အစိုးရသစ်ဖြေရှင်းဖို့ နည်းလမ်းရှာရခက်ခဲနေဦးမယ့် ကျူးကျော်ပြသနာ - Property News in Myanmar from iMyanmarHouse.com
998 Views

အစိုးရသစ်ဖြေရှင်းဖို့ နည်းလမ်းရှာရခက်ခဲနေဦးမယ့် ကျူးကျော်ပြသနာ

မြန်မာနိုင်ငံမှာ ကျူးကျော်လူတန်းစားတစ်ရပ်ပေါ် ထွန်းလာခဲ့တာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ကျူးကျော် အများစုသည် သဘာဝဘေးအန္တရယ်ကြောင့်သော်လည်းကောင်း၊အလုပ်အကိုင်ရှားပါးမှုကြောင့်သော်လည်းကောင်း၊စီးပွားရေးကျပ်တည်းမှုမှ တစ်ဆင့်မြေယာမဲ့ဖြစ်လာ ကာ မြေဈေးကြီးမြင့်မှုကြောင့် ကျူးကျော်ဘဝရောက်ရှိလာကြသူအများစုဖြစ်သည်။

နှစ်ကာလကြာရှည်စွာ တည်ရှိနေခဲ့သော ကျူးကျော်ပြသနာများ အပေါ် အစိုးရအဆက် ဆက်ဖြေရှင်းခဲ့သော်လည်း ယနေ့အထိ အောင်မြင်မှု မရသေးကြောင်း တွေ့ရသည်။ ၂၀၁၄ ခုနှစ်တွင် နော်ဝေ ဘုရင်မြန်မာပြည်သို့ လာရောက်ရာတွက် မန္တလေးတိုင်းအတွင်းရှိ ဂေါဝန်ဆိပ်ကမ်းမှ အိမ်ခြေမဲ့ ကျူးကျော်များအား ဘူဒိုဇာဖြင့်ထိုး၍ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့သည်။ထို့ကြောင့် ကျူးကျော်ပြသနာအပေါ် မြန်မာသာမက ကမ္ဘာကပါ စိတ်ဝင်တစ်စားစောင့်ကြည့်လာ
ကြသည်။ ထို့ပြင် ယနေ့အချိန်ကာလအထိ ကျူးကျော်ပြသနာကို ဖြေရှင်းရန်နည်းလမ်းမှာ ခက်ခဲနေဆဲဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် စိန်ခေါ်မှုပြသနာ များစွာရှိသည့်အနက် ကျူးကျော်ပြသနာမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ယခင်အရပ်သားအစိုးရလက်ထက်တွင် ကျူးကျော်အား ဖြေရှင်းပုံနည်းလမ်းမမှန်ကန်သဖြင့် ကမ္ဘာမှပင် ဝေဖန်ပြောဆိုခံရသည့်အနေအထားအထိရောက်ခဲ့သည်။အများစုမှ ကျူးကျော်ပြသနာအားဖြေရှင်းရာ တွင် မြေနေရာ အစားပြန်ချပေးစေလိုကြသော်လည်း ယင်းအချက်ကို အစိုရမှ လျစ်လျူရှုခဲ့သည်။

