တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးရန်စီစဉ်နေသော်လည်း မြေနေရာ အခက်အခဲဖြစ် - Property News in Myanmar from iMyanmarHouse.com
1446 Views

တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးရန်စီစဉ်နေသော်လည်း မြေနေရာ အခက်အခဲဖြစ်

မန္တလေးမြို့၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေကျပ်သိန်း ၁ဝဝ အောက် တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ်နေသော်လည်း လတ်တလော အခြေအနေ တွင် မြေနေရာ အခက်အခဲဖြစ် ပေါ်နေကြောင်း သိရသည်။

အခြေခံလူတန်းစားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန် အတွက် တန်ဖိုးနည်အိမ်ရာ များဆောက်လုပ်ရန် စီစဉ် နေသော်လည်း မြေနေရာအခက်အခဲကြောင့် မြို့၏ ဆင်ခြေဖုံး ရပ်ကွက်များတွင် မြေကွက်ရှာဖွေနေကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က ပြောကြားသည်။

''လူနေတိုက်ခန်း အရေအတွက်များများလုပ်ချင်ပေမယ့် မြေက ရှားနေတော့ မြေ ကွက်တွေ ဝယ်ဖို့ လိုက်ရှာ နေပါတယ်။ မြို့တော်စည်ပင်နဲ့ တိုင်းဒေသကြီး အစိုးရ ဘက်က မြေနေရာပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ငွေကျပ် သိန်း ၁ဝဝ အောက် တန်ဖိုးနည်း တိုက်ခန်းတွေဖြစ်တဲ့အတွက် အခန်းတော့ကျဉ်း သွားမယ်။ အခုခေတ် အိမ်ငှား ဈေးကလည်း ငါးသောင်းကနေ တစ်သိန်းကြား ရှိနေတော့ ဝန်ထမ်းတွေနေရေး တော်တော် ဒုက္ခရောက် ရတယ်။
ဒါကြောင့် ဝန်ထမ်းတွေ အတွက်ရော ပြည်သူတွေ အတွက်ပါ ဆောက် လုပ်ပေးသွားမှာပါ'' ဟု ၄င်းက ဆိုသည်။

လက်ရှိတွင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ချမ်းမြ သာစည်မြို့နယ်တွင် လုပ်သက်၂၅ နှစ် အထက် ဝန်ထမ်းများ နေထိုင်ရန်အတွက် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ပေး ပြီး မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၁၆၅ သိန်း၊ ပထမထပ် ငွေကျပ် ၁၅၅ သိန်း၊ ဒုတိယထပ် ငွေကျပ် ၁၄၅ သိန်းနှင့် တတိယထပ် ငွေကျပ် ၁၃၅ သိန်းတို့ဖြင့် အိမ်ခန်း ၄ဝဝ ရောင်းချပေးခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service