ဥပဒေသစ်အရ အခွန်ပေးဆောင်ရခြင်းကြောင့် တာချီလိတ်အိမ်ခြံမြေဈေးကွက် အေးနေ - Property News in Myanmar from iMyanmarHouse.com
1631 Views

ဥပဒေသစ်အရ အခွန်ပေးဆောင်ရခြင်းကြောင့် တာချီလိတ်အိမ်ခြံမြေဈေးကွက် အေးနေ

တာချီလတ်အိမ်ခြံမြေမြေဈေးကွက်အတွင်း ၂၀၁၆ခုနှစ် အကောက်ခွန်ဥပဒေအသစ်အရ အရင်ထက် အခွန်ပိုမိုပေးဆောင်ရတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်းအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရတယ် ။
‘အခွန်ဥပဒေအသစ်အရဆိုရင် မြေကွက်ရဲ့ ၁၅ရာခိုင်နှုန်းသွင်းရမှာ ၊အခွန်ငွေကို
ဝယ်သူကသွင်းရမှာဆိုတော့ မြေဈေးကလက်ရှိပေါက်ဈေးထက် ဈေးတွေပိုတက်လာတယ်ထင်ရတော့ ဝယ်တဲ့သူတွေက အဝယ်ရပ်သွားတယ် ၊ပေါက်ဈေးက ကျပ်သိန်း ၁၀၀၀ဆိုရင် ကျပ်သိန်း ၁၅၀ လောက်ကအခွန်ထပ်ပေးရမယ်ဆိုတော့ ဘယ်သူမှမဝယ်ချင်ကြတော့ဘူး၊ဒါကြောင့်ဈေးကွက်အေးသွားတာပါ ‘ လို့တာချီလိတ်အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ကော်မတီဝင်ဦးဝင်းကျော်က ပြောပါတယ် ။
အိမ်ခြံမြေဈေးကွက်အတွင်း အရင်ကအခွန်ငွေငါးရာခိုင်နှုန်းသာပေးသွင်းရပေမဲ့ ၂၀၁၆ခုနှစ် ပြည်ထောင်စုအကောက်အခွန်ဆိုင်ရာ ဥပဒေသစ်အရ ကုန်သွယ်လုပ်ငန်းခွန်ကို ၁၅ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးစက်နေရခြင်းဖြစ်ကြောင်းသိရပါတယ် ။
‘အရောင်းအဝယ်လုပ်ထားတဲ့အိမ်ကို နာမည်ပေါက်နဲ့လုပ်ဖို့ဆိုရင် အခွန်ဆောင်ရမယ် ၊အခွန်မဆောင်ဘူး ၊အမည်ပေါက်မပြောင်းဘူးဆိုရင် မြေယာအရှုပ်အရှင်းတွေပါ ဖြစ်လာနိုင်တယ် ၊မြေဈေးနဲ့အခွန်ဈေးပေါင်းရင် မြေကွက်တစ်ကွက် ပေါက်ဈေးက လေးပုံတစ်ပုံလောက် တက်သွားတယ် ၊ဒါကြောင့်ဈေးကွက်အေးနေတာပါ ‘လို့အိမ်ခြံမြေဝယ်ရောင်းလုပ်သူ ကိုဖိုးသာကပြောပါတယ် ။
ပြည်ထောင်စုအကောက်ခွန်ဆိုင်ရာဥပဒေသစ်အရ မြေငှါးရမ်းခြင်း ၊အဆောက်အအုံငှါးရမ်းခြင်း ၊အခန်းငှါးရမ်းခြင်းတို့မှ ရရှိတဲ့ စုစုပေါင်းငှါးရမ်းခ ရငွေအပေါ်၁၀ ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမှာဖြစ်ပြီး ပစ္စည်းတစ်ရပ်ရပ်အားဝယ်ယူခြင်း ၊တည်ဆောက်ခြင်း ၊ရယူခြင်း အတွက် အသုံးပြုတဲ့ဝင်ငွေမှ ကျပ်ငွေတစ်ကျပ်မှ ကျပ်သိန်း ၁၀၀၀ အတွင်း ၁၅ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ မှကျပ်သိန်း ၅၀၀၀အတွင်း ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ကြောင်းသိရပါတယ် ။
‘ဟိုနေ့ကဆိုရင် ဝယ်သူနဲ့ရောင်းသူဈေးနှုန်းညှိပြီးမှ အခွန် ၁၅ ရာခိုင်နှုန်းပေးသွင်းမှ နာမည်ပေါက်ရမယ်ဆိုလို့ ဝယ်တဲ့သူကမဝယ်ဘဲ ပွဲပျက်သွားတယ် ၊အိမ်ဝယ်တဲ့သူနေနဲ့လဲ ဟုတ်ပါတယ် ၊ဝယ်ပြီး တော့မှ ကိုယ့်နာမည်ပေါက်ချင်ကြတာပေါ့ ၊အမည်ပေါက်မပြောင်းထားရင် တစ်ချိန်ချိန် ပြသနာတက်လာနိုင်တယ်၊အမည်ပေါက်စာရွက်စာတမ်းလုပ်ဖို့ဆိုရင် အခွန်ငွေပေးသွင်းရမယ်ဆိုတော့ ဈေးနှုန်းကြည့်ပြီး အရောင်းအဝယ်မဖြစ်တာတွေများလာတယ် ‘ လို့အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ် ။

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းရှင်အသင်းနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့စီစဉ်လျက်ရှိကြောင်း သိရပါတယ်။တာချီလတ်အိမ်ခြံမြေဈေးကွက်အတွင်း မြို့တွင်းရပ်ကွက်တွေမှာ ဒေသသုံး ထိုင်းဘတ်သိန်း ၂၀မှ နေရာအလိုက် ထိုင်းဘတ်သိန်း၅၀ကျော်အထိ ဈေးနှုန်းတွေရှိကြောင်း ၊အခုအရောင်းအဝယ်ပြုလုပ်မှုတွေမှာ တိုးချဲ့ရပ်ကွက် ၊အရင်ကျေးရွာတွေ အတွင်း ဂရန် အမည်ပေါက်မဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ပိုင်ဆိုင်ကြောင်းထောက်ခံချက်ဖြင့်သာအရောင်းအဝယ်ပြုလုပ်တာတွေရှိပြီး စာရွက်စာတမ်းအပြည့်အစုံ မဟုတ်သဖြင့် မြေကွက်တွေမှာ မြေယာအရှုပ်အရှင်းတွေဖြစ်ပေါ်လာနိုင်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ကိုင်သူတွေထံကသိရပါတယ် ။

Credit :The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service