"""ကျူးကျော်တွေကို မြေနေရာ အစားပြန်ပေးမယ်ဆိုရင် အဆင်မပြေဘူး။တကယ်လို့ ကျူးကျော်တွေ ကို မြေနေရာပြန်ပေးမယ်ဆိုရင် အကုန်လုံး ကျူးကျော်တွေ ဖြစ်ကုန်ကြမှာပေါ့။အကုန်လုံးက ကြိုးစားပြီး ဝယ်ယူနေကြရတဲ့အချိန်မှာ ကျူးကျော်နေသူတွေကြ နေရာ ပြန်ပေးတယ် ၊လျော်ကြေးပြန်ပေးရင် တစ်ခြားလူတွေကလည်း ဘယ်ကြိုးစားကြတော့မလဲ။ ကျူးကျော်ပဲ လုပ်လာကြမှာပေါ့ ။နောက်တစ်ခါ ခု ကျူးကျော်တွေထဲက ပဲ လျော်ကြေးရ မှန်းသိရင် နောက်ထပ်ကျူးကျော်နေကြမှာဘဲ။ငါတို့တော့ ကျူးကျော်နေလည်း အချိန်တန်ရင် လျော်ကြေးရမှာ ဘဲဆိုပြီး ဖြစ်ကုန်မှာပေါ့။""ဟု ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်သာရာရေးကော်မတီ၊ စီမံဌာနမှ တာဝန်ရှိသူအကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ယခင် ကျူးကျော်များကို ရှင်းလင်းဖယ်ရှားခဲ့ သည့်နေရာများတွင် အငှားအိမ်ရာစီမံကိန်းများ တည်ဆောက်ပေးခြင်းဖြင့် အိမ် ခြံ မြေဈေးကွက်ကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ကြကြောင်းလည်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ ခန့်မှန်းသိရှိရသည်။""အငှားအိမ်ရာတွေကို အဲဒီနေရာတွေမှာ ပြန်ဆောက်မယ်။ပြီးရင် တစ်လ သုံးသောင်းနဲ့ ပြန်ငှားမယ်။လောလောဆယ်တော့ အကုန်မရသေးဘူးပေါ့။တစ်ဖြည်းဖြည်းနဲ့အကုန်ရလာတဲ့အခါကြရင် အငှားဈေးကွက်ကို ဘယ်သူမှ တော်ရုံနေရာကို ငါးသောင်းတစ်သိန်းပေးပြီး မနေတော့ဘူး။အကုန်လုံးက နိုင်ငံတော်ပိုင်မှာဘဲနေကြတော့မှာ။ပြောရရင် အိမ် ခြံ မြေ ဈေးကွက်ကိုပါ တစ်ခါတည်းထိန်းပြီးသားဖြစ်မှာဘဲ"""ဟု အထက်ပါ တာဝန်ရှိပုဂ္ဂိုလ်မှ ပြောပြသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖစ်လာသူ ဦးဖြိုးမင်းသိမ်းအနေဖြင့် ကျူးကျော်ပြသနာများကို ဂရုထားဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြော ကြားထားသည်။ ၎င်းအနေဖြင့် ဖြေရှင်းရာတွင် ကျူးကျော်များအား မြေနေရာပြန်လည် အစားထိုးဖြေရှင်းမှုများဖြင့်ဖြေရှင်းဆောင်ရွက်သွားမည်ဟုပြောကြားထားသည်။သို့သော် ယင်အချက် မှာ ဖြစ်နိုင်ရန်ခက်ခဲသော အချက်တစ်ရပ်ဖြစ်ပြီး လက်ရှိစာရင်းအရ ကျူးကျော် လေးသိန်းကျော် အား ပြန်လည် နေရာချထားပေးရန် အခက်အခဲရှိနေမည်ဖြစ်သည်။

