ဧပြီအထိ ယခုနှစ်ပထမလေးလအတွင်း တရုတ်အိမ်သစ်ရောင်းအား ၆၁ ရာခိုင်နှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1090 Views

ဧပြီအထိ ယခုနှစ်ပထမလေးလအတွင်း တရုတ်အိမ်သစ်ရောင်းအား ၆၁ ရာခိုင်နှုန်း မြင့်တက်

တရုတ်တွင် ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ပထမလေးလအတွင်း အိမ်သစ်ရောင်းအားများ
သည် ယခင်နှစ် ပထမလေးလကထက် ၆၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး ၂ ဒသမ ၄ ထရီ
လျံ ယွမ် (အမေရိကန်ဒေါ်လာ ၃၆၇ ဒသမ ၄ ဘီလျံ) ရှိခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရို
က မေလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဧရိယာအားဖြင့် ၃၈ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၂၃ ဒသမ ၂ သန်း စတုရန်းမီတာ ရောင်းချခဲ့ရသည်။

ဧပြီလမပါပါက ယခုနှစ် ပထမသုံးလပတ်အတွင်း အိမ်သစ်ရောင်းအား ယခင်နှစ် ပထမသုံးလ
ပတ်ကထက် ၆၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧရိယာအားဖြင့် ၃၅ ဒသမ ၆ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် အဓိကမြို့ကြီးများမဟုတ်သည့် မြို့များတွင် ယခုနှစ် ပထမလေး
လအတွင်း ယခင်နှစ် ပထမလေးလကထက် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အဓိက
မြို့ကြီးများတွင် ၆ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ ထိုသို့ အဓိကမြို့ကြီးများမဟုတ်
သည့် မြို့များတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှုန်း သိသိသာသာ တစ်ဟုန်ထိုး မြင့်တက်ခဲ့ခြင်းမှာ
ပြီးခဲ့သည့် လ ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဗျူရို၏ အကြီးတန်းစာရင်းအင်းပ
ညာရှင် လီကျောင်းက ပြောကြားခဲ့သည်။

တစ်နိုင်လုံးအတိုင်းအတာအားဖြင့် အိမ်ခြံမြေပုံစံမျိုးစုံတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမ
လေးလအတွင်း ယခင်နှစ် ပထမလေးလကထက် ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧပြီလ
မပါပါက ပထမသုံးလပတ်အတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗျူရိုက ထုတ်ပြန်
ခဲ့သည်။

အိမ်ခြံမြေပုံစံမျိုးစုံတွင် ရင်းနှီးမြှုပ်နှံမှု၏ ၆၆ ဒသမ ၅ ရာခိုင်နှုန်းရှိသည့် လူနေအိမ်ရာများတွင်
ရင်းနှီးမြှုပ်နှံမှုက ယခုနှစ် ပထမလေးလအတွင်း ယခင်နှစ် ပထမလေးလကထက် ၆ ဒသမ ၎
ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧပြီလမပါပါက ပထမသုံးလပတ်အတွင်း ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်
တက်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service