ခြောက်လခန့် တောက်လျှောက် ကျဆင်းနေသည့် ကန်ထရိုက် လုပ်ငန်းများကြောင့် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ အေးစက်လျက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
2379 Views

ခြောက်လခန့် တောက်လျှောက် ကျဆင်းနေသည့် ကန်ထရိုက် လုပ်ငန်းများကြောင့် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ အေးစက်လျက်ရှိနေ

ဆောက်လုပ်ရေး လုပ်ငန်းများအားနည်းရသည့်
အကြောင်းအရင်း အမျိုးမျိုးရှိနေပြီး ပေါ်ပင်ကန်ထရိုက် လုပ်ငန်းရှင်များနှင့် ဈေးနှုန်းမတန်တဆကြီးမြင့်မှုများကြောင့် အခန်းဝယ်ယူသူနည်းပါးခြင်းများ စသည့်အကြောင်း အရာများစွာရှိနေသည့်အတွက် ယင်းကဲ့သို့ ကန်ထရိုက်လုပ် ငန်းများလျော့ကျလာခြင်းဖြစ်ကြောင်း MK Construction Group မှ MD ဦးမြင့်ကြူက မေ ၁ဝ ရက်တွင် ပြောသည်။
''ဒီလိုမျိုးအခြေအနေတွေဖြစ် မယ်ဆိုတာကို ၂ဝ၁၄ လောက်ကတည်းကမှန်းပြီးသားပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့သူတွေမဟုတ်ဘူး။ ပေါ်ပင်လုပ်ငန်းလိုဝင်တိုးပြီးလုပ်ကြတာ ပေါ့။ အဲဒီလိုလုပ်တဲ့နေရာမှာ ဈေး ကွက်အပြိုင်အဆိုင်နဲ့ အိမ်ရှင်တွေကို ပထမတစ်ရာဝန်းကျင်လောက်အ လိုက်ပေးတယ်။ နောက်နှစ်ရာ၊ သုံး ရာ၊ နောက် ငါးရာနောက်ဆုံး ငါးရာအထက် ပုံမှန်နည်းနည်းမြေကျဉ်းတဲ့ နေရာ ပေရှစ်ပေ ငါးပေလောက်ဆို ငါးရာခြောက်ရာလောက်ပေးတယ်။ ဒီထက်ကျယ်တာဆိုရင် ထောင်ဂဏန်း
လောက်တွေဖြစ်လာပြီဆိုတော့ ဈေးကွက်က မကြာခင်ပျက်တော့မယ်။တန်ရာတန်ကြေးအခန်းတွေရဲ့ တန် ဖိုးလည်းမဟုတ်တော့ဘူး။ ဒါက ပွဲ စားတွေနဲ့ ဝယ်ရောင်းတွေနဲ့လှုပ်ရှား မှုကြောင့်ဖြစ်လာတာ''ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ကန်ထရိုက်လုပ်ငန်းများ တွင် စည်ပင်သာယာ၏ တင်းကျပ် သောစည်းကမ်းများနှင့် ဆောက်လုပ် ခွင့်ပါမစ်ပေးရာတွင် အချိန်ကြန့်ကြာ မှုတို့ကြောင့်လည်း လက်ရှိအချိန်တွင် ကန်ထရိုက်လုပ်ငန်းများ လျော့နည်း သွားရခြင်း အကြောင်းတစ်ရပ်ဖြစ် ကြောင်း ဦးမြင့်ကြူကပြောသည်။

ယင်းအပြင် ကန်ထရိုက်လုပ်ငန်း နယ်ပယ်တွင်အချို့မှာ အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ အမြတ်အစွန်း လိုချင်သောကြောင့် ရင်းနှီးမြှုပ်နှံကြ ပြီး ပြန်လည်ကာ ဝယ်ရောင်းသဘောမျိုး လုပ်ကိုင်မှုများရှိသည့်အတွက် လည်း ပြိုင်တူလိုမျိုးနှေးသွားခြင်းမျိုး ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်းတွဲ ဖက်အတွင်းရေးမှူး(၁) ဦးအေး လင်း ကပြောသည်။ ကန်ထရိုက်လုပ်ငန်းများမှာ ယခင်နှစ်များတွင် လုပ်ကိုင်သူများ ပြားသလို လုပ်ငန်းတွင်ကျယ်ခဲ့သည့် အတွက် ယင်းနှင့်ဆက်စပ်သည့် လုပ် ငန်းများမှာအခြေအနေကောင်းမွန် ခဲ့သော်လည်း ယခုနှစ်တွင်မူအိမ်ဝယ်လိုအားလိုအပ်ချက်နှင့် ဆောက်လုပ်
ရေးလုပ်ငန်းများ အေးစက်နေသည့်အတွက် အဆိုပါလုပ်ငန်းများ ရောင်းအားကျဆင်းနေခြင်းဖြစ်ကြောင်း
မြင့်မိုရ်ကျော်-ကြွေပား၊ ကြွေထည်နှင့် ရေချိုးခန်းသုံးပစ္စည်း အမျိုး မျိုး ရောင်း ဝယ်ရေးလုပ်ငန်းမှသိရသည်။

