စက်မှုဇုန်များအတွင်းရှိ ကျုးကျော်နေထိုင်သူများအတွက် မြေနေရာရှာဖွေကာ ဖြေရှင်းပေးမည် - Property News in Myanmar from iMyanmarHouse.com
1656 Views

စက်မှုဇုန်များအတွင်းရှိ ကျုးကျော်နေထိုင်သူများအတွက် မြေနေရာရှာဖွေကာ ဖြေရှင်းပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို ပြန်လည်စိစစ်ကာ အမှန်တကယ် နေရာထိုင်ခင်းအခက်အခဲရှိသည့် ကျူးကျော်များအတွက် မြေနေရာရှာဖွေပေးသွား
မည်ဖြစ်ကြောင်း ဧပြီ ၂၅ ရက်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

"သူတို့ကို တိုက်ခန်းဆောက်ပြီး ရောင်းပေး၊ ငှားပေးမယ် ဆိုရင်လည်း အဆင်ပြေနိုင်မှာမဟုတ်ဘူး။ အလုပ်အကိုင်ကလည်း ရန်ကုန်မှာပဲ ရှိတယ်။ ဒီတော့ ရန်ကုန်တက်လာပြီး ဘ၀ရှင်သန်ရေးအတွက် ကြိုးစားကြတယ်။ ရှိပြီးသား ကျူးတဲတွေကို လူလေးငါးယောက်စုပြီး တဲတစ်တဲကို ၁ သိန်း၊ ၅ သောင်းနဲ့ ၀ယ်နေတယ်။ သူတို့တွေကို လုပ်စားသွားတဲ့လူတွေလည်း အများကြီးရှိတယ်။ စက်ရုံအလုပ်သမားတွေက နိုင်ငံအတွက် အသုံးတည့်တဲ့သူတွေ ဖြစ်တယ်။ သူတို့ကို အဝေးကြီးသွားထားလို့မရဘူး။ကျွန်တော်တို့တိုင်းပြည်မှာ
ရွှေ့ပြောင်းအလုပ်သမားတွေ
အရမ်းများတယ်" ဟု ကျူးကျော် နေထိုင်သူများအရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ဥက္ကဋ္ဌများ၊
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် စက်မှုဇုန်များရှိ ကျူးကျော်ပြဿနာအပေါ် ဖြေရှင်းပေးနိုင်ရန် လုပ်ငန်းရှင်များက တင်ပြခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အစိုးရက ဘူဒိုဇာအစိုးရ မဟုတ်ပါဘူး။ ကျူးကျော်ကိစ္စလို အခြေအနေမျိုးတွေကို အချိန်တစ်ခုယူပြီး ဖြေရှင်းရမှာပါ။ ဆင်းရဲပြီး နေစရာထိုင်စရာ မရှိတဲ့သူတွေက လုပ်စားတဲ့သူတွေရဲ့ အသုံးချခံလို ဖြစ်နေပါတယ်။ ကျွန်တော်တို့အစိုးရ မှန်မှန်ကန်ကန်
ဖြေရှင်းပါ့မယ်။ အုပ်ချုပ်သူတွေကော၊ အုပ်ချုပ်ခံရသူတွေ အားလုံး ဥပဒေလက်အောက်မှာ နေရမှာဖြစ်ပါတယ်။ စက်မှုဇုန်တွေမှာ ဥပဒေစိုးမိုးမှု ပျက်ပြားပြီး လူမိုက်ဂိုဏ်းတွေလို ဖွဲ့ပြီး၊ထင်ရာကျဲနေတဲ့ လူတွေ၊ အစိုးရသစ်လက်ထက်မှာ မဖြစ်နိုင်တော့ဘူးလို့ပဲ ပွင့်ပွင့်လင်းလင်းပြောပါရစေ " ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးပွဲတွင် စက်မှုဇုန်ဥက္ကဋ္ဌများက စက်မှုဇုန်များအတွင်းရှိ ကျူးကျော်ပြဿနာများ အပါအ၀င်ဥပဒေစိုးမိုးမှု အားနည်းခဲ့သည့် ဖြစ်စဉ်များ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဧက ၁,၄၀၀ ကျော် အကျယ်အ၀န်းရှိ လှိုင်သာယာစက်မှုဇုန် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၆)၊ (၇) တို့တွင် ကျူးကျော်တဲပေါင်း ၈,၀၀၀ ကျော် ရှိနေပြီး၊ ကျူးကျော်တဲများမှာ အဆင်ပြေသလို ဆောက်လုပ်ထားခြင်း၊ စည်းကမ်းမဲ့ မစင်စွန့်ပစ်ခြင်း၊ မီးဘေးအန္တရာယ်နှင့် ဥပဒေစိုးမိုးမှု အားနည်းချက်များကြောင့် လုယက်မှု နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအုံးဆိုင်က တင်ပြခဲ့သည်။

"ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက အရင်အစိုးရကို ကျုးကိစ္စကိုတင်ပြခဲ့ပေမယ့် အလုပ်မဖြစ်ပါဘူး"ဟု ၎င်းက ပြောသည်။ ကျူးကျော်ပြဿသာနာများကို ဖြေရှင်းရာတွင် ဘူဒိုဇာများသုံးကာ ဖယ်ရှားစေခြင်း၊ အင်အားသုံးဖယ်ရှားခြင်းသည် အဖြေမှန် မဟုတ်သည့်အတွက်ဆင်းရဲပြီး နေရာထိုင်ခင်းအခက်အခဲရှိသည့် ပြည်သူများအတွက် မြေနေရာဖန်တီးပေးခြင်း အိမ်ရာများကို တည်ဆောက်ခြင်း၊
ကျူးကျော်ပြဿနာများဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်သည့် ကျေးလက်များတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့် ပြဿသာနာများကို တာဝန်ယူဖြေရှင်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြန်လည်ရှင်းလင်းခဲ့သည်။

စက်မှုဇုန်အတွင်းရှိ နိုင်ငံပိုင် မြေကွက်လွတ်များပေါ်တွင် ကျူးကျော်တဲများ များပြားလာခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်လောက်သည့် ခြိမ်းခြောက်လုယက်မှုများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားခဲ့သည့်အတွက် ယခင်အစိုးရအဆက်ဆက် တာဝန်ရှိသူများထံ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများက တင်ပြခဲ့သော်လည်း အရေးယူခဲ့ခြင်း မရှိသည့်အတွက်အစိုးရသစ်လက်ထက်တွင် ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း ရွှေပြည်သာစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။

"ကျွန်တော့်စက်မှုဇုန်ထဲမှာဆို ဓာတ်အားခွဲရုံ ဆောက်မယ့် မြေမှာ ညတွင်းချင်း ကျူးတဲ အလုံး ၂၀ လောက် ပေါ်လာတယ်။ သွားဖယ်ဖို့ ပြောရင်လည်း အန္တရာယ်ရှိတယ်၊ ၀န်ကြီးချုပ်တို့အနေနဲ့ စရဖ၊ ရဲ၊ ထွေအုပ် တို့နဲ့ ပူးပေါင်းပြီး ကျုးကျော်တဲတွေ အုံနဲ့ ကျင်းနဲ့ ဖြစ်အောင် လုပ်တဲ့သူတွေကိုစုံစမ်းမယ် ဆိုရင်တော့ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဘာသာတော့ သွားမလုပ်ရဲဘူး။ အရင် အစိုးရလက်ထက်မှာ တင်ပြခဲ့တဲ့ စာတွေကလည်း ပိဿာချိန်နဲ့တောင် ရောင်းစားလို့ ရနိုင်ပေမယ့် အကြောင်းမထူးပါဘူး "ဟု ၎င်းက ပြောသည်။

စက်မှုဇုန်များအတွင်းရှိ ကျူးကျော် ပြဿသာနာများအပြင်၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများ၏ တိကျသည့် ဖွဲ့စည်းပုံများ ပြဋ္ဌာန်းနိုင်ရေး၊ ရေဆိုးထုတ်စနစ်များ ပြုပြင်ရေး၊ လမ်းတံတားများ ပျက်စီးနေမှုအခြေအနေနှင့် ဘုရင့်နောင်တံတား ဖြတ်သန်းခ ကောက်ခံမှုနှုန်းထားများ မြင့်တက်နေသည့် ပြဿနာများကို စက်မှုဇုန်ဥက္ကဋ္ဌများက တင်ပြခဲ့ကြသည်။ "စီးပွားရေးသမားတွေ အလှူလာပေးတာ မဟုတ်ပါဘူး။ မြတ်လို့ လာလုပ်နေကြတာပါ။ သိန်းပေါင်းဘယ်လောက် ရင်းထားပေမယ့်ရလာတဲ့ အမြတ်အစွန်းကနေ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရမှာပဲ။ အကျိုးစီးပွားနဲ့ ရမယ့် အကျိုးအမြတ်ကို ချင့်ချိန်ပြီး အလုပ်သမားကို ထိန်းထားလို့ရသလို ဖြေရှင်းလို့ ရတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service