မေလ ၂၆ရက်)မှစ၍ အပြီးအပြတ်ရပ်ဆိုင်းရန် ဦးဖြိုး မင်းသိန်းကပြောသည်။

ရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်း တစ်ရပ်ဖြင့် အမှန်တကယ် နေ စရာမရှိ၍ ကျူးကျော်သူများနှင့် စီးပွားဖြစ်ကျူးကျော်သူများကို ခွဲခြားကာစာရင်းကောက်ခံမည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

‘‘တကယ်နေစရာမရှိလို့ အ ခက်တွေ့နေတဲ့သူတွေအတွက် ကျွန်တော်တို့ ဆောင်ရွက်ဖို့စီမံ ထားပါတယ်။ ဒါက နိုင်ငံတော်မှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့အစိုးရအဖွဲ့ကတာ ၀န်ယူရမှာဖြစ်ပါတယ်။ စာရင်း ကောက်ခံမှုစတင်မှာဖြစ်ပါတယ်။ ဒါက ရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်း တစ်ရပ်ဖြစ်ပါတယ်’’ဟု ၀န်ကြီး ချုပ်က မေလ ၂၅ရက်တွင် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရက ကျူးကျော်များကို အမှန်တ ကယ်ကျူးကျော်ခြင်း၊ ကျူးကျော် သူအချင်းချင်းပြန်လည်ငှားရမ်း ခြင်း၊ စီးပွားဖြစ်ကျူးကျော်ခြင်း၊ မင်းမဲ့စရိုက်ပုံစံ ကျူးကျော်ခြင်း၊အသိအမှတ်ပြုကျူးကျော်ခြင်းဟူ ၍ အမျိုးအစားငါးမျိုးခွဲခြားသတ် မှတ်ထားသည်။ ရန်ကုန်တိုင်းဒေ သကြီးရှိ ခရိုင်လေးခုအတွင်း ကျူး ကျော်နေထိုင်သူလေးသိန်းကျော် နှင့် အိမ်ခြေ တစ်သိန်းကျော်ရှိ ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် မင်းမဲ့စရိုက် ဆန်စွာမြေကွက်များကို အတင်း ၀င်လု၍ စီးပွားရှာသည့်အခြေအ နေတစ်ခုဖြစ်ပေါ်နေပြီး ယင်းအ ခြေအနေများကို တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အမှန်တကယ် မြေယာမဲ့ နေသူ များကို မျက်နှာဓာတ်ပုံရိုက်ကူး၍ စစ်ဆေးခြင်း၊ လက်ဗွေစနစ်ဖြင့် အထောက်အထား ပြုလုပ်ခြင်း များဆောင်ရွက်ရန်၊ ဘ၀ရပ်တည်မှုခိုင်မာစေရန် အကောင်အထည်ဖော်မည်ဟုဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။

‘‘သူ့ဘ၀ကိုသူ ရပ်တည်နိုင် အောင်ကူညီပါမယ်။ ဒါပေမဲ့ဘာ မှအလကားမရဘူး။ ဒီနေရာမှာ နေစရာပေးမယ်။ ဒီကနေ သူ့ဘ၀ တိုးတက်အောင်လုပ်ရမယ်။ ပြီး ရင်သူ့ဘ၀မြင့်မားသွားတဲ့အဆင့် အထိ နိုင်ငံတော်က အဆုံးတိုင် တာဝန်ယူမှာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရပါလိမ့်မယ်။ အလုပ် မလုပ်ဘဲ ဘာမှ အလကားမရပါ ဘူး။ ဒါကြောင့်အလုပ်လုပ်ရမယ်။ အလုပ်လုပ်ရင် ပိုင်ဆိုင်မှုတွေရှိ လာမယ်။ အလုပ်အကိုင်အခွင့်အ လမ်းရဖို့အတွက် ကျွန်တော်တို့က တာဝန်ယူပြီး ရှာဖွေပေးပါမယ်’’ ဟု ၀န်ကြီးချုပ်ကရှင်းပြသည်။

ယင်းကဲ့သို့ ကျူးကျော်များ အတွက် လုပ်ဆောင်ပေးရာတွင် ရာဇ၀တ်မှု ကျူးလွန်သူများနှင့် ဟန်ဆောင်လိမ်ညာသူများတွေ့ ရှိပါက ပြင်းထန်စွာအရေးယူမည် ဖြစ်ကြောင်းနှင့် စာရင်းကောက်ခံ မှုပြုလုပ်ချိန်၌ အုပ်ချုပ်ရေးအဆင့်တိုးမြှင့်ထားမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးသူများကို ချက်ချင်းဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ကသတိပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်များဖြေရှင်းခြင်းထက် ပိုမိုအရေးကြီးသည့် လုပ်ငန်းစဉ် များရှိနေပြီး အထက်ပါစီမံကိန်း သည် ပထမဆုံးနှင့် နောက်ဆုံးအ ကြိမ်အဖြစ် ကျူးကျော်များ ဖြေ ရှင်းခြင်းဖြစ်ကြောင်း နယ်စပ်ရေး ရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီး တင်အောင်ထွန်းက ပြော ကြားသည်။

‘‘ဒါလုပ်ပြီးတာနဲ့ နောက်ပိုင်း ထပ်ပြီး မပေါ်လာအောင်၊ ကျူးဆို တာလုံးဝမရှိအောင် နောက်ပြီး တော့ တခြားတိုင်းနှင့်ပြည်နယ်က ရန်ကုန်ကိုသွားပြီး ကျူးလုပ်စား ကြမယ်ဟေ့လို့ တက်လာတဲ့သူ တွေမရှိအောင်။ ဒါကိုလည်း ကျွန် တော်တို့ စီမံဆောင်ရွက်ပေးဖို့လို မှာဖြစ်ပါတယ်’’ ဟု နယ်လုံ ၀န် ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် အထက်ပါရန်ကုန်ဖွံ့ ဖြိုးရေးစီမံကိန်းကို ၄၅ရက်ဖြင့်ပြီး စီးအောင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုကြေညာထား ပြီး စီမံကိန်း စတင်အကောင်အ ထည်ဖော်မည့် အချိန်ကိုထပ်မံ ကြေညာမည်ဟု ၀န်ကြီးချုပ်က သတင်းထောက်များအား ပြော သည်။

ကျူးကျော်စာရင်းကောက်ခံရာတွင် နည်းပညာအသုံးပြု၍ စနစ်တကျ ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်ရှိရန်မလိုအပ်ဘဲ လူရှိရုံဖြင့် မှတ်တမ်းတင်နိုင်မည်ဖြစ် ကြောင်း၊ ထိုသူ၏ လက်ဗွေနှင့် မျက်နှာကို တစ်ကြိမ် မှတ်တမ်းယူပြီးသည်နှင့် နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက စက်၌အလိုအ လျောက်ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service