ခေတ်မီဗိသုကာလက်ရာ အဆောက်အအုံတိုးချဲ့ - Property News in Myanmar from iMyanmarHouse.com
990 Views

ခေတ်မီဗိသုကာလက်ရာ အဆောက်အအုံတိုးချဲ့

နိုင်ငံတကာ ဝင်ပေါက် ထွက်ပေါက်ဖြစ်သော စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ အဓိက နိုင်ငံခြားသားခရီးသွား ဧည့်သည် လာရောက်မှုများပြားပြီး ဟိုတယ်ကြီးများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ရန်ကုန်မြို့တွင် အပြိုင်အဆိုင် တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ လက်ရှိတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ဘေးတွင် အသစ်ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သော New INYA WING Tower Grand Opening ကို မေ ၁၈ ရက် ညနေက အဆိုပါ အဆောက်အအုံတွင် ကျင်းပခဲ့သည်။

New INYA WING သည် ၂၉ ထပ် ပါဝင်ကာ ဆီဒိုးနားဟိုတယ်၏ ကြယ်ငါးပွင့်အဆင့်အဖြစ် တိုးချဲ့တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခန်းများ၏ အတွင်းပိုင်း ဒီဇိုင်းများကိုလည်း မြန်မာမှုလက်ရာ များကို ခေတ်နှင့်အညီ ထည့်သွင်း ဆောင်ရွက်ထားသည်ဟု သိရသည်။

ခေတ်မီဗိသုကာလက်ရာများနှင့် မြန်မာမှုလက်ရာများကို ပေါင်းစပ်ဖန်တီးထားပြီး အခန်းအမျိုးအစားအလိုက် အခန်းအကျယ် ၃၃ စတုရန်းမီတာမှ အကျယ်ဆုံးအခန်းမှာ ၁၉၇ စတုရန်းမီတာနှင့် အခန်းပေါင်း ၄၃၁ ခန်း ဖြစ်ကြောင်း သိရသည်။ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်သည်နှင့်အညီ ယင်းနှင့်ညီမျှသော ဝန်ဆောင်မှုများကို အပြည့်အဝပေးအပ် သွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ဟိုတယ်၏ စီမံခန့်ခွဲမှုလုပ်ငန်းများကို စင်ကာပူနိုင်ငံအခြေစိုက် Keppel Land Hospitality Management မှ ဆောင်ရွက်မည်ဟု သိရသည်။

ယခုနှစ်တွင် ခရီးသွားဧည့်သည် ၅ သန်းခန့်အထိ လာရောက်မှုရှိမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား သားခရီးသွား ဧည့်သည် ၇ ဒသမ ၅ သန်းခန့်အထိ လာရောက်မည်ဟု ခန့်မှန်းဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ခရီးသွားကဏ္ဍ တိုးတက်မြင့်မားလာသည်နှင့်အမျှ ခရီးသွားကဏ္ဍတွင် အရေးပါသော ဟိုတယ်ကြီးများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ လုံလောက်ရန် အရေးကြီးပြီး ဈေးနှုန်းနှင့် ဝန်ဆောင်မှုများလည်း မျှတစွာ ပေးအပ်နိုင်ရန်လိုအပ်သည်ဟု သိရသည်။ ယင်းအပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စားသောက်ဆိုင်များနှင့် သန့်စင်ခန်း များ ကောင်းမွန်ရန်လိုအပ်ပြီး ခရီးသွားအရေအတွက် တိုးတက်များပြား ရန်ကိုသာမက အမှန်တကယ် ခရီးသွားဝင်ငွေ တိုးတက်ကောင်းမွန် ရန်ကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ခရီးသွားကဏ္ဍ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service