နေပြည်တော် မြေဈေးကွက် ပြည်ပပွဲစား ၀င်ကစားမှာ စိုးရိမ် - Property News in Myanmar from iMyanmarHouse.com
1191 Views

နေပြည်တော် မြေဈေးကွက် ပြည်ပပွဲစား ၀င်ကစားမှာ စိုးရိမ်

နိုင်ငံခြားသားစိတ်ဝင်စားမှုမြင့်တက်လာတဲ့ နေပြည်တော်က မြေကွက်တွေကို နိုင်ငံခြားသားပွဲစားတွေဝင်ရောက်ပြီး ဈေးကစားမှုတွေပြုလုပ်လာမှာကို ပြည်တွင်းအခြေစိုက်
အကျိုးဆောင်တွေစိုးရိမ် နေကြပါတယ်။

အစိုးရအကူးအပြောင်းကာလအပြီးမှာ နေပြည်တော်ကို နိုင်ငံခြားသားစိတ်ဝင်စားမှုဟာ စိပါလာပါတယ်။မြေကွက်ဝယ်ရုံတင်အိမ်ခြံမြေဈေးနှုန်းကို စုံစမ်းတာ မဟုတ်ဘဲ နေပြည်တော်ရဲ့ အရောင်းအ၀ယ်ဖြစ်နေတဲ့ ပြောင်းလဲနေတဲ့ ဈေးနှုန်းအခြေအနေကိုပါ စုံစမ်းတဲ့ အနေအထားတွေလည်းရှိနေပါတယ်။

ပွဲစားထဲကလည်းလူပဲ လူထဲကလည်းပွဲစားဖြစ်နိုင်တာကြောင့် နိုင်ငံခြားသားတွေကလဲ ပွဲစားတွေဖြစ်နိုင်တာပဲ ဒါကြောင့်ပွဲစားတွေဆီက ဦးနှောက်ဖောက်စားမခံရအောင် ကြိုတင်သတိပေးမှုတွေလုပ်နေတာပါ လို့ နေပြည်တော်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းဇော်ဦးက ပြောပါတယ်။

နေပြည်တော်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့လိုလာရင် မလာမဖြစ်လာရတဲ့ နေရာတစ်ခုပါ နိုင်ငံခြားအဖွဲ့အစည်းတွေ သံရုံးတွေနဲ့ နိုင်ငံခြားစီးပွားရေးအခြေစိုက်တွေ အတွက်တော့ ရုံးခန်းတည်ရှိဖို့ လိုအပ်လာတဲ့ အခြေအနေဖြစ်လာပါတယ်။ဒါကနိုင်ငံခြားသားစိတ်ဝင်
စားမှုမြင့်တက်စေတဲ့ အကြောင်းအချက်တွေဖြစ်လာပါတယ်။

သည်အခါ နိုင်ငံခြားသားတချို့ ငှားရမ်းဝယ်ယူဖို့ ဈေးကွက်စုံစမ်းတာထက် ပြောင်းလဲတိုးတက်လာနိုင်ဖွယ် အခြေအနေတွေကိုပါ စုံစမ်းပြီးမိမိနိုင်ငံရဲ့ အဖွဲ့အစည်းကို သတင်းပေးတာတွေရှိလာပါတယ်။

၂၀၁၂ခုနှစ် အစောပိုင်းကာလက စတင်မြင်မားခဲ့တဲ့ မြေဈေးကို အစိုးရကမထိန်းချုပ်နိုင်ခဲ့ပါဘူး နိုင်ငံခြားသားငွေရှင်တွေက
နိုင်ငံသားတွေကို ငွေအရင်းအနှီး ထုပ်ပေးပြီး အမည်ခံဝယ်ရောင်းတွေပြုလုပ် ဈေးကစားခဲ့တာတွေရှိပါတယ်။စီးပွားရေးဖြစ်ထွန်းခြင်းရဲ့ လမ်းစဖြစ်တဲ့ စက်မှုဇုန်တွေ လမ်းပန်းဆက်သွယ်ရေးတွေကစလို့ တက္ကသိုလ်တောင်မရှိသေးတဲ့ နေပြည်တော်မှာ ခုလိုမြေဈေးလာကစားဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်တဲ့အကျိုးဆောင်တွေလည်းရှိနေပါတယ်။လက်တွေ့မှာတော့ ဈေးကွက်စုံစမ်းတဲ့ နိုင်ငံခြားသားတွေ နေပြည်တော်မှာ ခြေရှုပ်နေတာကတော့ မငြင်းသာတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

နေပြည်တော်အခြေစိုက် တံခွန်အကျိုးဆောင်ပိုင်ရှင် ဦးသန်းထိုက်ဦးက နေပြည်တော်အိမ်ခြံမြေဈေးကွက်ကြီးတစ်ခုလုံးကို ဈေးကစားဖို့ဆိုတာက အရင်းအနှီးအရမ်းများပါတယ် အဲဒီလောက်အများကြီးမလွယ်ဘူးထင်တယ် လို့ ဆိုပါတယ်။