''ကြီးကြီးမားမားဆောက်လုပ် ရေးလုပ်ငန်းတွေက အားနည်းသွား တဲ့အတွက် ဆက်စပ်နေတဲ့အစ်မတို့ လုပ်ငန်းတွေပါ ကျသွားတဲ့သဘော ပေါ့။ ဝယ်လိုအားအတိုင်းအတာကွာ တယ်လေ။ ပြီးခဲ့တဲ့တစ်နှစ်လောက် ကတည်းက အရောင်းအဝယ်ကနှေး လာတာ။ အမှန်ဆို ဒီအချိန်က ဆောက် လုပ်ရေးရာသီပဲ''ဟု ယင်းလုပ်ငန်းမှ မထိုက်ကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ မှာ နွေရာသီတွင် လုပ်ကိုင်ကြလေ့ရှိ ပြီး ဆောက် လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏ ရောင်းအားအတက်ဆုံးရာသီမှာ နွေရာသီဖြစ်သော်လည်း ယခုနှစ်တွင်တော့ ရောင်းအားသိသိ သာသာလျော့ကျသွားကြောင်းကို ဖန်တီးရှင် သံထည်ပစ္စည်းအမျိုးမျိုး နှင့် အိမ်ဆောက် ပစ္စည်း ရောင်းဝယ် ရေးမှ တာဝန်ရှိသူမသဉ္ဇာဝင်းကလည်းဆိုသည်။

''ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီ နှစ်ရောင်းအားထက်ဝက်လောက်ကျသွားတယ်။ ဆောက်လုပ်ရေးသမား တွေဘက်ကလည်း တိုက် ခန်းဈေး တွေ ကျတော့ ရပ်ထားတာများတယ်။ အမှန်ဆိုရင် တစ်လပိုင်းကနေ ခြောက် လပိုင်းလောက်က ရောင်းရတဲ့ရာသီပါ။ သံချောင်းဈေးတွေကလည်းတက်တယ်။ ဈေးပြန်အကျကို
စောင့်နေ တာလည်းပါတာပေါ့။ ပစ္စည်းဈေးတွေ တက်တော့ ရပ်ထားတဲ့သဘောလည်း ရှိတယ်''ဟုဆိုသည်။ ထို့အတူ ဆက်စပ်နေသည့် လုပ် ငန်းတစ်ခုဖြစ်သော အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများမှာလည်း အေးစက်နေကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌဦးသိန်းဦးကပြောသည်။

''တိုက်ခန်းတွေ အဝယ်နည်း တယ်။ ကန်ထရိုက်တိုက်တွေရော၊ ကွန် ဒိုတွေရောပေါ့။ အဝယ်နည်းတယ်။အဝယ်နည်းတဲ့အတွက် ဈေးကွက် အေးတယ်ပေါ့။ ဒီဟာက လုံးလည် ချာလည်လိုက်နေမှာပဲ။ ဘာပဲပြော ပြော စီးပွားရေးနိုးထမှုမရှိရင် အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်လည်သွက်လက်မှုမရှိရင် ဒီသံသရာကလည်နေမှာပဲ''ဟု ဦးသိန်းဦးက ဆက်လက်ပြောသည်။

လက်ရှိထိုဖြစ်ရပ်များအတွက် ကောင်းမွန်သောနည်းလမ်းများကို အဖြေ ရှာကာ အစိုးရတစ်ရပ်အနေ ဖြင့် ဆောင်ရွက်ပေးနိုင်သည့်အငှား အိမ်ရာစီမံကိန်းများကို ဖော်ဆောင် ပေးခြင်းနှင့်ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုး ရေးဘဏ်ကဲ့သို့ အတိုးနှုန်းသက်သာ သောငွေချေးဘဏ်များကို အကောင် အထည်ဖော်ပေးခြင်းတို့ကို လုပ် ဆောင်ပေးသင့်ကြောင်း ယင်းအသိုင်း အဝိုင်းကပင်ဆိုသည်။

''အခုဈေးတွေနဲ့ ဆောက် ရောင်းလုပ်နေတဲ့ ကန်ထရိုက်တာတွေအ နေနဲ့ကျတော့ လက်ရှိမြေဈေးနဲ့ကျ တော့ တစ်ခန်း ကိုနှစ်ရာ၊ သုံးရာ၊ လေးရာလောက်ကျတော့ ဘယ်အောက် ခြေလူတန်းစားကမှမဝယ်နိုင်ဘူး လေ။ အစိုးရက တကယ်လုပ်မယ်ဆိုရင် တန်ဖိုးမျှတတွေလုပ်ပေးနိုင်မယ်ဆိုရင် တစ်မျိုးအဆင်ပြေမယ်ပေါ့။နောက် တစ်ခု က ဆောက်ရောင်း ကန်ထရိုက်တာလေးတွေကို ဒီပရောဂျက် ချေးငွေကို ဘဏ်တွေကနေချည်းပေး ရင်တော့ရတာပေါ့။ အခု ဆောက်လုပ် ရေးနှင့်ဖွံ့ဖြိုးမှုဘဏ်ပဲ နည်းနည်း ချေး ပေးနိုင်တာလေ။ အဲဒါကလည်း ချေး ချင်တဲ့ ကန်ထရိုက်တာကများပြီး တော့ ချေးမယ့်ဘဏ်က တစ်ဘဏ် တည်းဆိုတော့ မလောက်ဘူးပေါ့''ဟု ဦးအေးလင်းကပြောသည်။

Credit: Democracy Today

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service