လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် သစ်တောမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1358 Views

လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် သစ်တောမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးမည်

လယ်ယာလုပ်ငန်းလုပ် ကိုင်နေသည့် သစ်တောမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့် လက် မှတ်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင် ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာအောင်သူက ပြည်သူ့လွှတ် တော်တွင် မေလ ၆ ရက်က ပြော ကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ပထမပုံမှန်အစည်းအဝေး ၂၃ ရက် မြောက်နေ့ဖြစ်သည့် မေ လ ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ပင်လည်ဘူးမြို့နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်က ပင်လည်ဘူးမြို့ နယ်ရှိ တောင်သူ ၂,၄၀၉ ဦးတို့၏ လယ်ယာမြေ ၇,၁၂၅ ဧကပေါ်တွင် ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့သော် လည်း သစ်တောပိုင်မြေဖြစ်နေ သဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်ပေးမည့်အစီအစဉ်ကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)ရရှိရေးကိစ္စ နှင့်ပတ်သက်၍ အဆိုပါမြေများ သည် သစ်တောဧရိယာအတွင်း ပါဝင်နေကြောင်း သိရသဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ သစ်တောမြေအဖြစ်မှ ဦးစွာပယ် ဖျက်ရန် လျှောက်ထားပြီးနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနက လယ်ယာမြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ပေး ပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောသည်။

အလားတူကိစ္စမျိုး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဖြစ်ပေါ်နေရာ တောင်သူလယ်သမားများသည် မိုးဦးကျလယ်ယာစိုက်ပျိုးချိန်တွင် ငွေကြေးမပြည့်စုံကြသည့်အတွက် လယ်ယာမြေများ ငှားရမ်းပေါင်နှံခြင်း၊ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းတို့ဖြင့်ငွေကြေးအခက်အခဲကို ဖြေရှင်းဆောင်ရွက်နေကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းနောင်က ပြည်သူ့လွှတ်တော်တွင်
ပြောကြားခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service