ထို့ပြင် ကျူးကျော်များမှာ မြို့နယ်များရှိ စည်ပင်မြေ ၊ လယ်ယာမြေ၊ တပ်မြေများတွင်သာမက မီးရထားပိုင်မြေနေရာမေးဆွင် ကျူးကျော်နေထိုင်မှု များလည်းရှိသည်။ယင်း ကျူးကျော်များအား ရှင်းလင်းဖယ်ရှားပေးရမည်ဖြစ်ပြီး သို့မှသာ အကျိုးပြုမြေ ဧရိယာ Profit Land Area များတိုးပွားလာမည်ဟု မီးရထားမှ တဝန်ရှိသူတစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သွားလာရေးမန်နေဂျာ ဦးကျော်စိုးလင်းမှ ပြောပြသည်။ ""မီးရထားကျူးကျော်တွေ ဆိုတာလည်း ပေါ်လာတာကြာလှပြီ။ သွားရှင်းလည်း ခနဘဲ ။ပြီးရင် ပြန်ရောက်လာကြရော။အဓိက မီးရထား ကျူးကျေ်တွေများတာ ကတော့ သွားလာရေးနဲ့ လုပ်ကိုင်စားသောက်ရေး လွယ်ကူတဲ့နေရာတွေများတယ်။ ခု လက်ရှိမှာ သင်္ဃန်းကျွန်း ၊ ငမိုးရိပ်၊မလွှကုန်း ၊တိုးကြောင်လေး၊စတာတွေများတယ်။နောက်ပြီး Downtown မှာ များတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ နို့တစ်စာထုတ်ပြီးရှင်းရတာဘဲ။သက်ဆိုင်ရာကလည်း ထိထိရောက်ရောက်ရှင်းလင်းပေးဖို့လိုလိမ့်မယ်။""ဟု အထက်ပါ တာဝန်ရှိသူမှပြောပြသည်။

လက်ရှိတွင် ကျူးကျော်များအား မြေကွက်ပြန်လည် ချထားပေးမည်ဆိုပါကလည်း သေချာစွာ စိစစ်သင့်ကြောင်း အိမ် ခြံ မြေ လုပ်ငန်းရှင်များက အကြံပြုသည်။ စာရင်းဇယားအရ ဦးစွာကောက်ယူ သင့်ကြောင်းနှင့် ပြန်လည်နေရာ ချပေးသော မြေကွက်အား ပြန်လည်ရောင်းချမှုများ မပြုလုပ်နိုင်ရန် စိစစ်ကြပ်မတ်သင့်ကြောင်း လုပ်ငန်းရှင်များကပြောဆိုကြသည်။

"ကျုးကျော်တွေကို အိမ်ရာစီမံကိန်းတွေပြန်ချပေး မယ်ပြောတာကိုကြိုဆိုပါတယ်။ဒါပေမယ့် စာရင်းဇယားနဲ့သေချာလုပ်ဖို့လိုတယ်။ ကျူးကျော်အများစုက သဘာဝဘေးနဲ့ လုပ်ငိုင်စားသောက်ဖို့ ခက်ခဲတာတွေကြောင့်ရန်ကုန်ရောက်လာကြတာများတယ်။ထပ်ရောက်လာကြမှာဘဲ။ ကျူးကျော်တွေကိုနေရာချပေး မယ်ဆိုတော ခုကတည်းက သတင်းတချို့ကြားနေရတယ် ။ပြောရရင် အရင် မီးရထားကျူးဆွေကို စာရင်းကောက်ပြီးမြောက်ဥက္ကလာဘက်မှာနေရာချပေးဖို့ လုပ်တုန်းက စလစ်ထုတ်ပေးတာတွေ ကို ပြန်ရောင်းစားတာတွေဖြစ်ဖူးတယ်။ ခုလည်း အရင်လိုမဖြစ်အောင် ပြန်ရောင်းစားလို့မရအောင် သေချာလုပ်ဖို့လိုတယ်။ ကျူးပြသနာပြေလည်မှ လူမှုစနစ်တွေပြေလည်မှာပါ""ဟု မိုးပြည့်စုံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှပြောပြသည်။

အချုပ်ဆိုရသော် အခြေခံ လူနေမှုအခက်အခဲများနှင့် ဆက်စပ်နေသော ကျူးကျော်နေထိုင်သည့်ပြသနာ များကို ဖြေရှင်းရမည့်အစိုးရသစ်အနေဖြင့် အခက်အခဲ စိန်ခေါ်မှုများမှာ ကြီးမားနေဦးမည်ဖြစ်ကြောင်းသုံး သပ်တင်ပြလိုက်ရပါသည်။

မင်းဝသန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service