နေပြည်တော်ကစီးပွားရေးဆိုင်ရာ ရင်းနှီးမြှပ်နှံမယ့် အခွင့်အလမ်းမရှိသလို ရွှေ့ပြောင်းနေထိုင်သူတွေလည်း များလာစရာမရှိတာကြောင့် မြေဈေးဝင်ကစားပြီး မြှပ်နှံဖို့မရှိလောက်သေးဘူးလို့ အကျိုးဆောင်တွေကခန့်မှန်းကျပါတယ် ဒါပေမဲ့ နိုင်ငံခြားသားစိတ်ဝင်စားမှု မြင့်တက်လာတာကိုတော့ လုပ်ငန်းတူအကျိုးဆောင်အချင်းချင်း သတင်းအချက်အလက်ဖလှယ်ပြီး သတိပေးနေတယ်လို့ သိရပါတယ်။

ခြေလှမ်းပြင်
ဦးဝင်းဇော်ဦးက ဒီအချိန်မှာ နိုင်ငံခြားသားက စိတ်ဝင်စားမှုများလာပြီး နေပြည်တော်ကိုချဲ့ထွင်ဖို့ ခြေလှမ်းတွေပြင်ဆင်နေပါပြီ နေပြည်တော်ကအိမ်ခြံမြေအသင်းအဖွဲ့အနေနဲ့ အိမ်ခြံမြေရောင်းဝယ်ကိစ္စဆောင်ရွက်တဲ့ အခါမှာ ဌာနဆိုင်ရာတွေနဲ့ ပေါင်းရတဲ့ အခါမျိုးမှာ ပွင့်လင်းမြင်သာမှုရှိပြီး ချပြသင့်တာတွေချပြရမှာဖြစ်ပါတယ် လို့ပြောပါတယ်။

အစိုးရအကူးအပြောင်းကာလအပြီးမှာ နေပြည်တော်ကို နိုင်ငံခြားသားစိတ်ဝင်စားမှု ၁၀ ရာခိုင်နှုန်းအထိ ပိုပြီးမြင့်တက်လာနေတယ်လို့ သိရပါတယ်။လက်တလောမှာ ဂျပန်၊စင်ကာပူနဲ့ ဟောင်ကောင်တို့လာရောက်စုံစမ်းနေကြပါတယ်။

အများစုကတော့ ရင်းနှီုးမြှပ်နှံဖို့ထက် ငှားရမ်းနေထိုင်ကြပါတယ် နိုင်ငံခြားသားကုမ္ပဏီတွေ အငှားများလာတာတော့ သပြေကုန်းနဲ့ ဥတ္တရသီရိမြို့နယ်ကလုံးချငိးတွေ ဖြစ်ပါတယ်။နေပြည်တော်မှာ အနည်းငယ်သာရှိတဲ့ ကွန်ဒိုတွေမှာတော့ ငှားရမ်းနေထိုင်မှုများပါတယ်။လက်တလော
ကာလမှာတော့ နိုင်ငံခြားယာယီသံရုံးဖွင့်ဖို့ နဲ့ နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းတွေ ရုံးခန်းဖွင့်ဖို့ လာရောက်စုံစမ်းသူတွေရှိပါတယ်။

ဇေယျာအိမ်ခြံမြေအကျိုးဆောင်က ဦးနန္ဒကျော်က ဂျပန်၊စင်ကာပူ ၀ယ်ရောင်းလုပ်ဖို့ လာဆွေးနွေးတယ် ထောက်လှမ်းရုံပဲရှိတယ် မ၀င်သေးဘူး ဟိုတယ်တို့ ဘာတို့ ဂျွိုင့်လုပ်တာပဲရှိတာ ၀ယ်လဲတရုတ်တွေပဲဝယ်တာ ဒီမှာကနိုင်ငံခြားသားကြိုက်တဲ့ အ၀န်းအ၀ိုင်းမရှိသေးဘူးလို့ဆိုပါတယ်။
ငွေကြေးတက်နိုင်သူတွေအနေနဲ့ ဈေးကစားဖို့ လာရောက်မြှပ်နှံရင်တောင် တန်ဖိုးနည်းတဲ့ ကျပ်သိန်းရာကျော်အကွက် တွေမှာသာ ၀င်ရောက်နိုင်ပြီး တန်ဖိုးကြီးအကွက်တွေကိုတော့ ၀င်ရောက်မြှပ်နှံဖို့ မဖြစ်ဘူးလို့ အကျိုးဆောင်တွေကဆိုပါတယ်။

အစိုးရသစ်ရဲ့ မြေခွန်နှုန်းထားကလည်း မြင့်မားတယ်လို
့ ဝေဖန်မှုတွေရှိပေမဲ့ ၀ယ်ရောင်းလုပ်သူတွေအတွက် ဟာကွက်တွေရှိနေတယ်လို့လည်း သိရပါတယ်။

နေပြည်တော်မှာလာရောက်ရင်းနှီးမြှပ်နှံသူတွေက
မြန်မာပြည်ဖွား တရုတ်တွေဖြစ်ပါတယ်။အရင်ကတော့ အမြန်လမ်းတလျှောက်က မြေတွေနဲ့ စည်ကားရာနေရာတွေမှာ ၀ယ်ယူမှုတွေရှိခဲ့ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service