အိန္ဒိယတွင် မြို့ ပေါင်း ၂၅၀၈ မြို့ ၌ တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1271 Views

အိန္ဒိယတွင် မြို့ ပေါင်း ၂၅၀၈ မြို့ ၌ တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်မည်

အိန္ဒိယနိုင်ငံတွင် ကျေးလက်နေဆင်းရဲသော ပြည်သူများအတွက် ရည်ရွယ်ကာပရာဒန် မန်တြိယာဗားဆီးရိုဂျာနာ (၀န်ကြီးချုပ် အိမ်ရာစီမံကိန်း) အမည်ရှိတန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပေးမည့် စီမံကိန်းအတွက် ပြည်နယ် ၂၆ ခုရှိ မြို့ ပေါင်း ၂၅၀၈ မြို့ ကိုရွေးချယ်ထားကြောင်းအိန္ဒိယအစိုးရကထုတ်ပြန်သည်ဟုမွန်ဘိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်၏ မေလ ၄ ရက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါအိမ်ရာများဆောက်လုပ်ရာတွင် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းဒဏ်များခံနိုင်ရည်ရှိစေရန် သတ်မှတ်ထားသည့် စံညွှန်းများအတိုင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးအမ် ဗန်ကီးနိုင်ဒူကပြောကြားသည်။

အိန္ဒိယသည် နိုင်ငံအကျယ်အ၀န်းကျယ် ပြောလှပြီးအမျိုးမျိုးသော ရာသီဥတုအခြေအနေများ လည်းရှိရာယင်းတို့နှင့် လိုက်လျောညီထွေရှိမည့် အဆောက်အအုံဒီဇိုင်း၊ နည်းပညာတို့ဖြင့် ဆောက်လုပ်သွားမည့်အပြင် သဘာဝဘေးအန္တရာယ်ကျရောက် လာပါကဆောလျင်စွာ အကူအညီပေးနိုင်ရေးအတွက် စီစဉ်ထားရှိမည် ဖြစ်သည်။

အိန္ဒိယနိုင်တစ်ဝန်းတွင် နေအိမ်ပေါင်းသန်း ၂၀ ခန့်ဆောက်လုပ်မည့် စီမံကိန်းရေးဆွဲထားပြီးဖြစ်ရာယခုတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာယခင်စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

နေအိမ်ပေါင်းသန်း ၂၀ ကို အိန္ဒိယနိုင်ငံတစ်ဝန်းဆောက် လုပ်မည့် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟုမျှော်လင့်ထားသည်။
တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီးစီးပါကကျေးလက်ရှိဆင်းရဲသူများ၊ စီးပွားရေးအင်အားနည်းသူများ EWS နှင့် ၀င်ငွေနည်းပါးသူများ LIGနေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
ပြည်နယ်အစိုးရတို့၏ အခြေခံအကျဆုံးတာဝန်မှာ အိုးမဲ့အိမ်မဲ့တို့ကိုအမိုးအကာအောက် ရောက်ရှိစေရေးပင်ဖြစ်ကြောင်း မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီးကပြောကြားသည်။

အိန္ဒိယအိုးအိမ်နှင့် မြို့ ပြဆင်းရဲမွဲတေ မှုလျှော့ချရေး ၀န်ကြီးဌာနက “ မြို့ ပြအိုးအိမ်မဲ့တို့အတွက် အမိုးအကာ” စီမံကိန်းကိုအကောင်အထည်ဖော်လျက်ရှိပြီး မြို့ ပြများတွင်နေထိုင်သည့် အိုးအိမ်မဲ့တို့ကိုအမြဲတမ်းနေထိုင်နိုင်မည့်အမိုးအကာအဆောက်အအုံများကိုအခြေခံအိမ်ထောင်ပရိဘောဂများဖြင့် ထည့်သွင်းပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အိန္ဒိယအစိုးရကထုတ်ပြန်ထားသော တရားဝင်အချက်အလက်များအရ လူပေါင်း ၃၈၇၇၀ နေထိုင်နိုင်မည့် အဆောက်အအုံ ၇၇၀ လုံးဆောက်လုပ်ပြီးဖြစ်သည်ဟုဆိုသည်။
လက်ရှိအားဖြင့် အဆောက်အအုံ ၂၇၀ လုံးတွင် လူပေါင်း ၁၁၉၀၀ ဦးနေထိုင်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service